ကမ္ဘာကြီးသည် ကျွန်ုပ်အလိုမတူပဲလုံးဝန်းခဲ့သည်
အရှေ့အနောက်တောင်မြောက်ဆိုသော
အကွာအဝေးများသည်၎င်း
အပေါင်းအနှုတ်ဆိုသော လားရားများသည်၎င်း
ကျွန်ုပ်အလိုမတူပဲတည်ဆောက်ခဲ့သည်...
နတ်ပြည်ဟုခေါ်သော ကောင်းကင်ဘုံသို့ကျွန်ုပ်မရောက်ဘူးပါ....
သို့သော်လောကနိဗ္ဗာန်ဟုခေါ်သောနေရာတွင် အသက်ရှင်ခဲ့ရသည်
စီးချင်သောဖိနပ်ကို ဖိနပ်စဉ်ပေါ်မှယူစီးခွင့်ရှိသည်
စီးချင်သောကားကို ထိုင်မထဖုန်းဆက်ရုံဖြင့်ပိုင်ဆိုင်ခွင့်ရှိခဲ့သည်
စီးဆင်းနေသော ရေစီးကြောင်းအတိုင်းမျောပါလာခဲ့တာ
အချိန်က ၁၀ ဆိုသော နှစ်အကန့်အသတ်ကို လက်ညှိုးထို့ခဲ့တာဘာလို့လဲ...
တကယ် တမ်းတော့ ကျွန်ုပ်အိပ်မက်မမက်ခဲ့ပါ...