ပူပါသည် ရာသည်ဥတုမဟုတ်ပါ....
ခန္ဒာကိုယ်ကြီးကပူနေသည်သာ...
ကမ္ဘာကြီးရဲ့စတင်မှုကိုက
နေ၏အပိုင်းအစတစ်ခုဖြစ်နေခဲ့တာကိုး...
ယနေ့တိုင်ကျွန်ုပ်ရှာဖွေနေခဲ့သော Big Bang
၏တရားခံကိုရှာဖွေမတွေ့သေးပါ..
ကျွန်တော်၏ မပိုင်ဆိုင်ချင်း များ၏ အနက်မှ
များစွာသောနာကျင်မှုများဖြင့်........အသက်ဆက်ရှုရန်
မနေ့ကများစွာဖြန်များစွာကိုဖြတ်သန်းခဲ့ရတာ ပင်ပန်းသည်ဟု
မထင်မိသည့်ကို သင့်တွင့် ကျွန်ုပ်အတွက်အပြစ်တင်ပိုင်ခွင့်မရှိပါ...
ထို့အတူ.....
မိုင်ဟုသောခရီးအတိုင်းအထွာများ၏တိုက်စားမှုများ...
အချိန်ဟူသော လက်တံများ၏တိုက်စားမှု.....
တိုက်စားမှုများ ချစားခဲ့တော့ ကျွန်တော့်၏ မနက်ဖြန်များ.....
လူသည်အချားသတ္တ၀ါများထက်သာ လွန်သည်ဆိုသည်မှာ
မိမိကိုယ်တိုင်မိမိကိုပေးထားသောဘွဲ့တစ်ခုနှင့်တူနေသည်.....

လူသည်အချားသတ္တ၀ါများနှင့်မည်ကဲ့သို့သာလွန်သနည်း....
ခပ်ဟောင်းဟောင်းမြန်ပြည်ချစ်(မြန်ပြည်ဖားဟုပြောလျှင်ပိုမှန်မည်)
စာရေးဆရာတစ်ယောက် ၏ စာအရေးအသားပေါ်တွင်မူတည်၍....
ဆက်လက်ရေးသားပါမည်...
သူ့ပြောပုံအရ

လူတို့သည် ကျိုးကြောင်း ဆင်ခြင်ညဏ် ပညာကြီးခြင်း ဟူသော
အစွမ်းသတ္တိရှိသည်ဟုပြောသည်
ပထမဆုံးအနေနှင့် မေးချင်သည်မှာ
လူတို့သည်ညဏ်ပညာကြီးသည် ဟုအခြား မည်သည့်သတ္တ၀ါတစ်မျိုးက
ထောက်ခံထားသနည်း.....။
ဆက်လက်၍ ခွေးတို့သည် လဲ
ဝုတ်..၀ုတ်..၀ုတ် ဟူသောဘာသာစကားဖြစ်
လူတို့သည် ခပ်ပေါပေါ အပူရှာတက်သည့်သတ္တ၀ါများဟုပြောနေနိုင်သည်ဟု
သူတွေးမိသင့်ပါသည်...။
ဆိုလိုသည်မှာ....
မိမိ သမီးနှင့်တိတ်တိတ်ပုန်းညားနေသော မတော်ရသေးသည့်
သားမက်အား မိမိခိုးထားသောငွေများကိုမျှဝေ၍ အလှူလုပ်စေပြီး...
သူကိုယ်တိုင်လုပ်သည့် သူ့ပါးစပ်ထဲမှစကားကိုအမိန့်လုပ်စေပြီး
ဘွဲ့ပေးသည့်ပါးဖောင်းဖောင်း ဗိုက်ပူပူ ယူနီဖောင်းကြီး နှင့်
ခပ်ပေါပေါစိတ်ထားနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်....

ကိုယ်ကြင့်တရားရှိခြင်း သည်လဲသတ္တ၀ါများအထက်သာလွန်သည်ဟု
ဆိုသေးသည်....
ကိုယ်ကြင့်တရားဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။
ကြောင်များတွင် မင်းဟူ၍မရှိ  အတန်းစားမရှိ
(လူတို့၏ ခပ်ပေါ့ပေါ့ တီထွင်မှုဖြင့်
မွေးမြူရေး ကိစ္စကိုမဆိုလို)
သူတို့သည် ကျား၊ခြင်္သေ့ကဲ့သို့သားရဲအမျိုးအနွယ်တွင်ပါဝင်နေသော်လည်း
ယနေ့အထိ သူတို့အရှိန်အဟုန်ဖြင့်ဟိန်းဟောက်ချင်းမရှိဘူးပါ
ကြောင်များသည် လူ့ထက်ကိုယ်ကြင့်တရားကောင်းနေသည့်ပုံစံဖြစ်နေပါသည်..
သူတို့လူနေမှု အဆင့်အတန်းတွင်
ဥပဒေမရှိ သို့သော် ကြောင်သတ်မှုလဲမဖြစ်ဘူးပါ
ခိုးမှုလဲမဖြစ်ဘူးပါ....
ဘာသာတရားမရှိ၊ကြောင်အဖွဲ့အစည်းဟူ၍မရှိပါ...
ကြောင်အရင်းရှင်၊ကြောင်အာဏာရှင်ဆိုသည်လည်းမရှိပါ
အေးချမ်းနေသည့်အဖွဲ့အစည်းတစ်မျှသာ

အလှအပကိုလဲခံစားတက်သေးသည်ဟုပြောထားပြန်သည်...
သူဆိုလိုသော အလှပဆိုသည်မှာ မည်သည်ကိုဆိုလိုပြန်သနည်း....
နွားထီးသည် နွားမကိုသူ့မျက်စိထဲတွင်လှပေနေနိုင်သည်
ထို့အပြင်ဝမ်းဘဲဟူသောဘာသာစကားဖြင့်
ချစ်သည်ဟူသော ရမ္မက်ဆန်ဆန်ဘာသာစကားကို အသုံးပြုကောင်းပြုနိုင်ပါသည်..
သို့သော် သူတို့တွင် လူနေမှုအဆင့်အတန်းတွင် မယားပြိုင်စနစ်မရှိပါ..
လင်မယားစနစ်မရှိပါ...
သာမန်အေးဆေးနေသော အဖွဲ့အစည်းမျှသာ....

မည်သည့်အဖွဲ့အစည်းမျှသည် လဲလူတို့အဖွဲ့အစည်းလောက်ပူပြင်းမနေပါ...
လူတို့ညဏ်ဖြင့်မမြင်နိုင်သော  အဖွဲ့အစည်းတစ်ခုရှိနေခဲ့လျှင်လဲ
လူတို့ ၏လုပ်ရပ်များ သည်လဲခပ်ညံ့ညံ့ ချစ်စရာကောင်းသော
သတ္တ၀ါလေးလေးတွေ ဖြစ်နေနိုင်သည် ဟု အဘယ့်ကြောင်းမတွေးမိသနည်း....
ထို့အတူ ကျွန်ုပ်သည် လူတစ်ယောက်ဖြစ်နေခဲ့သည်သာ
လူ့အဖွဲ့အစည်း၏ ကိစ္စတော်တော်များများ အားပြင်ဆင်ချင် နေပါသည်..
ထို့ကြောင့် ကျွန်ုပ်က အဖွဲ့အစည်းတစ်ခု တည်ထောင်ရနှ်ဆန္ဒရှိနေပါသည်
ထို့အဖွဲ့အစည်းတည်ထောင်လိုသဖြင့် လူအားငွေးအားဖြင့်ကူညီချင်ပါလျှင်
ကျွန်ုပ်ထံသို့ ဆက်သွယ် ၍ လှူဒါန်းနိုင်ပါသည်...
အလှူငွေအားလုံးကို ဖြောင်ပြစ်ရန်...အသင့်စောင့်ကြိုနေမည်ဖြစ်ပါသည်...။

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.