ယခုလသည်AD2010 ၏ပထမဆုံးလဖြစ်သည်။
သူသည် AD 2009၏ ပထမဆုံးလလည်းဖြစ်ခဲ့သည်။
AD2011၏ ပထမဆုံးလလည်းဆက်ဖြစ်နေဦးမည်။
ထိုကိစ္စသည် မည်သို့မျှဖြေရှင်းစရာမလိုသော ကိစ္စဖြစ်ပေသည်..
ထိုအခြင်းအရာသည် ကျွန်ုပ်တို့ပြင်ဆင်စရာမလိုသောကိစ္စဖြစ်ပေသည်...
လူသားမျိုးနွယ်စု အားလုံသည် သဘောတူကြသည်..
မတူလျှင်တောင်စိတ်မ၀င်စားကြပါ....
ထိုအခြင်းအရာသည်လူ့အဖွဲ့အစည်းတစ်ခုလုံးက သဘောတူနေ၍ဖြစ်သည်
(ထိုသဘောတူနေခြင်းမှာ ခြောက်လုံးပြူးသေနပ်ဖြင့်ထောက်ကာ
အတင်းတူခိုင်းနေသောသဘောမျိုးမဟုတ်ပါ လူ့အဖွဲ့အစည်းတစ်ခုလုံက
စိတ်မ၀င်စားကြ၍အမှန်ခြစ်လိုက်သော ကိစ္စသာဖြစ်ပါသည်)

ကျွန်ုပ်တို့သည် ခရီးသွားနေသောသူများသာဖြစ်သည်
ထို့နောက်ကျွန်ုပ်တို့သည်မျက်မမြင်များဖြစ်ကြသည်...
ကျွန်ုပ်တို့၏နားများသည်လဲမကြားရပါ...
သံသရာဟုသော ပင်လည်ကြီးထဲမှ မည်သည့်အရာကိုမျှ
မမြင်ရမကြားရပါ...
ဝါးလုံးခေါင်းတွင်းလသာသည်ဟူသော စကားနှင့်ခပ်ဆင်ဆင်သာ
ကျွန်ုပ်တို့မြင်ရ ကြားရ တွေးခေါ်နေသည်မှာ ကျွန်ုပ်တို့၏
ဝါးလုံးခေါင်းအတွင်းမှာသာဖြစ်သည်...
အနာဂတ်သည်အမှောင်အတိပြီးနေသည်ဟုဆိုနိုင်သည်....
မည်သို့သောအာမခံချက်မှမပေးနိုင်ပါ...
ထိုသည်လဲ ဘုရားသခင်၏ လက်ဆောင်တစ်ခုဖြစ်နိုင်ပါသည်
အဘယ့်ကြောင့်ဆိုသော်
အကယ်၍သာ ကျွန်ုပ်တို့သည် မနက်ဖြန်ဘာဖြစ်မလဲဟုသိခဲ့မည်ဆိုလျှင်
ယနေ့ကတည်းက ပူလောင်နေခဲ့မည်မှာ အမှန်ပင်ဖြစ်သည်
ဆိုလိုသည်မှာ
ကားတိုက်သေမည့်လူတစ်ယောက် သည်
ညကတည်းက ထိုအခြင်းအရာကို ကြိုသိနေခဲ့လျှင်
သူသည် အပြင်ထွက်တော့မည်မဟုတ်ပါ...
သို့သော် သူသေရမည်ဆိုသော အသိကြောင့်
သူ့အလိုလိုပင်သေသွားနိုင်ပါသည်....
ဥပမာ- လူတစ်ယောက်သည်
တိုက်တစ်လုံး၏ အထပ်၂၀ မှ ပြုတ်ကြခဲ့ပါလျှင်
ထိုလူသည် ၁၀ထပ်အရောက်တွင် မည်သို့သော ထိခိုက်မှုမှမရှိသေးပဲ
အသက်ထွက်သွားနိုင်သည်
သူ၏ စိတ်သည် သူ့အားသေစေနိုင်သောစွမ်းအားရှိသည်
ထိုစိတ်သည် လူတစ်စုအားသေစေနိုင်လောက်အောင်စွမ်းအားရှိသည်
ထိုစိတ်သည် အရာရာကိုပုံဖော်ခဲ့သည်သာ.....။

အကယ်၍ ကမ္ဘာပေါ်တွင်
လူအကုန်လုံး မူးယစ်ဆေးဝါးသုံးဆွဲကြမည်ဆိုပါဆို့
နှစ်အနည်းငယ်ကြာသည့်အခါ ကမ္ဘာကြီးသည်
အရောင်ကင်းမဲ့သွားနိုင်ပါသည်....။
ထိုအခါ အရောင်ကိုဖော်ဆောင်သူတို့သည်
ယခုမူးယစ်ဆေးဝါးရောင်းဝယ်ကြသောပြစ်မှုများ ကို
ပြင်းပြင်းထန်ထန်အပြစ်ပေးသကဲ့သို့
Colorရောင်းဝယ်ဖေါက်ကားမှုဖြင့်
ထောင်ဒဏ်နှစ်ပေါင်းများစွာကြခံရနိုင်ပါသည်။
ကျွန်ုပ်ဆိုလိုသည်က
လူ့၏စိတ်သည်
အပေါများဆုံးအရာကို လက်မခံချင်တက်သော
သဘောသဘာဝရှိနေသည်...
ရှားပါးသော စိတ်ခံစားမှုပေါ်မှာတွင်သာယာနေတက်သည်
ထိုမျှသာ....
ထိုလူတို့၏ စိတ်ကလျှင်
အရာအားလုံးကို ဖော်ဆောင်ခဲ့သည်....
ထိုလူတို့၏ စိတ်ကပင်ကမ္ဘာကြီးကိုလုံးဝန်းစေခဲ့သည်
ထိုလူတို့၏ စိတ်ကပင် Black Hole ကိုပေါ်ပေါက်စေခဲ့သည်
ထိုလူတို့၏ စိတ်ကပင် ယနေ့တိုင်ကမ္ဘာကြီးကို တည်ရှိနေခဲ့ချင်းဖြစ်သည်
ထိုလူတို့၏ စိတ်သည် ယနေ့ကမ္ဘာကြီးအားပြက်သုဉ်းသွားစေနိုင်သော
အင်အားများ ရှိနေ ခဲ့သည့် ကျွန်တော်တို့ ၏ စိတ်သေသွားခဲ့လျှင်
ကမ္ဘာကြီးလဲရပ်တန့်သွားခဲ့သည်....။
ဝါးလုံးခေါင်းထဲမှ ကျွန်ုပ်တို့သည်.......
အမှောင်အတိပြီးနေကြသည်သာ.............................။

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.