ယနေ့လူပြောများနေသည့်
အကြောင်းအရာများမှတစ်ခု....
ထိုအရာသည် လူပေါင်းများစွာ၏
အသက်သွေးများ ကိုဇီဝိန် ခြွေသွားခဲ့သည်...
ဆုံးရှုံးခဲ့သည်   အသက်တွေ....သွေးတွေ.....
ဤမိုးဤမြေ ၏ ရက်စက်မှုဟုခပ်လွယ်လွယ်ပြောကြသည်...
ထိုအရာတို့၏နောက်ကွယ်ကား.....
လူတို့၏ထုံးစံအတိုင်း အသုံးချခဲ့ကြသည်....
နိုင်ငံရေးမကြေနပ်သူများသည်
အုပ်ချုပ်သူမကောင်း၍
ဘာသာရေးသမားများက
ထိုလူ၏ သာသနာနှင့်ထိုနိုင်ငံ....
ထိုအရာများကိုအပြည့်အဝ
ပါးစပ်နှင့်တစ်လုံးပြောဆိုခဲ့ကြသည်...

ယခင်ဆူနာမီ ငလျှင်ကြောင့်
လူပေါင်းများစွာ အသက်သွေးများ
ကုန်ခမ်းခဲ့ကြသည်....။
ထိုအခါ အင်ဒိုနီးရှားနိုင်ငံသည်
မည်သည့်ဘာသာ ကိုစော်ကား၍
မည်သည့်စရိုက်ပြက်ကျ၍...
သဘာဝ၏ တရားစီရင်မှု
ထိုလူတို့သည် ထိုအရာကိုအပြည့်ဝအသုံးချသည်....
နောက်မှသာ နည်းငယ်မျှသော
ဒုက္ခသည် များအတွက်ကူညီတက်ကြသည်
အမှန်မှာ ထိုကဲ့သို့မဖြစ်သင့်...
ထိုလူတို့၏ဆုံးရှုံးမှုများ သည်
ထိုလူတို့အသက်ဆက်ရှင်ရန်.....
ကလေးငယ်တစ်ယောက် သည်
အစာရေစာ ငတ်၍ ငိုနေသည်
သင့်သားသမီး အစာငတ်နေလျှင်သင်ကြည့်နေနိုင်မည်လား
ထိုကလေး၏မိဘ သည် မျက်ရည်များမှအပ မည်သည့်အရာမှ
မထုတ်လုပ်နိုင်သော အခြေအနေကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
သဘာဝ ကသယ်ဆောင်သွားကြသည်...။

ထိုအရာသည် မည်သူမှ မဖန်တီးခဲ့ပါ....
မည်သူမှလဲ ဖြက်စီးရန်မတက်နိုင်ခဲ့ပါ....
အချိန်မရွေး တံခါးဖွင့်ဝင်လာတက်သော အရာပင်တည်း.....
ခရစ်နှစ် ၂၀၀၈ တွင် နာဂစ် မုန်တိုင်းနှင့်မြန်မာပြည်ဧရာဝတီတိုင်း
တွင် လူတွေထောင်သောင်းမကအသက် ကိုနှုတ်ယူသွားခဲ့သည်.....
ထိုအချိန်တွင် ကျွန်ုပ်သည် ရန်ကုန်မြို့တွင်ရှိနေချိန်ဖြစ်ပါသည်...
ကျွန်ုပ်အိမ်သည် သွပ်အချပ်အနည်းငယ်လန်ထွက်ခဲ့ချင်း
မီးရက်ရှည်မရခဲ့ခင်းမှအပ
မည်မျှများပြားလှ သောပြက်စီးမှုမျိုးမှ ရင်ဆိုင်ရခြင်းမရှိခဲ့ပါ...
သို့သော်
လမ်းထိပ်ထွက်၍ ဓျေးဝယ်သောအခါ
ယခင်ကုန်ဓျေးနှုန်းသည် ထက်ဝက်မကတက်သွားခဲ့သည်...
ထိုအချင်းအရာသည် သာမန်တွေးခေါ်သော
ခပ်ညံ့ညံ့ လူများ၏ တစ်ကိုယ်ကောင်းစိတ်ကို အသုံးချသွားခဲ့သည်သာ...
သူတို့သည် မြန်မာ့စပါးကြီးတွင် အလောင်းများဖွေးဖွေးလှုပ်သွားသည်ကို
ဂရုမဆိုက်အားခဲ့ပါ.....
ထိုလူ၏စိတ်အတွင်း ခြင်္သေ့ပုံစိမ်းစိမ်းများက ကြီးစိုးသွားခဲ့သည်..
ယူနီဖောင်းများ ၏မျက်လုံးထဲတွင်လဲ ဒေါ်လာအထပ်လိုက် ၀င်သွားခဲ့သည်
ဆုံးရှုံးမှုများကို ခုတုန်းလုပ်ခဲ့ကြသည်သာ....

ထိုသို့စိတ်ပျက်စရာကောင်းသော ခရစ်နှစ် ၂၀၀၈ မှ ၂၀၀၉ မှ
ယခု AD 2010 မှကြိုဆိုပါ၏ ဟူသောဆိုင်းဘုတ်အ၀နားတွင် ရပ်ကာ
အနောက်သို့ ကျားမျက်စောင်းလေးဖြင့်ပြန်ကြည့်မိချိန်တွင်မှာ
Haiti နိုင်ငံသို့ ကမ္ဘာမြေက ရက်စက်စွာ လှုပ်ခါပြစ်ခဲ့သည်..
ထိုအချိန် လူတစ်သိုက်က...
ဘာသာရေး...
ငွေကြေး.....
ထိုအရာများကို ခုတုန်းလုပ်ရန်ပြင်ဆင်နေကြသည်....
ထိုအချိန်တွင် ကျွန်ုပ်သည် နောက်သို့လှည့်ပြန်ချင်သော်လည်း
လူများသည် ပြန်လည်ထူထောင်ရေးအတွက် စာတစ်ကြောင်းဖြင့်ဖြစ်စေ..
ကူညီနိုင်သမျှ ကူညီရန်ဆုံးဖြတ်ပြီး မုခ်ဦးအ၀တွင်ငေးမနေပဲ
အထဲ သို့ပြေးဝင်လာခဲ့ပါသည်.....
You Can Donate Here for Haiti Equake

1 Comments:

so, so good.I really like that.

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.