ကမ္ဘာကြီးသည် ကျွန်ုပ်အလိုမတူပဲလုံးဝန်းခဲ့သည်

အရှေ့အနောက်တောင်မြောက်ဆိုသော

အကွာအဝေးများသည်၎င်း

အပေါင်းအနှုတ်ဆိုသော လားရားများသည်၎င်း

ကျွန်ုပ်အလိုမတူပဲတည်ဆောက်ခဲ့သည်...

နတ်ပြည်ဟုခေါ်သော ကောင်းကင်ဘုံသို့ကျွန်ုပ်မရောက်ဘူးပါ....

သို့သော်လောကနိဗ္ဗာန်ဟုခေါ်သောနေရာတွင် အသက်ရှင်ခဲ့ရသည်

စီးချင်သောဖိနပ်ကို ဖိနပ်စဉ်ပေါ်မှယူစီးခွင့်ရှိသည်

စီးချင်သောကားကို ထိုင်မထဖုန်းဆက်ရုံဖြင့်ပိုင်ဆိုင်ခွင့်ရှိခဲ့သည်

စီးဆင်းနေသော ရေစီးကြောင်းအတိုင်းမျောပါလာခဲ့တာ

အချိန်က ၁၀ ဆိုသော နှစ်အကန့်အသတ်ကို လက်ညှိုးထို့ခဲ့တာဘာလို့လဲ...

တကယ် တမ်းတော့ ကျွန်ုပ်အိပ်မက်မမက်ခဲ့ပါ...


လေနှင်ရာလွင့်ခဲ့သော သာမာန်လူတစ်ယောက်မျှသာ...

အချစ်ဆိုသောစကား၏နောက်ကွယ်၌ကျွန်ုပ်သည် နှလုံးသားကိုစတေးခဲ့သည်...

ကမ္ဘာပေါ်တွင် အသက်ရှူရန်အကြောင်းပြချက်သည် သူ့အတွက်ဟုယုံကြည်ထားခဲ့ဖူးသည်

တစ်ဦးမေတ္တာတစ်ဦးမှာဆိုသော စကားသည်မမှန်ကန်ပါ.......

သူမသည် ရင်ခွင်သစ်စီသို့ ပြုံးရွှင်စွာဖြင့်တိုးဝင်ခဲ့သည်သာ....

ဘ၀သည် အမှောင်အတိပြီးခဲ့သောနေ့ရက်များကိုဖြတ်ခဲ့စေပြီး..

အလင်းရောင်သည် မှိန်ပြပြချပေးဖို့ ၁၀နှစ်တာအချိန်ကို စတေးခဲ့ရသည်...

နောက်ဆုံးအိပ်မက် ထဲက ထလာတော့ သိခဲ့ရတာက

အောင်မြင်မှုတွေတိုင်းမှာ

ပေးဆပ်မှုတွေရှိစမြဲပဲ........

တကယ်တော့ လွင့်မြော ခဲ့တဲ့နှစ်တွေကတိုက်စားခဲ့တာပါ....

ကစားပွဲတွေကို ခုံမင်ပေမဲ့...

အနီကဒ်တော့ ငါဘယ်လိုချင်ပါ့မလဲကွာ....

ဒါပေမဲ့ နှလုံးသားက ပွဲပယ်အပြစ်ဒဏ်ကြခဲ့တယ်လေ...

ငါလျောက်လှမ်းခဲ့ရတဲ့လမ်းတွေက မဖြောင့်ဖြူးပါဘူးကွာ...

ဒါပေမဲ့.....လောကမှာ ဖြစ်ပြက်ခဲ့တာတွေက မမြန်လွန်းဘူးလား...

အချစ်ဆိုသော လက်သုံးစကားကို ငါက အလွဲသုံးစားမလုပ်ခဲ့တာအပြစ်ရှိလို့လားကွာ...

အဝေးဆုံးဟုခေါ်သော ကြယ်တာယာများသည်ပင် ကမ္ဘာပေါ်၏ ကောင်းကင်ပေါ်တွင်ပေါ်ထွန်းနိုင်လျှင်

ကျွန်ုပ်၏ အချစ်များသည်လည်း သူမ၏နှလုံးသားကောင်းကင် သို့တိုးဝင်နိုင်မည်သာ....

အမှန်မှာ...သီအိုရီအားလုံးတွင်ခြွင်းချက်ရှိခဲ့သည်.....

solar system တွင်ကျွန်ုပ်သည် သူမ၏ စိတ်ကွယ်ရာတစ်ခုမျှသာ...

သူမသည် အတိတ်ကိုမေ့နိုင်သောအစွမ်းသတ္တိရှိခဲ့သောလည်း

ကျွန်ုပ်အားထိုးအစွမ်း သတ္တိမပေးခဲ့သော ဘုရားသခင်ကိုအပြစ်မတင်မိ........

ဖြစ်သမျှအကြောင်းသည် အကောင်းဟုမပြောသာ....

ငါလွင့်မြောခဲ့တဲ့ နေ့ရက်တွေ အတွက်......

loney ဟုခေါ်သည့်ဘွဲ့တစ်ခုပေးခဲ့သော ကြံမ္မာကိုအပြစ်တင်ရမည်လား...

ကျွန်ုပ်သည် သံဿရာအကျဉ်းသားမျှသာ......

ဆုံးရှုံးမှုပေါင်းများစွာ က ငါ့ကိုထိုးနှက်..

ကြယ်တွေကြွေတာ စောလွန်းတယ် ကိုငှက်ရေ.....

ဟုတ်တယ် ချစ်တိုင်းလဲမညားဘူးဆိုတာ...

တကယ်တော့ အချစ်ဆိုသည်မှာ...

ဆန်းကြယ်သော ဆုံးရှုံးမှုဟု မဆိုသာ...

သေချာ သည် က သူမလည်းကျွန်ုပ်ကို ချစ်ခဲ့သည်(ကျွန်တော့်စိတ်ထင်ပေါ့လေ)....

ဝင်ခဲ့ပါဟု ခွင့်မပေးသော်လဲ ၀င်ခဲ့သည့်အရာများ.....

ကျွန်ုပ်မေးသော်လဲ အဖြေမရှိခဲ့သောခွဲခွာမှုများ....

ယုံကြည်မှုများ ကို လမ်းပေါ်ချပေးခဲ့တဲ့ ငါ့နေ့ညများ...

အချစ်ဟုဆိုသောအရာ အပေါ် ယုံကြည်မှုပျောက်ကွယ်ခဲ့သည်...

သူမသည် ခံစားမှုအားလုံးပြီးဆုံခဲ့သောအသိ ကို အချစ်ဟုဖွင့်ဆိုခဲ့သည်လား

ပေါ့ပျက်ပျက်တည်ထွင်မှု ဟု အချစ်ကိုဖွင့်ဆိုခဲ့သည်လားမသိ...

သေချာသည်က ကျွန်ုပ်သည် သူမပေးသမျှကိုခံယူခဲ့သော အရာကိုသာ အချစ်ဟု ဖွင့်ဆိုခဲ့ရသည်...

ဘ၀သည် ကစားပွဲတစ်ခုမျှသာ...

အနီကဒ်ထိထားသော ကျွန်ုပ်၏နှလုံးသာနေရာအစားထိုးရန်.....

ငွေကြေး ဟုခေါ်သော ခပ်ပေါပေါတီထွင်မှု၏ စောင်မမှုဖြင့်

အချစ်ဆိုသည်မှာ နှစ်ချုပ်ဖြင့်ငှားယူနိုင်သော pro ဘောလုံးသမားတစ်ယောက်ထက်မပိုခဲ့သည်သာ...

သေချာသည် က အသက်ရှင်နေထိုင်မှုတစ်ခုသည် လွင့်မျောခဲ့ခြင်းမဟုတ်.......

ပန်းတိုင်သို့ တက်ဖြင့်...လက်ဖြင့်.....လှော်ခတ်နေသော...စတေးခြင်းတစ်မျိုးသာ...

ပေးဆပ်မှုများ....

အောင်မြင်မှုများကို ဖမ်းဆုပ်ခဲ့ရသော.......

ညနေများ...

သတိရချင်းများက မျောသွားခဲ့...

Game Over ဆိုသောစကားသည် နာကြင်စေတက်သည်.....

အချစ်ဆိုသည်ကို သူမကြောင့် ခပ်ပေါ့ပေါ့တီထွင်မှုဟု သဘောထားခဲ့တာ ငါမှားခဲ့လို့လား.....။

ကျွန်ုပ်လက်နှင့်ဖမ်းမမိခဲ့သော သူမ၏ ရင်ခုံသံကို နားမလည်ခဲ့သည် ကျွန်ုပ်အပြစ်သာ...

ဘ၀သည် နှင်းတွေနဲ့ ဖုံးလွှမ်းခဲ့....

ခိုင်မြတ်မိုးရေ.......

ငါက နင်ထင်သလိုခပ်ညံ့ညံ့မဟုတ်ခဲ့ဘူး....

ငါ့ယုံကြည်ချက်နဲ့ ငါအသက်ရှူခဲ့...

မင်းထင်သလို ဘ၀ ဟာ လွယ်ကူစွာ ကျဆုံးလိမ့်မယ်ဆိုတာ အမှန်မဟုတ်သေးဘူး....

ငါက လန့်နိုးတက်တဲ့ အိမ်မက်တွေကို ငါကိုတိုင်ဆွဲထုတ်ပြစ်....

အမေရေ....

ကျွန်တော်နားမလည်ခဲ့မိသည်များကို သေချာစွာသိမြင်ခဲ့ပြီးပြီ..

တန်ဖိုးကြီး ၁၅၀၀ သည် ၅၂၈ဟုသော ကကြိုးကိုပီပြင်စွာ မကပြနိုင်သည်သာ....

အမေရေ....

သားအိပ်မက်မမက်တတ်တော့ဘူး................................။

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.