[၁]
ကျွန်တော်မှာ အရောင်မှိန်ခဲ့တဲ့အိပ်မက်တစ်ချို့ရှိတယ်....။
အဲ့ဒါကိုကျွန်တော်ယူပြီး အခမ်းအနားတစ်ခုပြင်ဆင်လိုက်တယ်
နောက်ပြီးအခမ်းအနားခေါင်းစဉ်းမှာ အိပ်မက်များ၏ဇာပနလို့ပေးလိုက်တယ်။
အဲ့ဒိအခမ်းအနားမှာ ကျွန်တော်နာနာကျင်ကျင်ငိုကျွေးနေခဲ့တာကို ကျွန်တော်တွေ့ရတယ်။
[၂]
ရာသီဥတုခပ်အုံ့အုံ့မှိုင်းကို အရမ်းကြိုက်တက်တဲ့ ကျွန်တော်က တောက်ပခွင့်ဆုံးရှုံးခဲ့လို့
ငိုကျွေးနေတဲ့ကျွန်တော့်ကို တွေ့လိုက်ရတော့ဘယ်လောက်ဝမ်းနည်းသွားတယ်မှတ်လဲ။
တကယ်ပါ ကျွန်တော်မသိတဲ့ ကျွန်တော့်တစ်ခြားတစ်ဖတ်ကို ကျွန်တော်ရောက်သွားခဲ့တာ။
[၃]
ဘ၀ဆိုတာ ကိန်းဂဏန်းတစ်ခု ထားပါတော့....။ အတိတ်တုန်းက ရခဲ့ဘူးတဲ့ ၁မှ၉ အတွင်းက
တန်ဖိုးတစ်ချို့ပါမယ် နောက်ပြီး ခဏခဏတွင်းဆုံးကြတက်တဲ့ သုည တွေအကြောင်းပါမယ်
နောက်ပြီး အနောက်မှာနေလို့မရတဲ့ သုညတစ်လုံးရဲ့ ရာဇ၀င်ပါမယ်။ ဒီလိုနဲ့ ဘ၀က အလိုလို
ပြည့်စုံသွားတယ်။
[၄]
အမုန်းတွေကိုတွေ့တော့ ခါးထဲက တစစ်စစ်နဲ့နာလာတယ် ။
နောက်ကြောကို ဓါးချက်တွေဝင်လာတော့မှ သစ္စာဖောက်ခံရမှန်းသိခဲ့တာ
လုံးဝအဖြူထည် မဟုတ်ခဲ့တောင် အတန်အသင့် ရိုးသားခဲ့တာပါ....။
[၅]
ငယ်ငယ်က အမေဆိုပြတဲ့ မှားတဲ့ဘက်ကသီချင်းနဲ့ ဘ၀ကိုသာယာပြစ်လိုက်တယ်
နောက်ဆုံးတော့ ကျွန်တော် (သို့မဟုတ်) ဗလာ။
[၆]
အခန်းဆက်ဝတ္ထုတွေခေါင်းထဲရောက်လာတော့ ဒုက္ခတွေနဲ့သာယာခဲ့ဘူးတဲ့အိမ်လေးသတိရတယ်။
အလွမ်းတွေအကြောင်း နောက်ကြောင်းပြန်တုန်းက သစ္စာဖောက်ခန်းမပါခဲ့ပါလား...။
[၇]
အရင်တစ်ခါ အရင်နေရာမှာ ဟုတ်တယ်သေချာတယ် ဒါ ဒီဂျာဗူး မဟုတ်ဘူး။
ကျွန်တော် အခုမှတောင်တစ်ခုရဲ့ ထိပ်ကနေ ကောင်းကင်ကို အကြယ်ဆုံးကြည့်ခွင့်ရတာ။
[၈]
ငယ်ငယ်တုန်းက သက်တံဆိုတာကို အသဲအမဲလိုက်ရှာဘူးတယ်....
အရွယ်ရောက်လာချိန်မှာတွေ့လိုက်ရတာ သူဟာလဲခပ်မှိန်မှိန်ရှိနေတက်တာပဲလေ
သက်တံ့ကိုကျွန်တော် အခုအချိန်ထိ ထွန်းထွန်းလင်းလင်း မတွေ့ဘူးတာလဲဖြစ်နိုင်တာပေါ့။
[၉]
ပျံသန်းသွားတဲ့ငှက်ကလေးကိုလှမ်းတွေ့တော့ သနားတယ်
သူ့မှာ အမြင့်ပျံနေနိုင်ပေမဲ့ အောက်က အန္တရာယ်ကိုကြောက်နေရတာလေ။
အဲ့ဒါပဲ ကျွန်တော်က ပုံပြင်ထဲကစပျစ်သီးခူးတဲ့ထဲက မြေခွေးကိုလှောင်တုန်းက
ကိုယ့်ကိုကိုမမြင်သေးဘူး။
[၁၀]
မီးရောင်ခပ်မှိန်မှိန်နဲ့ဒိုင်ယာရီချရေးမယ် တစ်နေ့နေ့ဖြစ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်စာသားလေး
တစ်စွန်းတစ်စပါလာမယ်ဆိုရင် အဲ့ဒါအမှန်တရားဖြစ်နိုင်တယ်။
ဘ၀ဆိုတာ ဇတ်သိမ်းပြေးကြည့်ရင် သိပ်ထူးထူးဆန်းဆန်းတစ်ခုမှမရှိပါဘူးကွယ်။
အမှန်းတစ်ရားတွေသာ ရိုက်မယ်ဆိုရင် ဇတ်သိမ်းခန်းမှာ
ဇတ်ကောင်အကုန်ကို ဒါရိုက်တာတွေ စာရေးဆရာတွေ သတ်ပြစ်ဖို့လိုလာပြီ
Happy Ending ဆိုတာက ဘယ်နားမှာမှရှာမတွေ့တာခက်တယ်။
[၁၁]
Facebook က Life Box ကိုဖွင့်လိုက်တယ် ဘာလေးများထွက်လားမလဲလို့.....
ဘ၀ကိုလဲ ကျွန်တော်ဖွင့်လိုက်တယ် တစ်ခုခုထွက်လာမယ်မှတ်တာ
နောက်ဆုံးတော့ကျွန်တော် ပြာ.......။
[၁၂]
ဒီလိုရှိတယ် သေချင်းတရားမှာ ကိုယ်ပိုင်စီရင်ခွင့် မရှိမရှိငြင်းခုံကြမယ်ဆိုပါစို့
အစွဲတွေမပါဘူးဆိုရင် ရှိတယ်လို့ပြောနိုင်တယ်....
နောက်ဘ၀ဆိုတာရှိမယ်ပဲထားပါဦး သေခြင်းတရားမှာ အရသာအရှိဆုံးက
အရာရာမေ့သွားခြင်းလေ။
[၁၃]
ရယ်သံခပ်ကြယ်ကြယ်နဲ့ မီးရောင်ခပ်မှိန်မှိန်လေးအောက်မှာ သာယာမှုတစ်ချို့ရှိတယ်။
အတူဝေမျှသောက်သုံးခဲ့တဲ့ အပေါစား အရက်တွေအတွက် ကဲ နောက်တစ်ခွက်ဒီမှာ။
Cheers!

အနာဂါတစ်ခုလုံး မှောင်မည်းနေတယ်
ဦးတည်ရာမဲ့စွာခေါင်းငိုက်စိုက်
အရှုံးတွေက ကမ္ဘာပေါ်မှာသစ္စာအရှိဆုံး
တေးသွားတစ်ပုဒ် သံစဉ်တွေကတော့
ဘ၀နဲ့ချည်ကာလှပခွင့်ရခဲ့ပါတယ်.။

တစ်ချိန်က ထိုင်းထိုင်းမှိုင်းမှိုင်းမြင်ကွင်း တွေ
ရင်ထဲရောက်လာတယ် . . .
ကျွန်တော့်အနုပညာ ကဗျာ.............
အော်တချို့နဲ့အတူ ကျွန်တော်တွင်းထဲကို
အဆုံးအထိကြသွားတယ်....။

ဧဒင်ဥယာဉ်ရဲ့ထောင့်တစ်နေရာမှာ
ကျွန်တော်ကြိမ်စာသင့်ခဲ့ ချိန်ကို
ပြန်လည်မျှော်ကြည့်မိတယ်...။
မြွေဆိုး ဆိုသောသူထက်
ဘုရားသခင် ဆိုသူ၏
မခွင့်လွှတ်တက်သော
စိတ်ကို သိသာထင်ရှားလာပါတယ်။
အို... အသင်ထာဝရဘုရားသခင်
အသင့်အား ကျွန်ုပ် လွန်စွာ မုန်းတီးမိပါသည်။

လူတစ်ယောက်၏ အချစ်အကြောင်းမှာ
ရယူချင်းဖြစ်ဖြစ်၊ ပေးဆပ်ချင်းဖြစ်ဖြစ်
ကိုယ်ပိုင်ခံယူခွင့်ဟု ကျွန်တော်သတ်မှတ်သည်
ကျွန်တော့်နှလုံးသား အတွင်းမှ
သံစဉ်လှလှလေးနှင့် အလွမ်းတစ်ချို့ ထွက်ကြလာသည်
ထိုအရာသည် အချစ်....
ကျွန်တော်ဖန်တီးခဲ့သော အချစ်ဖြင့်
ကျွန်တော့်မြို့တော်ကို တည်ထောင်ခဲ့ပါသည်...။

သစ္စာတရားကို စောင့်သောနတ်၏ ကိုယ်ရေးရာဇ၀င်မှာ
ပြစ်ချက်တစ်ခုတွေ့မိ၏
ထိုအရာကား
သိပ်မကြီးမားချေ...
တသက်စာ သစ္စာမဲ့ခဲ့ချင်းသာ...။

သူမကို လွမ်းမိသော အလွမ်းတစ်ချို့ဖြင့်
ကဗျာ တစ်ချို့အား ရှင်သန်စေခဲ့သည်
'မင်းနားမလည်နိုင်ပါဘူး....
နားလည်ခဲ့ရင်လဲ အဲ့ဒါအချစ်မဟုတ်ဘူး....။'
ကျွန်တော်က အလွမ်းများကို ကြွမ်းကျင်စွာ
ထုတ်လုပ်ခဲ့သည်...။
ထိုအလွမ်းများ သည် ဘ၀တစ်ခု တည်ဆောင်ရန်
လွန်စွာ လှပဆန်းသစ်ခဲ့ပါသည်...။

သတိရချင်းတွေ ချရေးတုန်းက သူမရှာဖွေမတွေ့ရှိခဲ့သော ကျွန်တော်၏ချစ်ခြင်းအကြောင်း တစ်စွန်းတစ်စပါလာနိုင်တယ်
မှန်သောတရားပါလို့ ပြောပြီးမှားနေတဲ့သီအိုရီတစ်ခု ပါလို့မိမိကိုယ်ကို နာမည်ပေးတုန်းက ခရေပန်းတွေကြွေတဲ့လမ်းလေး
ကျွန်တော်လွမ်းနေမိတယ်...။ တစ်ခုပဲ အဲ့ဒိလမ်းမှာ ကျွန်တော်သူမနဲ့ မလျှောက်ဖြစ်ခဲ့ကြဘူး။
ကဲထားပါလေ ... အရှုံးဆိုတာလဲမရှိဘူး အနိုင်ဆိုတာလဲမပါတဲ့ အရာတစ်ခုလို့ပဲထင်ပါတယ်...။
အမှန်ကလောကကြီးက မျှခြေမှာရှိနေသင့်တာ..။
ကျွန်တော်သူမကို ချစ်ခဲ့တဲ့အချစ်မှာပါကာသနတွေမပါဘူး အရောင်တွေမပါဘူး တစ်ခုခုတော့ပါခဲ့မယ်
အနန္တလို့ပြောထွက်လောက်အောင်လဲ သတ္တိမရှိသေးဘူး....။

လေပေါ်မှာပျံဝဲနေတဲ့စွန်လေးကိုကြည့်ရင်းလွမ်းတယ်။Idream application ထဲက ပင်လည်အော်သံကိုခံစားပြီးလွမ်းတယ်။
အဲ့ အညိုရောင်သံလေးတွေကြားတိုင်းလွမ်းတယ်။ ဒီလောက်ပဲ ဒါဆို အလွမ်းနောက်ခံပန်းချီကား စဆွဲဖို့ ကုန်ကြမ်းလုံလောက်သွားပြီ...။
"မင်းမှီခဲ့ငါ့ရဲ့ ဘယ်ဘက် ပုခုံးလေးကို ကိုင်ပြီး ရင်ထဲကတသက်လုံးအောင့်နေတော့မယ်"အဲလိုစာမျိုးနဲ့ လွမ်းနေတာမျိုးတော့မဟုတ်ဘူး။
အစိမ်းရောင်မျက်ခင်းလေးတွေပါမယ်။သဲတွေဝင်နေတဲ့ ဘောင်းဘီတစ်ထည်ပါတယ် ။ ဟုတ်တယ် အဲ့ဒိလောက်ပဲ။

နောက်ခံအရောင်ကို အညိုရောင်လေးသုံးထားတယ် အလွမ်းနဲ့တူတဲ့မိုးရေစက်တွေ တဖြည်းဖြည်းကြနေတယ်။
ဟုတ်တယ် ကျွန်တော့်ပန်းချီကားက အသက်ဝင်နေတယ် အတိတ်ရဲ့ ပံ့ပိုးမှုနဲ့....။
ပင်လည်ကြီးကို လွမ်းမိတယ် သဲတွေကို လက်ထဲစုပ်မိတယ် အဲတစ်ခုပဲ အာရှနဂါးကားပေါ်က ထိုင်ခုံလေး ....
ဟုတ်တယ် အဲ့ဒါလေးလဲပါသင့်တယ်...။ ဟုတ်ပြီ နောက်ပြီးတော့ မျှော်လင့်ချက်တွေအကြောင်းပါမယ်...။
ဒီလောက်ဆိုပန်းချီကားလေးကပြည့်စုံနေပြီ...။ ဒီပန်ချီကားလေးကို အခန်းထဲမှာချိတ်ထားမယ် တစ်ဦးပိုင်အနေအထားမျိုးနဲ့
နည်းနည်းလောဘကြီးလိုက်မယ် ရနေပြီပြီးပြည့်စုံသွားပြီ။
ဂစ်တာတစ်လက်ရယ် ၀ီစကီတစ်ခွက်ရယ်(Label တော့ဖြစ်ပစေပေါ့ အရောင်ကအရေးမကြီးဘူး)။ အတိတ်တွေနဲ့ လုံလောက်သွားပြီ
အလွမ်းဆိုတာမျိုးကလဲ ၀ီစကီတစ်ခွက်လိုမျိုးပဲ အ၀င်တော့ဆိုးသယောင်ရှိပေမဲ့ ခံစားတက်တဲ့လူနဲ့သာဆိုင်သည်ဟုထင်ပါတယ်။
ကျွန်တော်ကလည်း အလွမ်းတွေကို ကျွမ်းကျင်စွာပြုလုပ်တက်သူတစ်ယောက်ပဲလေ...။ တကယ်ပါ အချစ်ဆိုတဲ့အရာ၏ ပါဝင်ပစ္စည်းများထဲမှာ
အလွမ်းဆိုသည်မှာအရသာအရှိဆုံးအပိုင်းဟုထင်မိတယ်။ အတိတ်အကြောင်းတွေးရင် သွေးမတိတ်တဲ့ ဒဏ်ရာတွေဆိုလို့လဲ သိပ်မရှိပါဘူး။
အလွမ်းဆိုတဲ့ နောက်ခံပန်ချီကားလေးကိုခံစားချက်ပါပါရေးဆွဲရာမှာ နောက်ခံအဖြစ်ကူညီပေးခဲ့သော အတိတ်ကို အထူးကျေးဇူးတင်မိပါတယ်။
ဤမျှသာ ... ဆိုလိုတာက ပြီးသွားပြီလို့ဆိုလိုတာပါ ... ကျွန်တော့်အလွမ်းနောက်ခံပန်းချီကားလေးက တော့ ကျွန်တော့် ရင်ဘက်ထဲက
အခန်းလေးထဲမှာတင့်တောင်းတင့်တယ်လေး နေထိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်...။

နောက်ဆုံးမှာဝန်ခံချင်း
အထက်ပါအကြောင်းအရာတွေ အလွမ်းနောက်ခံပန်းချီကား ဟူသောဆရာမောင်လှမျိုး ၏ စာအုပ်နာမည်လေးအားသုံးစွဲလိုက်ပါသည်။
ထို့အပြင်ယခုရေးသားခဲ့သောအကြောင်းအရာများတွင်ကျွန်တော့် အက်ကွဲသံတစ်ချို့ပါဝင်ခဲ့သည်မှာလဲ အမှန်ပင်ဖြစ်ပါသည်။
သို့သော် ကာယကံရှင် အားရည်ညွှန်း၍ ရေးသားခဲ့သည်မဟုတ်ကြောင်း နားလည်စေချင်ပါတယ်။ သူမအား ယခုအချိန် အနှောင့် အရှက်ပေးလိုစိတ်
လုံးဝ(လုံးဝ) မပါရှိကြောင်းလဲ ကျွန်တော်အာမခံပါတယ်။ တကယ်တော့ အချစ်ဆိုတဲ့ အရာရဲ့ပါဝင်ပစ္စည်းမှာ အလွမ်းက အရသာအရှိဆုံးပဲ ဆိုတာ
ကျွန်တော်ခံစားသိရှိပြီးသားဖြစ်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ဂစ်တာတီးချင်ပါသေးတယ် ။ ဒါပေမဲ့ ကျွန်တော် ကြိုးပြတ်မှာကြောက်နေသေးတယ်။
ဟုတ်တယ် သံဇဉ်လှလှလေးတွေထွက်လာဖို့ကို ကြိုးတစ်ချောင်းရင်းနှီးရမယ်ဆိုရင် သိပ်သဘာဝမကြဘူး။
ကဲဒါဆို ဒီကြိုးက ပြတ်မှာသေချာနေပြီလား? (ဟင့်အင်း)
ဒါဆို ကြိုးက မပြတ်ဘူးရောအာမခံမလား?(ဟင့်အင်း)
ဒါဆိုဘာကြီးလဲ... ပြောပါ ဘ၀ဆိုတာဘာကြီးလဲ။

မြွေဟောက်တစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့တယ် ၊မချိုမချဉ်မျက်နှာနဲ့ကျွန်တော့်ကိုပြုံးပြတယ်။
သူ့ညို့ချက်ထဲမှာချာချာလည် အချိန်တွေဘယ်လောက်ကုန်သွားတယ်မသိ
တစ်စက္ကန့်...နှစ်စက္ကန့်...သုံးစက္ကန့်...
နောက်ဆုံးစက္ကန့်လေးတွေမှာ ဘ၀တစ်ခုစာ သာယာခဲ့ပါတယ်။

သူက ကမ္ဘာကြီးနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ ထွက်ပြေးတယ်။ ကမ္ဘာကြီးကတော့ သူ့နောက်ကိုလိုက်တယ်
ဒီလိုနဲ့ လရောင်ဟာ ရက်သုံးဆယ်မှာ ၂ကြိမ်သာ ကမ္ဘာကြီးနဲ့ မျက်နှာလွှဲခွင့်ရနေတာပေါ့ကွယ်...
ကဲကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ် ကလေးတို့လဲမှတ်ထားကြပါ ဘ၀ဆိုတာ သူ့ဟာသူသာ
သောက်သလွဲဖြစ်နေတဲ့ဟာကြီးပါ တခြားဘာတန်ဖိုးမှမရှိပါဘူး။

သူကနာမည်ကြီး? အော်သိပြီ အုပ်ဂူနံပတ်ဘယ်လောက်မှာလဲ....
တွေ့လား  ကျွန်တော်က အမြင်ကတ်ဖို့ကောင်းလောက်အောင် အရွဲ့တိုက်တက်တာ။

အနာဂတ်ကိုယုံကြည်မှုရှိပါသလား(တဲ့)
အော် မသိလို့ ယုံကြည့်မှုမှာရော အနာဂါတ်ရှိပါသလား[-]
ခွပ်... (ဆွဲထိုးလိုက်တယ်)။
ကျေးဇူးပြုပြီး ကျွန်တော့်ကို အနာဂါတ်အကြောင်းမပြောပါနဲ့။

ဆက်ရေးစရာက ကုန်သလောက်ဖြစ်နေပါပြီ
ခက်နေတာက နှလုံးသားကြီးကခုန်နေတာ
အသက်ရှင်ရတာ လဲပင်ပန်းတယ်...
အသက်ရှူရတာ လဲပင်ပန်းတယ်
ယိုင်နဲ့နဲ့မြင်ကွင်းတွေနဲ့ မှန်ဘောင်လေးထဲမှာ
အသက်ရှင်ရတာထက်စာရင် တစ်ခါထဲသေသွားတာက ပိုကောင်းဦးမယ်
ငါးလေးတွေကို ချစ်လွန်းလို့ မမွေးမြူခဲ့တာပါကွယ်။

ကျွန်တော်တစ်ခါတုန်းက တစ်ခုခုကိုဖန်တီးခဲ့တယ်
ကျွန်တော်သေသွားတဲ့တစ်နေ့မှာ ထိုအရာလေးကျန်ရစ်နေခဲ့တယ်
ကျွန်တော့်ရဲ့နောက်ဆုံးဒိုင်ယာရီစာကြောင်းလေးကို အလိုမတူစွာ ပုဒ်မချခဲ့ရတဲ့နေ့တုန်းက
ကျွန်တော့် ကိုယ်ကျွန်တော်ဆုံးရှုံးခဲ့တယ် မငိုကြပါနဲ့ . . . .
ကျွန်တော်ကိုယ်တိုင်မကျန်ရင်တောင် အလံတော့ထားခဲ့မယ်
တစ်မိုးသောက်ရဲ့ အာရုဏ်အောက်မှာ ညှိးငယ်စွာ ထွန်းလင်းခဲ့ရဘူးပါတယ်။

လူတစ်ယောက်ရဲ့လွှမ်းမိုးမှုကိုလွယ်လွယ်ကူခံရတယ်တဲ့မယုံဘူးလား
ကျွန်တော်စကားပြောလဲ ကူးစက်လွယ်တယ်
ကျွန်တော်စာဖတ်လဲ      ကူးစက်လွယ်တယ်
ကျွန်တော်က ပတ်ဝန်းကျင်အပေါ်လိုက်ပြီး အလိုမတူစွာပြောင်းလဲတက်ပါတယ်
ကျွန်တော့်ကို ကျွန်တော်လဲ နားမလည်....။

သေရတာပင်ပန်းပါတယ်..... ဒါပေမဲ့ ဒီခန္ဒာကြီးကိုအသစ်လဲဖို့ပဲ
ဖြစ်နိုင်ရင် အကြိမ်ကြိမ်သေချင်ပါသေးတယ်။
အမှန်ကိုမြင်ခဲ့သော်လဲ အမြင်မမှန်နိုင်သေးလေတော့
ဘ၀ဟာ အလင်းရောင် တိုးမပေါက်လောက်အောင်
မှောင် ပေ တာ ပေါ့ . . . . ။

ကျွန်တော်က အိမ်မြှောင်တစ်ကောင်ပါ
မသေချာတဲ့ အနာဂတ်တွေကို ပြုံးပြကာ
ပက်လက် အိပ်စက်နေပါတယ်။
တစ်ခုခုဆုံးရှုံးမှ နေသာထိုင်သာရှိတာ(တဲ့)
မဟုတ်ဘူး ကျွန်တော့် ကအရာရာကို ပြန်လည့်ချင်နေတာ
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်ရယ်လို့ရှိနေတာကို ပြန်ပြင်လို့မရသေးလို့....။

ဟုတ်တယ်မဆိုင်ဘူး ဘယ်သူနဲ့မှမဆိုင်ပါဘူး
ဘာကြီးလဲ နားမလည်ဘူး။
ညစ်ကြယ်ကြယ် ညီမလေးကိုပဲသတိရတယ်။

ကျွန်တော့်အဒေါ်က ကျွန်တော့ အရင်ကောင်မလေးနံမယ်ကို
မှားယွင်းကာ ဗက်တီးရီးယား (တဲ့)....
ကျွန်တော်ကိုယ်တိုင် သူပြောမှ သတိထားမိတယ်
တကယ့် ရောဂါပိုးတစ်မျိုးပါ ခက်ခက်ခဲခဲကုသနေရတယ်...
စောနက ပြောသလိုပဲ ငါးလေးတွေကိုချစ်လွန်းလို့ မမွေးမြူခဲ့တာပါ။

ပြီးသွားပါပြီ ဟုတ်တယ်လေ တကယ်တော့ ကျွန်တော်လျောက်ရေးနေတာပါ
ဘာဖြစ်လို့လဲဟုတ်လား.... ကျွန်တော်လဲ အဲဒါကို မသိသေးဘူး။
ထားပါလေ အခုက ပြီးနေပြီဆိုမှတော့ ပုဒ်မချလိုက်ပါတယ် ။

မြေမှုံလေးတွေအထိ ရိုင်းစိုင်းစွာရင်ခုန်နေရရင်တော့ဖြင့်
ဖြစ်ချင်ခဲ့တာတွေ ကရော ဖြစ်ဦးမှာလား
ဘာဖြစ်ပါသလဲ... ဘယ်လောက်တန်ဖိုးရှိတဲ့ ဘ၀ မလို့လဲ
အစွမ်းကုန်အောင်လဲရဲပြီ . . . အစွဲကုန်အောင်လဲ ရမ်းပြီ။
တောင်စွယ်နေကွယ်သတ်စေဆိုပဲ အပြောကတော့ကောင်းတယ်
တောင်စွယ်မှာ နေကွယ်တာမြင်ခွင့်မရှိတော့တဲ့နေ့
မျက်နှာပေါ် အနီရောင် စေးကပ်ကပ် သွေးတွေကြလာပြီး
မြေကြီးပေါ်ငါ့ခေါင်းကြတဲ့နေ့...
အသက်ရှင်လျှက် မာဆိုးပြောတဲ့ နောက်ဆုံး၇စက္ကန့်မှာ
ဘ၀နဲ့ချည်ကာ သာယာခဲ့ပါတယ်။

တစ်ခုခုကို ဆုံးရှုံးရမှာကြောက်တယ်
နောက်ကြောက အထိုးခံရမဲ့ဓါးကိုကြောက်တယ်
ဖြစ်နိုင်ရင် တောကြီးမွေဟောက်လိုကောင်နဲ့ ရင်ဆိုင်မတွေ့ချင်ဘူး
ကျားကြီးဆင်ကြီးတွေမဖမ်းနိုင်လဲ တီကောင်းလေးဖမ်းပြီး ငါးမျှားနိုင်ရင်ဖြစ်တယ်
အော် အခုတော့ရေချိုးပြန်ပြီပြောမလို့လား
ကျွန်တော် အစောကြီးထဲက ငါးလာမျှားတာမှမဟုတ်ပဲ။
ပုံပြင်ထဲက မြေခွေးက တော့ ဘာပြောမလဲမသိ။

မိုးတွေ မှိုချိုးမြစ်ချိုးရွာတဲ့လက ကျွန်တော့် ကိုမွေးခဲ့တာ(တဲ့)
နေမင်းကြီးရဲ့ အလင်းရောင်ကွယ်လုကွယ်ခင်ကပေါ့. . . ။
သေချာတာတော့ လောကကြီးကို အလင်း ရောင်ပေးဖို့ နေနေသာသာ
ကျွန်တော့် အနာဂတ်မှာတောင် အနိုင်နိုင်ထွန်းလင်းဖို့ကြိုးစားခဲ့သူပါ
မုန်တိုင်းတွေ နဲ့လေပြင်းတွေ တိုက်တော့လဲ
တလူလူနေခွင့်ရတာပေါ့(တဲ့)[*]
ကိုယ်က အလံတစ်ခုလိုမပေါ့ပါးခဲ့သူပါ
([*]=ကိုတေဇာ လရောင်လမ်း အတိုးဆုံးကဗျားများမှ)

အရှုံးတွေရော အနိုင်တွေရော အရာရာမှကင်းလွတ်ခွင့်ဆိုတာ
တကယ်တော့ အချစ်ဆိုသာ အရာရာမှကင်းလွတ်ခွင့်တဲ့လား
ငါကိုက မိုးတိမ်တွေနဲ့သာ သာယာတက်သူပါ. . .
ကောင်မလေးရယ် ခြေလှမ်းပေါင်းများစွာအတူတူလျှောက်ပြီးမှ
မင်းကိုကြောခိုင်းခဲ့တာပါ မတော်တဆ ခြစ် မိခဲ့တာပါလို့ပဲ
စာလုံးပေါင်းမှားချင်ယောင်ဆောင်ပြီးငါရေးချခဲ့ရ. . .။

နှစ်ယောက်လမ်းလျောက်လာတယ် ဟုတ်ပြီ
ရန်ကုန်မြို့ရဲ့လူစီကားပြီးအကြာဆုံးမီးပွိုင့်ကြီးတစ်ခုစီကနေ
ရန်ကုန်မြို့ရဲ့အတွဲများစုဝေးရာ နေရာကို
မီးပွိုင့်အရောက်မှာလူနှစ်ယောက်ကြောခိုင်းထွက်သွားပြီ. . .။
ကတ် . . .ရပြီ. . .။
ငါတို့နှစ်ယောက်က မီးပွိုင့်နှစ်ခုကြားပဲ နားလည်နိုင်ခဲ့ကြတာပါ. . .။

ပြီးတော့လဲပြီးပြီလို့စာတန်းထိုးလာတယ်. . .။
ကျွန်တော့်အဘိဒါန်ကိုယနေ့ကမ္ဘာကျော်ဘုရားသခင်၏ဖန်ဆင်းရှင်နှစ်ဦးသာ
တွေ့မြင်ဖတ်ရှုမိခဲ့မည်ဆိုရင် လူအများဖတ်ရှုရန်မသင့်ဟု ကျင့်ဝတ်တစ်ပါး ထည့်စေခဲ့မည်မှာ
အသေအချာပင်ဖြစ်သည်။ ။

ဘယ်အရာကအဆုံးဖြစ်မလဲ. . .
ကျွန်တော့်ဒိုင်ယာရီထဲ မှာ စာကြောင်းတစ်ကြောင်းကို ပုဒ်မ ချလိုက်တိုင်း
နောက်တစ်ကြောင်းပြန်စနေတာ.  .  .
ဖြစ်နိုင်ရင် အဆုံးမသတ်ပါရစေနဲ့။

ကြွက်တစ်ကောင်ကို မနိုင်တဲ့လူနှစ်ယောက်
အကြောင်းရုပ်ရှင်ဇတ်ကားကြည့်ပြီလှောင်ရယ်နေမိတယ်
ကျွန်တော့်ကိုရော လှောင်ရယ်နေမလားမသိ
×ဒါဟာအချစ်တဲ့လား . . .အဲဒါအချစ်တဲ့လား. . .။

ကောင်းကင်ကိုမော့ကြည့်ပြီးမှ ခေါင်းပန်းလှန်လိုက်တယ်
ကဲ ကံကြမ္မာရေ ဘာကြေးထပ်လောင်းမှာလဲ. . . ။

တစ်နေ့နေ့တော့ဖြစ်မှာပေါ့
အော်ဖြစ်ချင်မှလဲဖြစ်မှာပေါ့
ဖြစ်နိုင်မှလဲဖြစ်မှာ
မဖြစ်နိုင်တာဘာရှိလဲ(တဲ့)
အားလုံးပဲ. . .
အရင်ဆုံး ဒီပုလင်းလေးထဲက ထွက်ခွင့်ပေးပါ။

တစ်နေ့မှာ နေသာမယ် ၊ လေလာမယ် ၊မေခလာ လာမယ်ဟုတ်လား
တော်ပါတော့
မဟာဇနက လဲ သူ့ကိုမျှော်ခဲ့တာမှမဟုတ်ပဲ။

သားမပါဘူးဆရာမ
အမေဈေးရောင်းခိုင်းနေတာပါဆရာမ
စာအုပ်ပြောက်သွားလို့ပါဆရာမ
ရေဘူးမှောက်ကြတာပါဆရာမ
တစ်ခါတုန်းက ငါတို့တွေ
ဝိုးတိုးဝါးတား အပြုံးတွေ။

ဘုရားသခင်ဆိုတဲ့ ငနဲက တော်တော်အရေးမပါတာတဲ့
သူမဟုတ်ပါ ဘူး သူ့ဖန်ဆင်းရှင်တွေက အရေးမပါတာ ။

တုတ်မကြိုးချင်ပါဘူး၊
ကြိုးတော့လာမတုတ်နဲ့ပေါ့ကွယ်. . .
ငါ့ကိုငါတောင် အနိုင်နိုင်ဖတ်ရှုနေခဲ့ရပေါ့. . . ။

တစ်ခုခုကိုမေ့ရော့ခဲ့ဖို့ ငါတို့အဆင်သင့်ဖြစ်နေကြပြီ
တစ်ယောက်နဲ့တစ်ယောက်တူညီတဲ့ အနာဂါတ်တစ်ခု
မဖန်တီးနိုင်ချိန်မှာ မေ့လိုက်ပါဆိုတဲ့စကားက
အဆင်သင့်ဖြစ်စေခဲ့တယ်။
ဘယ်တုန်းက သိခဲ့ကြတာလဲ မသိ?



ဘာ . . . ပြီးသွားပြီဟုတ်လား. . . ။
ဒီလိုနဲ့နောက်ဆုံးဝါကြကို အလိုမတူစွာပုဒ်မ ချလိုက်ရပါတယ်။

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.