တကယ်တော့ရထားတစင်းပါ
ဝင်လာထဲက တိုးတိုးတိတ်တိတ်လေးခုတ်မောင်းခဲ့တာ
အသံအချို့ အပြုံးတချို့နဲ့ သူဝင်လာတုန်းကဆူညံဘူးခဲ့ပါတယ်
စိတ်ရှုပ်တယ်ထင်စရာဖြစ်ခဲ့မိပေမဲ့ အသားကြမှုတွေနဲ့ သာယာတက်လာခဲ့တာ
အတိတ်တွေမှာလဲသာယာခဲ့ဖူးပါတယ်....
အမှတ်မဲ့စွာ တိတ်တဆိတ်သိနားလည်မှုတွေနဲ့ သာယာမိပြန်တယ်
ဖြစ်စဉ်အတိုင်း ငါ့စီက ထွက်ခွာသွားမယ်ဆိုတာ မေ့သွားခဲ့တာ
အချိန်ဆိုတာရောက်လာတော့ မိုးတွေတောင်ရွာပေးနေသေးတယ်
ငိုမိတာပါပဲ... ငိုမိတာပါပဲ ... ငါ ငိုခဲ့တာပါပဲ....
ကိုယ့်ကိုကို အမှတ်မဲ့စွာ ငါသာယာမိခဲ့တာ....
သေချာပါတယ် ငါနောက်ဘယ်တော့မှ
အလံကိုဝှေ့ယမ်းဖြစ်တော့မှာမဟုတ်ဘူး....။
ဒါဟာ...
အနာဂါတ်မရှိတော့တဲ့ ဘူတာရုံလေးရဲ့သစ္စာပဲ....။
0 Comments:
Post a Comment