သမိုင်း...။
ပထဝီထဲရောက်နေပါပြီဆိုမှ
အတင်းဆွဲထည့်နေတယ်
တက်လဲတက်နိုင်ကြပါတယ်...။
သွေးမတိတ်။
ကျွန်တော် အချစ်အကြောင်း
ကောင်းကောင်း သိပါတယ်။
အနာဂါတ် ။
မနက်ဖြန်အတွက်
ပါဝင်ပစ္စည်းတွေက ငါ့အတွက်
လေညှင်းမဟုတ်တာသေချာတယ်
ဒါလည်း မသေချာခြင်းတစ်ခုပဲလေ။
ကမ္ဘာကျော်ပျက်လုံး။
ကျွန်တော် အချစ်ဆိုတာကို မုန်းနေပါပြီ။
မယုံကြည်ချက်။
ကျွန်တော် ရှိသည်ဖြစ်သည်ကို သံသယဖြစ်နေတာကြာပြီ
ဒါကရော ရှိမှု ဖြစ်တည်မှု တစ်ခုပဲလား
ဒါဆိုလဲ လည်နေတာကြီးကတော့ လည်နေဦးမှာပါပဲ။
ပင်လည်ထဲကပုံပြင်။
ကမ်းစပ်ကိုတွေ့ရှိဖို့
မျှော်လင့်ယုံပဲရှိရမှာပါ
နစ်သေမှာကို
ဒီတိုင်း
လက်ခံလိုက်ဖို့ဆိုတာ လဲမဖြစ်သေးဘူးလေ...။
ကိုယ်ပိုင်ဖြစ်တည်မှု
ငါတို့က ဒီ အသွေးတွေ၊အသားတွေ နဲ့ပဲ
အသက်ရှင်ပြီး ဒီအသွေးတွေ၊အသားတွေအတွက်ပဲ
အသက်ရှင်နေကြတာမဟုတ်လား။
ဒီထက်ပိုတဲ့အရာတစ်ခုရှိသေးတာ ဟုတ်လို့လား?
အောင်မြင့်မြတ်
ရောက်ရာအရပ်မှာ ရေးဖြစ်ခဲ့သောကဗျာများ။
0 Comments:
Post a Comment