အလွမ်းတွေက မိုးရေစက်တွေနဲ့တွေ့အခါ ဆို့တက်လာတယ်ပေါ့။
အချစ်ဆိုတာ လက်ကောက်ဝတ်ကိုဖြတ်ပြစ်တဲ့ တစ်ခါသုံးဘလိပ်ဓါးလေးတွေလား။
ငါနာကျင်နေတယ် နောက်ပြီး အားလုံးပြာတွေကြနေတာပါပဲ။
အဲ့ဒါမင်းနားမလည်ခဲ့တာကြီးပေါ့ မင်းမသိတာ အဲ့ဒိပြာမှုန့်လေးတွေက
အေးခဲနေတယ်ဆိုပါတော့ ။  မင်းရော ငါ့ကိုသတိရတဲ့အခါ Mocha တွေမှာသောက်ဖြစ်သေးလား၊
ခေါင်းသွားလျှော်ဖြစ်သေးလား။ အဲ့ဒိအချိန်တုန်းက ငါခေါ်ခဲ့တဲ့ နာမ်စား ၊ လေးမှတ်မိနေသေးလား ။
မိုးရေထဲမှာလျှောက်သွားဖြစ်သေးလား။ ငါမင်းနာမည်ကို အကြယ်ကြီး ချရေးပစ်လိုက်ခြင်တယ် ။
ဒါဟာ ကံတစ်ပါးကို ကျူးလွန်ရာရောက်ခဲ့မယ်ဆိုရင်တောင် ငါ့မှာဖြေစရာ တရားတွေမရှိခဲ့ဘူးဆိုပါတော့။
နာကျင်မှုတွေက ထုံလာတဲ့အခါ ငါ မိုးရေတွေကြားက မင်းနှုတ်ခမ်းတစ်စုံက အလွမ်းတွေဖြစ်လာတယ်။
မျက်လုံးတွေမှိတ်ထားလိုက်တယ် အဲ့ဒိအခါ ငါ့ပတ်ဝန်းကျင်အကုန်လုံးက မင်းဖြစ်သွားတယ် ။
အဲ့ဒိတုန်းက မင်းသတိထားပြီး ဘယ်ဘက်မှာ နေခဲ့တာကို မှတ်မှတ်ရရသတိရတယ် ၊
ငါက သရဲဘောကြောင်ခဲ့ပါတယ်။ ငါတို့ တွေက သိပ်အရေးမကြီးဘူးဆိုတဲ့ အချစ်အပေါ်မှာ ဘဝ တစ်ခုဆောက်မိကြတာ ။
အခုတော့ ဟိုးတုန်းက ဂစ်တာလေး က အရင်ကထက်အသံကောင်းလာတယ် ၊ ငါလဲအရင်ကလိုမဟုတ်တဲ့ သီချင်းတွေတီးဖြစ်တယ် ။
မိုးရေတွေထဲမှာပဲ ငါ့ရင်ဘတ်ကြီး အရည်တွေပျော်သွားခဲ့တယ် နောက်ပြီးအေးခဲသွားတယ် ။
အချိန်တွေကြာပေမဲ့ ငါ့ရင်ဘတ်ကြီးက အခုထိ စိုရွှဲနေသေးတယ် ။ ဘယ်သူတွေဘာပြောပြော ငါ့အတွက် အချစ်ဆိုတာ
သူမမျက်ခုံးပေါ်က Tattoo လေးဆိုလဲ သူမရယ်နေမှာ ယုံကြည်ပါတယ်။
အခုအချိန်ဘာမှမပက်သက်တော့ပေမဲ့ အလွမ်းတွေကို စနစ်တကျ မွေးမြူပြီး စနစ်တကျအသဲကွဲတက်တဲ့ကျွန်တော့်အတွက်
အဲ့ဒိအနုပညာ ဆန်ဆန် ဖန်တီးခဲ့တဲ့ အတိတ်တွေကို ထိုင်သတိရနေတက်ပါတယ်။
ဒီကိစ္စတွေကို သူမ မသိစေခြင်ဘူး၊ ဒါပေမဲ့ သိလဲသိသွားစေခြင်တယ်၊ ဒါဟာ ကံတစ်ခုခုကို
ချိုးဖောက်ရာရောက်လဲ ကျွန်တော် တရားနဲ့ ဖြေနိုင်ခဲ့မှာ မဟုတ်ဘူး။
အောင်မြင့်မြတ်
ညနေ ၄း၁၃ (July 12 2012)

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.