ကျွန်တော်တို့တွေလောကကြီးကိုတန်ဖိုးတွေကိုယ်စီကိုယ်စီသတ်မှတ်ခဲ့ကြတယ် ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့အတွေးတွေ ကျွန်တော်တို့အတ္တတွေနဲ့ ဘဝတွေကိုတည်ဆောက်ခဲ့ကြတယ် အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် ကျွန်တော်တို့က ပုံစံခွက်တစ်ခုထဲမှာအံဝင်ခွင်ကြနေထိုင်ခဲ့ကြရတာမဟုတ်လား။
ဆိုကြပါစို့ ကျွန်တော်တို့တွေကို မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အကောင်းအဆိုးတွေဝေဖန်ချက်တွေရှိလာတယ်ပေါ့ မူးယစ်ဆေးဝါးသည် ခဏတာမျှ သာယာမှုပေး၍ ဆင်းရဲမှုပေါင်းများစွာ ပျက်စီးမှုပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်တာကြောင့် လူ့အဖွဲ့အစည်းမှတားမြစ်သည် ဆိုပါစို့ .... အဲ့ဒိမှာတင် လူ့အဖွဲ့အစည်းရဲ့ လောလော လတ်လတ်ဘဝ ကိုဖက်တွယ်လိုမှုတွေအထင်းသာမြင်နိုင်တယ်လို့ထင်တယ်။အကယ်၍ ကျွန်တော်တို့ထဲက တစ်စုံတစ်ယောက်သာ ထိုအဖွဲ့အစည်းကို ဆန့်ကျင်မိ ခဲ့ပြီဆိုလျှင်လဲ ထိုသူကို လူ့အဖွဲ့အစည်းက အနှေးနဲ့အမြန်ဖြတ်ထုတ်ပြစ်ဖို့ကြိုးစားမည်မှာအသေအချာပင်ဖြစ်သည်။ ကျွန်တော်တို့တွေသည် ဥပဒေတွေတည်ထွင်ခဲ့
ကြသည်၊ကျွန်တော်တို့ထဲမှာ လူတစ်ချို့က ဘုရားသခင်ကိုယ်စီဖန်တီး၍ ကျွန်တော်တို့အား နှစ်ပေါင်းထောင်ချီ သူတို့နာမည်ကျန်ရစ်စေကာ အနိုင်ယူဗိုလ်ကြခဲ့သည်
ကျွန်တော်တို့သည် အမှန်အမှားတွေအတွက် စစ်ပွဲတွေဖန်တီးခဲ့သည် ကျွန်တော်တို့တွေ ထဲမှ အရာရာကိုဖန်တီးခဲ့ကြသည်။ ကျွန်တော်တို့အားလုံးသည် အမှန် ၊
အမှားကြာမှာ ပိတ်မိနေကြသူတွေသာဖြစ်ကြပါသည်။

လွန်ခဲ့သောရက်အနည်းငယ်က ကျွန်တော့်သူငယ်ချင်းရဲ့အမျိုးသမီးက သူတို့၏ ကလေးသည်အရာရာသာမာန်ဖြစ်ကြောင်းပြောခဲ့ရာ မဆီမဆိုင် ကမူး၏ The Outsider(စည်းပြင်ကလူ)အပေါ်ဆရာ ထင်လင်းဘာသာပြန်ရာရေးသားခဲ့ရာ ဖတ်ခဲ့မိသောအမှာစာက စိတ်ထဲရောက်လာပါတယ်။ ကျွန်တော်တို့အားလုံသည် ပုံမှန်အနေအထားဖြစ်ကြပါသည် ကျွန်တော်တို၏ အသက်ရှူသံများတွင်ပင်မူ ပုံမှန်အနေအထားမျိုးဖြစ်ကြသည်။ ကျွန်တော်တို့တွင် တစ်ယောက်ယောက်၏ အခြေခံအားဖြင့် မိမိအပေါ်အားကြခံလိုခြင်း မိမိအားကြရသောလူများနေရာတွင် အစားထိုးချင်း၊ ဇတ်ကောင်တစ်ချို့နေရာတွင်မိမိကိုယ်ကိုယ် အစားထိုးကာ Shakespears ၏ပြဇတ်ဆန်ဆန်ဇတ်လမ်းများဖန်တီးခဲ့ကြခြင်း စသည်ဖြင့် အတော်ခပ်ဆင်ဆင် တူနေကြသည်။ ကျွန်တော်တို့သည် မာဆိုးကဲ့သို့စည်းပြင်ကလူ ကိုလည်း ထိုပုံပြင်အတိုင်းသာ စီရင်ခဲ့မည့်သူများသာ ဖြစ်ကြပါသည်။လောကတွင်အခြားသောအရာများနှင့်အသက်ရှင်သန်ရန် ကြိုးစားခဲ့ကြ ရာတွင်လည်း ဘဝနဲ့ချည်ကာ လိမ်ညာတက်သူများဖြစ်ကြပါသည်။တကယ်တော့ လောကတွင် ကောင်းခြင်း၊ဆိုးခြင်း၊ မှန်ခြင်း၊မှားခြင်းအားလုံးသည်လဲ ကျွန်တော်တို့ကိုယ် တိုင်ရေးသားခဲ့သည် ဥပဒေများသာဖြစ်ကြပါသည်။

ကျွန်တော်တို့သည် ကိုယ်တိုင်ရေးသားခဲ့သော အရာများနှင့်ပိတ်မိနေတက်ကြသည်။ထို့အပြင်အခြားလူများရေးသားခဲ့သောအရာများတွင်လည်း  ပိတ်မိနေတက်ကြသည်။ ကျွန်တော်တို့အချို့သည်ထဲမှ စည်းမျဉ်းစည်းကမ်းများနှင့် တကွ ဘာသာတရားအချို့တီထွင်ခဲ့သည်။ ထို့အတူ ဘုရားသခင်ဆိုသည့် မင်းသားခေါင်းနှင့်ဘီလူးများကိုလည်းဖန်တီးခဲ့ကြသည်။ ကျွန်တော်တွေ့ရှိခဲ့သော် ဘာသာတရာများတွင် ဖန်တီးသူများ၏ လောဘအချို့လဲပါရှိလာတက်ပါသည်
မိမိကိုယ်ကိုယ်အားကိုချင်စိတ်နည်းသောသူများသည် ထိုဇတ်ကောင်အား အဆမတန်အားကိုးတက်ကြသည်။ ကျွန်တော်အားလုံးသည် ကျွန်တော်တို့၏ အပြုအမူများ နှင့်တိုက်ရိုက် အချိုးကြ ဖြစ်တည်နေကြသူများသာဖြစ်ကြသည်။ ထို့ကဲ့သို့နောက်တွင်ကြိုးကိုင်နေမည့် ဇတ်ကောင် တစ်ကောင်မှမရှိသည်မှာ ကြိမ်းသေသည်ဟု ယုံကြည်ပါသည်။

အမှန်က ကျွန်တော်တို့သည် မျဉ်းများနှင့်ပိတ်မိနေခဲ့ကြသည်၊ ထိုမျဉ်များသည် ကျွန်တော်တို့၏ ဘဝများကို ကန့်လန့်ဖြတ်အနေအထားလည်းကောင်း၊ထောင်လိုက် အနေအထားလည်းကောင်း ကျွန်တော်တို့ကိုယ်တိုင်ရေးဆွဲခဲ့ကြသည် ။ဒီဂရီအနည်းငယ် တိမ်းဆောင်းယုံမှလွဲ၍ ခပ်ဆင်ဆင်တူသော မျဉ်းများနှင့်သာ အသက်ရှင်နေခဲ့ကြသူများဖြစ်ပါသည်။

1 Comments:

"ကျွန်တော်တို့တွင် တစ်ယောက်ယောက်၏ အခြေခံအားဖြင့် မိမိအပေါ်အားကြခံလိုခြင်း မိမိအားကြရသောလူများနေရာတွင် အစားထိုးချင်း၊ ဇတ်ကောင်တစ်ချို့နေရာတွင်မိမိကိုယ်ကိုယ် အစားထိုးကာ Shakespears ၏ပြဇတ်ဆန်ဆန်ဇတ်လမ်းများဖန်တီးခဲ့ကြခြင်း စသည်ဖြင့် အတော်ခပ်ဆင်ဆင် တူနေကြသည်။" ---1

"ကျွန်တော်တို့သည် မာဆိုးကဲ့သို့စည်းပြင်ကလူ ကိုလည်း ထိုပုံပြင်အတိုင်းသာ စီရင်ခဲ့မည့်သူများသာ ဖြစ်ကြပါသည်။" ---2

အဲ့နှစ်ကြောင်းက contradictory ဖြစ်နေသလားလို့...။ :)))

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.