လောလောလတ်လတ်အခြေအနေရ ရာသီဥတုသည် ကျွန်တော့်ဘက်ပါတော့မလို မပါတော့လိုနဲ့ ညိုမလို လင်းမလိုဖြစ်နေသည်။
လှမ်းမျှော်ကြည့်ရင်မြင်နိုင်သော မီးခိုးများအူ၍ ထွက်နေသော တောင်စောင်းတစ်နေရာလဲတွေ့နေရသေးသည်။
လွန်ခဲ့သောမိနစ်အနည်းငယ်က တီးထားသော ဂစ်တာလေးသည် ပိုးလိုးပက်လတ်လဲနေသည်။ လွန်ခဲ့တဲ့မိနစ်အနည်းငယ် မယင်ငယ် တုန်းပိသံ နှင့်ဆိုထားသည်
"တိတ်တိတ်ဆိတ်ဆိတ်နဲ့သိနားလည်ငိုကျွေးဖို့..."ဆိုတဲ့ chorusလေးညည်းမိတိုင်း မောင်မောင်ဇော်လတ်ကို ကျွန်တော် ချီးကြူးမိသည်။ ချီးကြူးမိသည့်စကားလုံး အား ကျွန်တော် ချေးကြူးမိသည်ဟု ပေါင်းမိသည် ထို့နောက် ခြီးကြူးမိသည်ဟုပေါင်းမိသည် နောက်ဆုံး စောစောက စာကြောင်းမှာလိုပေါင်းလိုက်သည်။ မှန်ချင်မှန်မည် မှားချင်လဲမှာနေနိုင်သည် ။ စာလုံးပေါင်းသတ်ပုံ အတွက် ကျွန်တော်တာဝန်မယူနိုင်။ လောလောလတ်လတ် အခြေအနေရ နားထဲတွင်ရယ်သံအချို့ကိုစိတ်တိုနေသည်။
ဘဝဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်နေသည် ကျွန်တော် အနည်းငယ်ရယ်ချင်သွားသည်။ ဟုတ်သည် ... သူ့ဟာသူ ဆောက်တလွဲဖြစ်နေသည်။ ခပ်ရိုင်းရိုင်သုံးမိ၍လားမသိ ရန်ကုန်မှ မာဆက်အမည်ခံ ဘိတွေအကြောင်းသတိရသည်။ ကျွန်တော်သိနားလည်စွာ ကစားဖူးသော နေရာများဖြစ်သည်။ ထို့နောက်တစ်နေကုန်အင်တာနက်ထိုင်သုံး ဘူးသော တိုကျိုဒိုးနပ်ကိုသတိရသည်။ ကျွန်တော့်ကို စာလုံးပေါင်းမှာသည်ဟု ဝေဖန်တက်သူများကိုလဲသတိရနေသည်။ ဘဝမှာ ကျွန်တော် ဘယ်သောအခါမှ သတ်ပုံ မစစ်ပါ....။ လက်ရှိအနေအထားရ ကျွန်တော်မှားနေနိုင်သည် မြင်ခဲ့သည်ပင်လျှင် အမှန်ကိုပြင်ဖို့ကျွန်တော့်တွင်အစီအစဉ်မရှိ။ အစီအစဉ်ဟူ၍ ဆိုရအောင်လည်း မည်သည့်အရာက အစဉ်လိုက်လာနေသနည်း....။ ဖြေပါ။မဖြေနိုင်လဲနေပါ။ ထူးအိမ်သင်ဆုံးသွားတာကြာပြီ ဒါကိုကျွန်တော်သိသည် ခင်ဗျားတို့လဲသိပါလိမ့်မည်
သူ့သီချင်းတချို့ရှင်သန်နေသည်.... ချစ်ချင်းအားဖြင့် သူ့၏ အခြားသောဖန်တီးမှုများကိုတောင့်တသည်။ အနည်းဆုံးသော မိမိဒိုင်ယာရီ မှ ကောင်းနိုးရာရာများ(အကောင်းခြည်းပဲရေးထားသော မှတ်တမ်းများ) အားကောက်နှုတ်၍ စာအုပ်ရေးရောင်းသူများကို အမြင်အနည်းငယ်ကတ်နေသည်။ ထို့နောက်စကားကြီးစကားကြယ် ပြောလွန်းသော လူတစ်ယောက်ကို ဘယ်လိုစာမျိုးနဲ့စောင်းချိတ်ရင်ကောင်းမလဲစဉ်းစားမိသည်။ ယခုလောက်နှင့်လုံလောက်ပြီဟုထင်တယ်။
အတိတ်သည် ခပ်မှိန်မှိန် ရှိနေသလို အနာဂါတ်သည် ဝိုးတိုးဝါးတားဖြစ်နေသည်။ မနေ့ညက မန်ယူရှုံးသည် ကျွန်တော်ပျော်သည်။
ဘာရယ်မဟုတ် သူတို့ကိုမုန်းသည်။ သူတို့လဲ ကျွန်တော့်အားသိမည်ဆိုလျှင် မုန်းနိုင်ပါသည် ။သို့သော် သူတို့ကျွန်တော့်အားမသိသဖြင့်
အမုန်းသံသရာမရှည်တော့ ကံကောင်းသည်။ မဆီမဆိုင် လွန်ခဲ့သောလအနည်းငယ်ကလားမသိတော့ သေသွားပြီကြားသော ရေဘဝဲပေါလ်အားသတိရသည်။
ပြည့်ကြီးငါး ,ကင်းမွန်သို့မဟုတ်ရေဘဝဲ ထုတ်ထုတ် ထုတ်ထုတ်နေမည့် ပင်စာအချို့စားချင်နေသည်။ မနက်တုန်းက ပိုတဲ့ အီကြာကွေးလေးလဲ ကျွန်တော့်လို ပျောတီးပျော့ဖတ်ဖြစ်နေပြီဟုထင်တယ်။ညနေလေးနာရီခွဲကျော်ပြီ ယခု ကျွန်တော်လဲ နှစ်လုံးထီထွက်ချိန်ကို သတိမိလာကြောင်းစဉ်းစားမိသည်။
ထိပ်စီးငြိမ်လောက်ပြီဟုထင်သည်၊ ဖြစ်ချင်ရာဖြစ်နိုင်သည်။ယနေ့ခန့်မှန်းချက်များအရ မနက်ဖြန်ဖြစ်လာမည့်အကြောင်းတရားများအား မနက်ဖြန်တွင်သိနိုင်မည်ဟု သတင်းရရှိပါသည်။

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.