ကျွန်တော့်ခန္ဒာကိုယ်ပေါ် သူတို့ခုန်ဆင်းလာတုန်းက
ခပ်စိမ့်စိမ်နာကြင်မှုတွေကို တွေ့ရတယ် ။
မိုးစက်လေးတွေလိုပါပဲ
ကျွန်တော် အချိန်တန်ရင် အငွေ့ပြန်မယ် ပြန်ရွာချမယ်။
တိမ်လေးလို ပေါ့ပေါ့ပါးပါးလွင့်ပြန်နေမယ်။
မြစ်တွေချောင်းတွေမှာ ညစ်ကြယ်ကြယ်နဲ့ စီးဆင်းနေမယ်။
ပင်လည်တစ်ခုလို လှိုင်းလေတွေနဲ့ တည်ငြိမ်နေမယ်။
တကယ်တော့ ကျွန်တော်က အဖြူရောင်ဆိုတာထက်
မိုးစက်တွေလိုအကြည်ရောင်ပါ
ကျွန်တော့် ပတ်ဝန်းကျင်က ပဲ
ကျွန်တော့်ကို ချယ်သခဲ့တာ .....။
လူတစ်ချို့အပေါ် ခပ်စိမ့်စိမ့်ရွာချဖူးယုံက လွဲလို့
ဒီထက်မပိုခဲ့ပါဘူး။
မိုးစက်ပွင့်လေးရဲ့ ကိုယ်ပိုင်စာမျက်နှာက
အဖြူရောင်တွေနဲ့
ဟောင်းနွမ်းနေခဲ့တာ...။
Posted by
AungMyintMyat
0 Comments:
Post a Comment