အချစ်ဆိုတာ နာမ်ပုဒ်တစ်ခုလား
ဒါမှမဟုတ်ကြိယာတစ်ခုလား
အချစ်ဆိုတဲ့ စကားလုံးနဲ့သင့်တော်တဲ့ဝါကြ ကို
ကျွန်တော့် ဒိုင်ယာရီထဲမှာရှာမတွေ့ခဲ့ဘူး။
ဒီလိုနဲ့ သူမကိုကျွန်တော်ဆုံးရှုံးခဲ့တာ။
သူမကိုဆုံးရှုံးခဲ့ပြီး နေ့ရက်တွေမှာ
အချစ်ဆိုတာ ကိုသဘောပေါက်လာခဲ့တယ်
ဘ၀မှာ တစ်သက်လုံးမှာမှ တစ်ကြိမ်ပဲ
လုပ်ရုံလုပ်ခဲ့တဲ့အရာတစ်ခုပါ....။
သူမကို ဆုံးရှုံးပြီး နောက်ပိုင်း
ကျွန်တော့် ဒိုင်ယာရီထဲမှာ
အချစ်ဆိုတဲ့ စကားလုံးကို
ပုဒ်မ အပြည့်ချခဲ့တယ်။
ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့
အချစ်က ပြည့်စုံနေလိုက်တာ။
ချစ်သူရေးသားခဲ့တဲ့ နေစွဲတွေကို
တိုးတိုးလေး တမ်းတ
ဂစ်တာလေးနဲ့
"အမြန်လာပါ ....အိပ်မက်လေးရေ...."
လို့ ညဉ်းမိတုန်း တစ်ခါတုန်းက
အကြောင်းတွေ ခေါင်းထဲရောက်လာတယ်
ဟုတ်တယ် ကျွန်တော့်အတိတ်တွေက
တစ်ခါတုန်းက လို့ ခေါင်းစဉ်တက်လောက်အောင်
ကိုဟောင်းနွမ်းသွားခဲ့ပြီ။
အရောင်မှိန်ခဲ့တဲ့ အိပ်မက်တွေနဲ့ပေါ့။
Posted by
AungMyintMyat
0 Comments:
Post a Comment