လူပြောအတော်လေးများလာခဲ့ပါသည်....။
အချစ်အကြောင်းဟုပြောရရင်လူကြီးမင်းတို့နားလည်
သောသဘောဟု ထင်နိုင်ပါသည်...။
ထိုအရာကိုကျွန်ုပ်မနှံ့စပ်သောအရာများ
ဟုခေါင်းစဉ်တက်ချင်သော်လဲ
အမလေးပြောရတော့မယ်.....
လူပျက်တွေပျက်တဲ့ငိုချင်းလိုပဲပေါ့...
မည်သူမျှသေသေချာချာမသိကြပါ...။
ထို့သို့တန်ဖိုးချင်းနှင့်အဓိပ္ပါယ်သတ်မှတ်ရာမှာလည်း
အသက်အရွယ်စိတ်နေစိတ်ထားကနေစ၍ကွာချားပါသည်ဟုထင်၏..။
၂၀ကျော်များသည်ဘုရားသဖွယ်ကိုးကွယ်နေသောအချစ်
ဘီယာဆိုင်တွင်ထိုင်၍ပန်းကုန်းစွပ်နေသော ဗိုက်ပူကြီးများ ၏အချစ်
ခြင်္သေ့ပုံစံစိမ်းစိမ်းလေးတွေကို အထပ်လိုက်ကိုကြည့်သော
ခပ်မိုက်မိုက်ကောင်မလေးတွေ၏အချစ်
စာရေးစရာတော်တော်တော်များများပြောနေကြအချစ်...။
ထိုသို့အချစ်များစွာကိုကို ကိန်း(၁၅၀၀)ဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင်
တန်ဖိုးအားလုံးရောထွေးသွားနိုင်ပါသည်...။
ထို့ကြောင့် တချားတန်ဖိုးများ သတ်မှတ်ရန်
ပိုက်သာဂိုရပ်စ် အားမေးမြန်းလိုသော်လည်း
သူသည် WTC အဆောက်အဦးအား ပြန်လည် တည်ဆောက်ရာတွင်
စီမံခန့်ခွဲနေရ သဖြင့်မအားလပ်သောကြောင့် ထိုကိစ္စကို ခေတ္တမျှ ဆိုင်ငံထားပါသည်...။
ကျွန်ုပ်သိချင်သော အချစ်သည်ကား
ထရိုဂျန်မင်းသမီး ဘရစ်ဆေးလ် အား အားခီလိစ်ချစ်သောအချစ်။
ထိုအကြောင်းအရာကိုကိုသုသေသနပြုလုပ်ရန် အားခီလိစ်ကို
အင်တာဗျူးတစ်ရပ်ပြုလုပ်ထားပါသည်..။
ထိုအင်တာဗျူးအားအလျှင်းသင့်သလိုဖော်ပြသွားပါမည်...။
ထိုအချစ်သည် ခေတ်အဆက်ဆက်ချစ်လာခဲ့ပါသည်
ယခုလည်းဆက်လက်၍ ချစ်ချင်သလိုချစ်နေကြပါသည်..။
နောက်လည်းဆက်ချစ်နေမည် ဟုထင်ပါသည်...။
ထို့ကြောင့်ခေတ်အဆက်ဆက်ပြောင်းလဲလာသည့်
ပုံစံအတိုင်း ပြောရင်းပြောနေမည့်
မည်သူမျှရေရေရာရာမသိ သော
အချစ်ဆိုသည့်အရာကို
ကျွန်ုပ်သုသေသနပြုလုပ်ချင်းကိစ္စအား
ကျွန်ုပ်လည်း ချစ်ချင်သလိုချစ်နေ၍
ရာသက်ပန် ရပ်နားလိုက်ပါသည်...။
Posted by
AungMyintMyat
0 Comments:
Post a Comment