လူ့ယဉ်ကျေးမှုဆိုတာကြီးအားရိုက်ချိုးခွင့်ပြုပါ...။
ကလေးငယ်က လူကြီးကိုမှုန်ကုတ်ကုတ်နှင့်မေးလိုက်သည်...။
လူကြီးက ဟားဟားစကားတက်လိုက်တဲ့ကလေးလေး.......တဲ့...။
ဒီလိုကလေးငယ်စီကဒီစကား ကြားရတာကို
အတော်လေးအံ့အားသင့်ဖို့ကောင်းပါတယ်
ဒါပေမဲ့ လူတချို့တော့
ရယ်စရာလို့သဘောထားလိုက်တက်ကြတယ်...
တကယ်တော့ထိုကိစ္စများသည်တွေးတောသူနှင့်သာဆိုင်သည်ဟုပြောချင်သည်..။
လူ့ယဉ်ကျေးမှုဆိုတာ လူ့တွေနေတဲ့ပတ်ဝန်းကျင်မှာ ထိမ်းသိမ်းထားတဲ့
စည်းမျဉ်းစည်းကမ်းများဟု အဓိပ္ပါယ်ဖွင့်ဆိုရပါက ထိုအရာများသည်
သဘာဝနှင့်လိုက်ပြီး update ဖြစ်ဖို့လိုလာသည်ဟုထင်မိပါသည်...။
ဥပမာ -ကမ္ဘာယောက်ျားလေးမွေးဖွားမှုနှုန်းသည် မိန်းကလေးမွေးဖွားမှု
နှုန်းထက် ထ၀က်မကကွာခြားလာနေသည်...
ထိုသို့ကွာခြားမှုကို ယခုအတိုင်းဆက်လက်သွားနေမည်ဆိုရင်
နောက်နှစ်ပေါင်း၅၀တွင် ယောက်ျားလေးတစ်ယောက်သည်
အနည်းဆုံးမိန်းမနှစ်ယောက်ယူမှသာ အပျိုကြီး ဦးရေသည်ပုံမှန်ဖြစ်သွားမည်
လက်ရှိယဉ်ကျေးမှုအတိုင်းသာဆိုလျှင် ကမ္ဘာ့လူဦးရေ၏ သုံပုံနှစ်ပုံ
သည် အပျိုကြီးများဖြစ်သွားမည်... လူပျိုကြီးဦးရေသည်လဲ 0% အထိ
လျော့ကြသွားနိုင်သည် ထို့နောက် ယောက်ျားလေးဦးရေသည် ကမ္ဘာ့ရှားပါးသို့
ရောက်လာနိုင်သည် ထို့ကြောင့်ထို လူ့ယဉ်ကျေးမှုကို ပြင်ဆင်ရန်လိုအပ်လာသည်..။
ထိုအကြောင်းအရာကိုကြားပြီးလက်ရှိအိမ်တွင် ကုပ်နေရသောထိပ်ပြောင်ကြီးများ
ခေါင်းထောင်လာနိုင်ပါသည်...။
သို့သော် ကျွန်တော်ဆိုလိုသည်က....
ထို့ကဲ့သိုထိပ်ပြောင်ကြီးများ ၏ အတွေးနှင့် လုံးဝ ကွာချားနေပါသည်..။
ထိုအခါလူ့ယဉ်ကျေးမှုသည် ပိုက်ဆံရှိ၍ မိန်းမထပ်ယူတာမဟုတ်
(ယခု ထိပ်ပြောင်ကြီးများ ၏ အမျိုးသမီးများ ၏ အမုန်းဆုံးစကား
မယား ပြိုင် ဆိုသည့် အဓိပ္ပါယ်သက်ရောက်ချင်းမရှိစေရ)
လူ့ဘောင်လောကတစ်ခုလုံးကိုက ထိုကိစ္စကိုနားလည်ပေးရတော့မည်ဖြစ်သည်...။
ကျွန်တော်ယခုတင်ပြနေသည့် ၁လင် ၂မယားစနစ်သည် နောက်နှစ်ပေါင်း၅၀ကျော်မှသာ
ဖြစ်နိုင်သည် ဆိုသည်ကို စာဖတ်သူများမမေ့စေလို.
အပြစ်တင်လျှင်လဲ ကျွန်တော့်ကိုခွင့်လွှတ်ဖို့ မတောင်းဆိုပါ ..။
ထို့ကဲ့သို အချိန်ကာလအလျောက်ပြင်ဆင်သင့်သည့် ယဉ်ကျေးမှုများကိုသာ ဆိုလိုပါသည်...။
ထိုကဲ့သို့ ပင်နှစ်ပေါင်းများစွာက အစွဲများ အယူအစများသည်လဲ
အချိန်ကာလနှင့်အလျောက်ပြောင်းလဲလိုက်သင့်ပါသည်....။
ထို့သို့ပြောင်းလဲမှုများနှင့်အတူ updateဖြစ်လာသော
လူ့ယဉ်ကျေးမှုကြီးအား....
အရင်တစ်ခါကလိုပဲ မော်ဒန်လူ့အဖွဲ့စည်းဟု ခေါင်းစဉ်တပ်ရန်စဉ်းစားမိသော်လည်း....။
Posted by
AungMyintMyat
3 Comments:
ဟားဟား .. ကြိုက်သွားပြီ :D
ဟိုက်... မိုက်လှချည်လား... သားသားး)
ထိပ်ပြောင်ကြီးတွေ... ခေါင်းထောင်လာမယ့်ကိစ္စ... ;P
ဖတ်ကောင်းနေတုန်း ရုတ်တရက် တုန့်ခနဲရပ်သွားသလိုပဲ.... ဆက်ရေးဖို့ မရှိတော့ဘူးလား....း)
ဆက်ရေးရင် ဆက်ဖတ်ချင်ပါ၏။
ဆက်ရေးချင်တယ်ဗျ...။
ရေးလဲရေးပါမယ်...
ဟိဟိ ဒါမဲ့
ကို့နှဖူးကိုပြန်ပြန်စမ်းကြည့်ကြည့်မိနေလို့
Post a Comment