ကျွန်တော်စဉ်းစားမိတာက မျှော်လင့်ချက်တွေဟာ
ဘ၀တွေကို သေဆုံးသွားစေနိုင်သလားဆိုတာပဲ

အလင်းဆိုသည်မှာ
ဖွင့်ဆိုခြင်းအားလုံ၏ တောက်ပမှုတစ်မျိုးဖြစ်သည်။
ကျွန်တော်၏ ကိုယ်ပိုင်ဖွင့်ဆိုချက်တစ်ရပ်တွင်တော့
သူမသည် အလင်းဖြစ်လေသည်..။

တစ်လျှောက်လုံး ရူးခဲ့တဲ့ောင်
တစ်ချက်တည်းနဲ့ ထပ်မံရှုံးနိမ့်၊
ရိုးသားမှုအခန်းထဲမှာ
အဖော်မဲ့စွာမူးလဲ၊
ဝေဒနာအတိုအစတွေကလည်း
ရင်ခွင်အနှံ့မှာ ၀ုန်းဒိုင်းကြဲလို့၊
အချစ်ရေ-
သီချင်းသေတစ်ပုဒ်အတွက်
ကိုယ်ယဉ်ကျေးခဲ့ပါတယ်။ ။

ဒီရေ
အတွေးကတွေး ထောင့်ထဲက ရုန်းထွက်လာ
အမြင်ကမြင်ကွင်းထဲမှာ ပြန်ပုန်းကွယ်


ငါ့မျက်လုံးကိုဖွဖွမှိတ်ပြီး
မင်းနံမည်ကိုတီးတိုးရွတ်ဆိုကြည့်မိတဲ့အခါ
နှင်းမုန်တိုင်းလေးတွေသည်းတဲ့အထဲ
ပန်းလေးတစ်ပွင့် ရှင်သန်နေသလိုမျိုးနဲ့
မျှော်လင့်ချက်ဟာလူးလွန့်လို့....။

ပထမဆုံး လူမဖြစ်နိုင်တဲအခါ
ဒုတိယဆိုတာ
တတိယလူနဲ့ အတူတူပါပဲကွယ်။

လွမ်းတယ်
ဒါ---တကယ်ပဲလား။
ကောင်းကင်က အလျားဆန့်
အလွမ်းတွေ တောင်ပန်ဖြန့်ရင်း
ငါဝဋ်တစ်ခုကိ တစ်ကနေ စရေခဲ့ပြီ
တစ်နေ့ တစ်နေ့
ဒီလမ်းတွေကိုပဲ
ကောင်စကင်နဲ့အပြိုင်ငေးကြည့်
ချစ်သူ့ခြေရာလေးး ရှိမလားလို့လေ....။
ရယ်သံဖွဖွလေးက ခပ်တိုးတိုးဝင်လာစဉ်
အိပ်မက်လွင်ပြင်ထဲက ငှက်ကလေးပြုတ်ကျ
ညတစ်ညလုံ
အလွမ်းတွေနဲ့ ဖုံးသွားပေါ့။
မိုးမလင်းခင်ကတည်းကိုက
မဆိုက်ရောက်သေးတဲ့ ရထားတစ်စီးကို
ဘူတာအိုကလေးက လွမ်းတပုံမျိုးနဲ့
ငါ့ခေငါမိုးအုတ်ကြွတ်နီနီအလွမ်းတွေ. . .။
ကလေးဖေးဆိုင်နောက်မှီလေးပေါ်မှာ
ဖျတ်ခနဲ တင်ကျန်ရစ်တဲ့
မနေ့က အသံလေးကို
တယုတယ ကောက်ယူသိမ်းဆည်းမိတော့. . .။
မိုင်ခြောက်ဆယ်မဝေးတဲ့ နယ်နမိတ်စီက
ငါ့ရဲ့သထ္ထုစလေးရေ- - -
အကြည့်တစ်ချက်နဲ့တင်
တစ်ဘ၀လုံးစာ လုံလောက်သွားတဲ့ စွဲလမ်းမှုမျိုးနဲ့
ငါက ရူးသွပ်ခဲ့တာပါ။
(ဆရာဝေမှုးသွင်
အဆင့်မြင့်ချည်တိုင်ဝထ္ထုမှ)

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.