မိုးလင်းပြီဆိုကတည်းက
ဝိဇ္ဇာနဲ့နိုးထခဲ့သလား၊
အ၀ိဇ္ဇာနဲ့နိုးထခဲ့သလား၊
ဘယ်သူမှမဆန်းစစ်ဖြစ်
သေချာတာကမျက်နှာသစ်ခဲ့ရတယ်...။
ကျုပ်တို့ရဲ့ လျှာတွေက
အရိုးရှည်ရှည် အရွက်ကြီးကြီးတွေပါ၊
ရာသီဥတုသာယာတဲ့နေ့ကလေးပါကွယ်
ရိုးသားမြင့်မြတ်ခြင်းတွေက
လေချွန်ရင်းဒူးနန့်နေခဲ့ပေါ့.။
လက်တဖျစ်စာတောင်
မရှိတဲ့သဘောထားကြီးမှုပါ။
ဒီမှာ
ကောင်းကင်နဲ့ မျက်နှာချင်းဆိုင်ခဲ့ရတယ်။
ဟော့ဒီ- - -မတုန်မလှုပ် နေ့ခါးခါးတွေထဲက
ငါ့စိတ်တစ်ပြင်လုံး သွက်သွက်ခါသွားအောင်
အဲဒီ ဗဟိုမဲ့ အသံလှိုင်းတွေထဲမှာ
ဘယ်လိုဆွဲအားတွေပါလိမ့်၊
ကောင်းကင်လင်းအောင် မှုန်ဖွဲ့နေခဲ့ပါတယ်။
နေ၀င်ချိန်
ဓားသွားပေါ်က အားထုတ်မှု
ကြယ်သီချင်းများရဲ့ ကိုယ်စား
ငါဟာ ခရီးသည်ဖြစ်ခဲ့တယ်.။
အချစ်ဆိုသည်မှာ ခံစားမှုမျာ။အားလုံးပြီးဆုံးသွာသော
အသိကိုဘာသာပြန်ထားခြင်းသာဖြစ်ပါသည်..။
ဝိဇ္ဇာနဲ့နိုးထခဲ့သလား၊
အ၀ိဇ္ဇာနဲ့နိုးထခဲ့သလား၊
ဘယ်သူမှမဆန်းစစ်ဖြစ်
သေချာတာကမျက်နှာသစ်ခဲ့ရတယ်...။
ကျုပ်တို့ရဲ့ လျှာတွေက
အရိုးရှည်ရှည် အရွက်ကြီးကြီးတွေပါ၊
ရာသီဥတုသာယာတဲ့နေ့ကလေးပါကွယ်
ရိုးသားမြင့်မြတ်ခြင်းတွေက
လေချွန်ရင်းဒူးနန့်နေခဲ့ပေါ့.။
လက်တဖျစ်စာတောင်
မရှိတဲ့သဘောထားကြီးမှုပါ။
ဒီမှာ
ကောင်းကင်နဲ့ မျက်နှာချင်းဆိုင်ခဲ့ရတယ်။
ဟော့ဒီ- - -မတုန်မလှုပ် နေ့ခါးခါးတွေထဲက
ငါ့စိတ်တစ်ပြင်လုံး သွက်သွက်ခါသွားအောင်
အဲဒီ ဗဟိုမဲ့ အသံလှိုင်းတွေထဲမှာ
ဘယ်လိုဆွဲအားတွေပါလိမ့်၊
ကောင်းကင်လင်းအောင် မှုန်ဖွဲ့နေခဲ့ပါတယ်။
နေ၀င်ချိန်
ဓားသွားပေါ်က အားထုတ်မှု
ကြယ်သီချင်းများရဲ့ ကိုယ်စား
ငါဟာ ခရီးသည်ဖြစ်ခဲ့တယ်.။
အချစ်ဆိုသည်မှာ ခံစားမှုမျာ။အားလုံးပြီးဆုံးသွာသော
အသိကိုဘာသာပြန်ထားခြင်းသာဖြစ်ပါသည်..။
0 Comments:
Post a Comment