ဘ၀အာမခံချက်ဆိုတာတွေကို ဖြိုချပြီး နေရာတစ်ခုမှာ လူဖြစ်ရချင်း၏တာဝန်ယူမှုများကို ထမ်းဆောင်ရင်း
တစ်နေ့နေ့ဆိုတာတွေကိုခဏမေ့ထားမိတယ်. . . . . . . . ။လူဆိုတဲ့ Comments တွေကို နားထောင်ရင်
အသက်ဆက်မဲ့မနက်ဖြန်တွေမှာ . . . ငါဖိနပ်မစီးတော့ဘူး. . . ဘ၀ဆိုတာပြသနာတော့မဟုတ်ဘူး
အိမ်မက် ကို ဆီကျန် ရေကျန် မက်ချင်သည် ။
ကျနော့် ကိုဇိကုပ်ပြီး နတ်ပြည် မပို့ကြပါနဲ့ ။ ကိုယ့်ဘာသာကို သွားမည် ။ ကျနော့်
ကို ဇိ လာကုပ်တာမျိုး ကျနော်မကြိုက်ပါ ။ မနာဘူး ဆိုရင်တောင် ယားတော့ယား
တတ်သည် ။ ထိုသို့ဖြင့် ဇတ်ကြီးက မျောသွားသည် ။ ဇတ်မျောကို လိုက်ဆယ်ရင်း
ပင်လယ်က မျောသွားသည် ။ ဘာမှမကျန်ခဲ့ ။
ညာတာပါတေး ကောင်မလေး တစ်ယောက်နှင့် ကျနော် ဝေးသွားသည် ။ ညကြီးမင်း
ကြီးမှာ သူ့ကိုသတိရ၏ ။ သူကတော့ မေ့နေပြီ ထင်ပါသည်။
"ဌာနေဌာန ကောသလဥာဏ်" ဆိုတာကို ကျနော်မသိပါ ။ သိလိုသူများ ဆရာလှသမိန် ၏
"ကြွယ်ဝခမ်းနား မြန်မာစကား" စာမျက်နှာ (၇၂) ကိုရှုပါ ။ ရွှံပေါ်ရှဥ့်ပြေး သော်လည်း ရှဥ့်မွှေး
ရွှံမလူးပါ ။ တိုတဲ့ လျှော်က တို၍ ရှည်တဲ့ လျှော်က ရှည်ပါဦးမည် ။ ဘာကိုပဲလုပ်လုပ်
ဌာန်ကရိုဏ်း ကျဖို့လိုပါသည် ။ ဘာမှ မလုပ်ဘဲ နှင့်လည်း ဌာန်ကရိုဏ်း ကျဖို့ လိုပါသည်။
တကူတက တူးဖော်သောက်ရတာ ၀ိုင်တစ်ခွက် ဖြစ်၏ ။ ခွက်နဲနဲ ပဲ့နေသည် ။ ဗိုက်ထဲသို့ တဟီးဟီး
တဟားဟား ၀င်သွားသည် ။ နံနက်ခင်း ကိုမတွေ့ရ ။ တပေါ့တပါး သွားသည်ဟု သိရသည် ။ ဧည့်ခံ
ပွဲကလည်း တဗျစ်ဗျစ် တောက်တောက် နှင့် ဆူညံနေသည် ။ မီးရှူးပွင့်တွေ တအုံနွေးနွေး တောက်ပနေ၏ ။
ဘယ်သူ့ကိုမှ တီတီတာတာ မပြောခဲ့ပါ ။ အိမ်ကို တလိမ့်ခေါက်ခွေး ပြန်လာခဲ့၏ ။
အနုပညာက ထိုင်ကားယား ထကားရား ဖြစ်နေသည်။
သူ့အပေါ် တတ်စီးမည့် သူများကို လိုလားပုံ မပေါ် ။ ရထားက ဒရောသောပါး ထွက်၏ ။
လူတစ်ယောက်က ရွှေမန်းမြို့မှ မမကေသီကို သတိရနေသည် ။ ဒယီးဒယိုင်ဖြင့်
တူးတူး ဟုအော်၏ ။
အနုပညာသည် ကျနော့် ဓါးမဦးချမြေ ဖြစ်၏ ။ ဆက်လက် ထွန်ယက် ရဦးမည် ။ တစ်ချို့က ကျနော့်ကို ဓမ္မန္တ္တရာယ် ဟု မြင်ကြသည် ။
ဓမ္မ္မာသောက အင်းဝရာဇာ အဖြစ် အလွန် ချစ်ကြ၏ ။ ကိစ္စမရှိပါ ။
ဓါတ်ကြီး လေးပါး ညှိဆေး ဆိုသည်မှာ ကျနော့် ကြီးဒေါ် ဖော်ရောင်း နေသော ဆေးဖြစ်ပါသည်။
သူခိုးကို ဓါးရိုး မကမ်းပါနှင့် ။ ကုန်ကုန် ပြောရလျှင် ဘယ်သူ့ကိုမှ ဓါးရိုးမကမ်း ပါနှင့် ။
မှုန်ပြာရီ ခေတ်ကြီးအတွင်း မှာ သဘာဝတရားက ကျွန်တော့်ကို ပါးသိုင်းကြိုး တပ်၏ ။
နဖူးရေ ဒူးရေ မကောင်းလှသော ညနေခင်းကြီး ဆီ သွားမည်။
ကျွန်တော့်မှာ ပဝေသဏီ ဆန်သော ပါးစပ်ပုပ်ကြီး ရှိပါသည်။ ပိုးစိုးပက်စက်တေ-့  မပြောတတ်ပါ။
သို့သော် ပုဆိုးတန်းတင် ပြောတတ်ပါသည် ။ အဆင်မပြေလှချေ ။
လူဖြစ်လူတာ ကိုက ဗရုပ်သုတ်ခနဲ့ပါ ။ ဗရွတ်ရွှတ်တ ဆီတွေ ဆမ်းထားတဲ့ ထမင်းကို ဆုတ်လိုက် ဆန်းလိုက်ဖြစ်
်နေတဲ့ ဗလောင်းဗလဲ လမင်းဆီက တောင်းစားပြီး ကြီးပြင်းခဲ့ရတာပ- ။ နောက်ဆုံးကျတော့ ..... ဗလာ။
မေမေရေ .... ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။
ယထာဘူတ မကျပါဘူး။ ဒါပေမယ့် စိတ်နာတယ်။ ဓာတ်ကြီးလေးပါး ခမျာမှာလည်း မကြာခဏ
ယောက်ယက် ခတ်ရတယ် ။ ယုံချင်မှ ယုံပါ ။ ယုံတမ်းစကား လို့ သဘောထားပါ ။ ကိုယ့်စိတ်ဆီ ကိုယ် သွားနိုင်ဖို့ အတွက်
ကျွန်တော့်ကို နည်းနည်းတော့ ဘုရားထိုင်၊ ထိုင်ခွင့် ပြုကြပါ ။
ကိုယ့်ကိုယ်ကို ရေလာမြောင်းပေး လုပ်နေရတာ .... ကြာပြီ ။ လျှမ်းလျှမ်းတောက- တယ်လို့ ဘယ်သူက ပြောသလဲ ။ အမှန်တော့ လူခြေတိတ် လွန်းတဲ့သူဆိုတာ သေချာပါတယ် ။
ဟတ်တက်ကွဲခွင့် ပြုပါ ။ 'အက်' နေရတာကို စိတ်ညစ်လွန်းလို့ ။ ဟက်တက်သာ ကွဲခွင့် ပြုကြပါ ။ ဘယ်လိုအခြေအနေ မှာမှ ဟောင်ဖွာဟောင်ဖွာ မလုပ်ခဲ့ပါဘူး ။ ဘယ်တုန်းကမှလည်း ဟန်ကျပန်ကျ မရှိခဲ့ပါဘူး ။ ဈေးသည် အေးကြွယ်နဲ့ သီချင်းအတူတူ ဆိုဖူးရုံလောက်ပါ ။ ဟိုတုန်းက ဟုန်းဟုန်းတောက် ချင်ခဲ့သမျှ ၊ ခုတော့လည်း ငြိမ်းချမ်းသင်ြး- ချင်ပြီ။
အထွေအထူးတော့ ပြောစရာ မရှိပါ။ အစကတည်းက 'အ' နေသော ဝတ္ထုပါ။ အခု ပြီးသွားပါပြီ။ အင်္ဂလိပ်လို (End) ဟုပြောလျှင်
ရနိုင်ပါသည်။ သို့သော် ကျီးကန်း ခလုတ်တိုက်သံ နှင့် တူနေ၍ မပြောတော့ပါ။ ဘာပဲပြောပြော ဝတ္ထုက ပြီးသွားပါပြီ။ ဝတ္ထုနှင့်အတူ အရာအားလုံးကိုလည်- ပြီးလိုက် စေချင်ပြီ ။ ဖတ်သူကိုရော ၊ မဖတ်သူကိုရော အထူးကျေးဇူး တင်ပါသည် ။ ။
(တာယာမင်းဝေ)
စကားလုံးလှလှလေးတွေနဲ့ သိပ်မညက်လှတဲ့ဂစ်တာသံတစ်ချို့နဲ့ ညတွေကိုဖြတ်သန်းဖြစ်တယ်
လပြည့်ညမှာဝရန်တာ ထွက်မမိဘူး ငယ်စဉ်ဘ၀တုန်းကလှလှပပလေးပြုံးဘူးတယ်. . .
မုန့်မစားရလို့ဂျီကြဘူးတယ်. . .အိမ်ကမသိအောင်ပီကေခိုးစားဖူးတယ်။
ဘ၀အာမခံချက်ဆိုတာတွေက တော်တော်များများကိုဆုံးရှုံးစေတက်တယ်. . . .
အမှန်တစ်ရားကိုဟောက်စားလုပ်ပြီး အဖြူရောင်တွေ ဆိုးထားကြတဲ့ လူတော်များများရော
ဘ၀ဆိုသည်ကိုပြန်လည်တွေးတောမိချင်းသည် ရုပ်ရှင်ဆန်ဆန်အတွေးတွေနဲ့ခပ်ပေါပေါရပ်ကြည့်နေရတဲ့
ဗီဒီယိုကားများကဲ့သို့သာ အဆိပ်တစ်ခွက်၊ကြည်ဆန်တစ်တောင့်ဖြင့် တန်ဖိုးဖြတ်ခဲ့သည်ကို လူတို့၏ ဥပဒေအတိုင်း
လူတို့ကအမှားဟုသတ်မှတ်ခဲ့ကြသည်. . . ။တွေးမိတာတစ်ခုက အမှန်တစ်ရားဆိုသည်ကိုရော ရိုသားသည်ဆိုကိုရော
အဖြူရောင်ဆိုသည်ကိုကော ကျွန်တော်တို့တီထွင်ခဲ့သောတန်းဖိုးထားမိသည့် ခပ်ပေါပေါအရာများသာ. . .
ဟာသကားများခေတ်စားလာပါသည်း လူတွေပြုံးလာတာနည်းလာချင်းလဲဖြစ်နိုင်ပါသည်. . .။ခပ်တည်တည်ရပ်ကြည့်တက်သော
ကျွန်တော့်ကို ရုပ်ရှင်ဇတ်ကားတစ်ချို့က ပြုံးစေပါသည်. . . . . . သရော်ပြုံးလဲဖြစ်နိုင်ပါသည် . . .
ထွက်ပေါက်တစ်ချို့မှာ တံတိုင်းများနှင့်ပိတ်ထားပါတယ် ဘ၀အာမံခံချက်ဆိုသည်များကကြိုးတုတ်လျှက်. .
ညနေချင်းတစ်ချို့မှာ အင်းယားကန်ဘောင်ကိုကျောပေးပြီး သူမ၏အိပ်မက်တစ်ချို့ကို ထိုင်ကြည့်မိသည်. . . ။
လေတိုက်နေတဲ့ညနေခင်းတစ်ခုမှာ သူမ ကျွန်တော့်အားပုန်းနေဘူးသည်. . .
နောက်ထပ်လေတိုက်တဲ့ညနေခင်းတစ်ခုမှာသူမ အိပ်မက်တွေပြောပြဘူးသည်. . . .
ကျွန်တော်နှင့်စိတ်ကောက်ဘူးသည်. . . . .။
မိုးတွေအုပ်နေတဲ့ ညနေခင်းတစ်ခုမှာ သူမနှင့်နောက်ဆုံးဆုံဖြစ်သည်. . . .။
ကမ္ဘာပေါ်တွင် ထိုင်းထိုင်းမှိုင်းမှိုင်းအသက်ရှင်ရချင်သည် အတော်ကောင်းသည့် အရသာဟုထင်မိသည်သို့ရာတွင်
လူအချို့သည်လူဖြစ်ရချင်း၏တာဝန်အရ များစွာသောဝေဖန်မှုများပေးတက်သည်. . .
ကောင်းကင်ကိုတော့မော့မကြည့်ဖြစ် မိမိကိုယ်ကိုယ် ဘ၀တွင် တံခါးခေါက်ပြီးလှည့်ထွက်သွားရသည်အရသာကို
သေသေချာချာခံစားမိသည်. . . လူဖြစ်ရချင်သည်း ကျွန်တော်၏အဓိကအားနည်းချက်ဖြစ်နိုင်ပါသည်. . . ။
ပျော်အောင်အိပ်ဖြစ်သည် . . . ထိုညက အိပ်မက်ထဲတွင် Kurt Cobainပါသည်။ ခိုင်ထူး သီချင်းတွေပါသည်။
The Ritz ကော်ဖီဆိုင်ပါသည်. . .။Google Talkပါသည် ။အတွင်ခံဘောင်းဘီအကြောင်းပါသည်
ထို့နောက် အတိတ်အနည်းငယ်ပါသည်အနာဂတ်ကိုတော့မတွေ့မိ. . . . . .။
လေတံခွန်တစ်ခုပါ. . . . . . . . . . . . . . . . . . . . . . ဒါပေမဲ့ "ကြိုးပြတ်နေပြီ" ။
နတ်ဆေး
၂၆ရက်၊၇လ၊၂၀၁၀ခုနှစ်
ည၈နာရီ။
ကမ္ဘာပေါ်တွင် အနှုပညာဟူ၍ အမည်တက်ခဲ့သည်မှာ
နှစ်ပေါင်းမည်မျှရှိခဲ့သည်ကို မတွက်ဖူးပါ. . . ။
သို့သော်. . .
တစ်ချိန်းတုန်းက ရာဇ၀င်များ၏ သတို့သမီးကိုရင်ခုန်ခဲ့ဘူးသော. . .
အရှေ့မြို့ရိုးမှ မိုးရေစက်လေးတစ်စက်ဖြစ်ခံခဲ့သော
ကျွန်တော်တို့၏နှလုံးသားထဲမှာဆွဲထင်ကျန်ရစ်ဘူးသော. . .
တရာမင်းဝေ၊ကိုငှက်အစရှိသော. . . ။
ကြယ်တွေကြွေတာစောလွန်းတယ်ဗျာ . . .။
ကမ္ဘာပေါ်တွင်လူတို့သည်လည်းကောင်း . . . ။
ကျွန်ုပ်သည်လည်းကောင်း ယုံကြည်ခဲ့ဘူးသောအရာများသည် တစ်ခါတစ်ရံများမှာ
သာမန် နယ်ရုပ်တစ်ရုပ်၊ ကျည်ဆံတစ်တောင့် အဆိပ်တစ်ခွက်ဖြင့်၊
တန်ဖိုးဖြတ်သွားခဲ့ကြည်သည်ကို နားမလည်စွာငေးကြည့်နေမိသည်
မည်သို့နားမလည်ဘူးပြောနေခဲ့သည်ဖြစ်စေ.
ဘဝသည် ရှုံးနိမ့်ခဲ့ပါသည်
ရှုံးနိမ့်မှုဟုကိုယ့်ကိုကိုသတ်မှတ်ခဲ့၍သာ ရှုံးခဲ့ချင်ဖြစ်သည်. . . ။
ထိုအရှုံးသည် တသက်စာလှပခဲ့ပါသည်။
(၂)
ဆက်တိုက်သွားနေသောကျွန်တော့်လက်ပတ်နာရီ၏သော့သီး
ကိုဆွဲထုတ်၍ရပ်တန့်ထားခဲ့ဘူးသည်. . . ။
အချိန်ကို ပိုင်ဆိုင်ခဲ့သည့် ယုံမှားခဲ့မှုမျိုးဖြင့်
ကျွန်တော်တစ်ဦးသာနောက်ကြကျန်ခဲ့ရသည်. . . ။
အရာအရာဟာ မူလအရှိန်အဟုန်တိုင်း
ခုတ်မောင်းနေခဲ့သော ရထားကြီးတစ်စဉ်းသာဖြစ်လေသည်။
တစ်ခါက
လိုချင်ခဲ့ဘူးသောအရာများသည်လည်းကောင်း . . .
မျှော်လင့်ဘူးသောအချစ်များသည်လည်းကောင်း . . .
ရထားကြီး၏လမ်းတစ်လျှောက် ပျက်သုဉ်းခဲ့သည်သာ။
အချစ်ဆိုသည်မှာ . . . ကျွန်တော်၏ ကိုယ်ပိုင်စာမျက်နှာများတွင်
မည်သူမျှနားမလည်မပေးလိုက်နိုင်သော
အတိတ်၏ ခပ်ပြင်းပြင်ရိုက်ချက်ဟုပြောကာ ကျေကွဲပြစ်လိုက်ရုံသာရှိတော့သည်။
(၃)
အသံကုန်အော်သော်လဲ ပဲ့သင်သံသာပြန်ပေးတဲ့ ဘဝအကြောင်းတွေးမိတော့
အပြစ်ဖို့စရာရှာမနေတော့ဘူး
Sisyphus အပြုံးမျိုးနဲ့ အချစ်ကိုမုန်းကြောင်း အကြိမ်ကြိမ် ရွတ်ဆို၊
ရွှေတောင်ပံမှာ ဒဏ်ရာတွေ က များလွန်းခဲ့တယ်။
မနက်ခင်းတွေက တာဝန်အရ တံခါးခေါက်ကြပြီ . . .
အချိန်တွေထဲမှာ ငါ့ကိုငါခြောင်းကြည့်နေလေရဲ့ . . .
ယနေ့မနက်မိုးလင်းချိန်တွင်ကျွန်တော့်ကိုကျွန်တော်ငုံ့မကြည့်မိ သေးပဲ
ပုံစံခွက်ထဲက အတိုင်းအိပ်ယာနိုးခဲ့သည် . . .
အိပ်ယာနိုးချိန်သည် နောက်ကြသည်ဟုတော့မဆိုသာသေးပါ. .
ပထမဆုံးသတိရသည်က ညကမန်ယူသည် အဲဗာတန်ကိုဂိုးပြတ်ရှုံးနိမ်သွားခဲ့သည် . . .
ထို့နောက်ကျွန်တော့်ခြေလှမ်းများသည်လဲ . . . . ပုံစံခွက်ထဲသို့တိုးဝင်ရန် . . .
လမ်းလျောက်နေသည် . . .
ထို့အတူအတွေးများသည်လည်းစီးဆင်းလျှက်. . . .
ပထမဆုံးတွေးမိသည်က လမ်းလျောက်ချင်းသည်
ထိုအချိန်များမပေါ်မှနှစ်ပေါင်းများစွာ ကတည်း ကဟုဆိုနိုင်ပေသည် . . . .
သို့သော် . . . . . . . . . .
ကမ္ဘာကြီးသည် Big Bang ဟုခေါ်သော မတော်တဆတစ်ခုမှဖြစ်တည်ခဲ့သည် . . . . .
ထိုသို့မတော်တဆ များစွာနှင့်ပဲ ဖြစ်တည်မှုများ
ထို့အတူ ပျက်စီးမှုများဖြစ်ပွားလာခဲ့ရသည်. . .
အိုင်းစတိုင်း ကိုယ်တိုင် သူတွေ့ရှိခဲ့သော Nuclearစွမ်းအင်သည်
ဤမျှရက်စက်ကြောင်းမသိနိုင် . . . .
ထိုသို့ အကြောင်းအရများကိုပိုင်းချားခဲ့မည်ဆိုလျှင် . . . .
အင်္ဂလန်နိုင်ငံ AD-1703 လောက် တွင် Buckingham နန်းတော်ကို
တည်ဆောက်နေချိန်တွင် . . . . . . .
အန္ဒိယပြည်တွင် Tajmahai နန်းတော်သည်လည်းကောင်း
ကျွန်ုပ်တို့မြန်မာပြည် ၏ အံ့ဖွယ်ရတနာ ရွှေတိဂုံဘုရားသည်လည်းကောင်
ဗိသုကာ ခေတ်တွင် ကမ္ဘာအံဖွယ်စာရင်းတွင်ဝင်ခဲ့သည် . . . .
ညနေခင်းကိုခပ်တည်တည်လေးကြည့်
နေတဲ့အရသာက
အတော်လေးရှိကြောင်းကို အခုမှ
ကျွန်တော် သိခဲ့တာ
မကြာသေးပေမဲ့ သူမကတော့
အထက်စီးဆန်ဆန်စကားလုံးတွေနဲ့
လူတွေကို
အထင်သေးနေဦးမယ်ထင်ပါသည် . . . . . . . . . . . . . . .။
ဒီနှစ်ဇန်န၀ါရီ အပြောင်းအရွှေ့ တွင်
ပရီးမီးယားလိဒ် ၏ အပြောင်းအရွှေ့များသည်
ကျွန်တော်နှင့်မသက်ဆိုင်ပါ . . . . . .
တစ်ခါ ကခိုင်ခီတို့ ဗီးနပ်စ်၏ ပြဿနာသည်လည်းကောင်း . . . . .
လီယိုနာဒိုဒါဗင်ချီ သည်Homosexual
ရေချိုးခန်းရဲ့မှန်ထဲမှာ
ကို့ကိုယ်ကိုယ်ကြည့်ရင်း
ငါကို့ငါဖတ်ရှုဖို့အတော်ခက်နေပါလား
သေချာသည်က ကျွန်ုပ်သည်
စာရေးဆရာကောင်းတစ်ယောက်၏
စာအုပ်တစ်အုပ်မဟုတ်ခဲ့ပါ....
ခပ်ညံ့ညံ့စာရေးဆရာ၏ ခပ်ပေါပေါ
စာတစ်ကြောင်းမျှသာ
သို့သော်.....
စာအုပ်ခပ်ညံ့ညံ့သည်လည်းကောင်း..
နာမည်ကြီးစာအုပ်မျာသည်လည်းကောင်း...
စာရွက်များဖြင့်သာ ရိုက်နှိပ်ကြသည်သာ.....
ထို့ကြောင့် ကျွန်ုပ်၏ ရပ်တည်မှုကိုဖတ်ရှုရန်....
ကျွန်ုပ်ကြိုးစာနေရသည်....။
ကျွန်ုပ်ဖတ်ရှုမိသည် က....
ကျွန်ုပ်သည် မည်သို့မှ အဓိပ္ပါယ်မရှိသော
စာတစ်ကြောင်းကို...
သာမာန်ဦးနှောက် ဖြင့်နားမလည်
နိုင်ဘူးဟုပြောလိုက်သောအခါ....
သိက္ခာအကြမခံနိုင်၍
အတော်ကောင်းတာပဲဟု ပြောခဲ့သည်ထက်
မပိုခဲ့ပါ....
ထို့နှောက် ကျွန်ုပ်သိခဲ့ရသည်က....
ကျွန်ုပ်သည် စာအုပ်တစ်အုပ်မဟုတ်ခဲ့ပါ.......။
ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏
ညနေကြယ်တစ်စင်းမျှသာ.........
မည်သို့ပင်ဆိုစေကာမူ........
ကျွန်ုပ်သည် ကြမ္မာအကျဉ်းသား မဖြစ်စေရပါ......
xxxxx++++xxxxxxxxx++++xxxxxxxxx++++xxxx
ဖြူချင်ရောင်ဆောင်ထားတဲ့ တိမ်တိုက်တွေက
ကောင်းကင်နဲ့အပြည့် ...... ။
သက်ကယ်မိုးထားတဲ့ အိမ်လေးတစ်လုံးပါဗျာ .... ။
ဒါပေမဲ့ ...
ကျေးဇူးပြုပြီး သူ့ကို မလှောင် ကြပါနဲ့....
ဝါးကြမ်းခင်းမှာလည်း မျှော်လင့်ခံစားချက်တွေရှိပါတယ် .
အခုတော့...
အတိတ်မေ့နေတဲ့ နှင်းစီပန်းပွင့်တစ်ပွင့်ဟာ..
ဘုရားကြောင်း ကြီးထဲမှာ ငေါင်းစင်းစင်းနဲ့...
ခြောက်သွေ့လျှက်....။
(ကျွန်ုပ်သူငယ်ချင်း ပြည့်ဖြိုးအောင်းရေးသားမှု)
ယနေ့လူပြောများနေသည့်
အကြောင်းအရာများမှတစ်ခု....
ထိုအရာသည် လူပေါင်းများစွာ၏
အသက်သွေးများ ကိုဇီဝိန် ခြွေသွားခဲ့သည်...
ဆုံးရှုံးခဲ့သည် အသက်တွေ....သွေးတွေ.....
ဤမိုးဤမြေ ၏ ရက်စက်မှုဟုခပ်လွယ်လွယ်ပြောကြသည်...
ထိုအရာတို့၏နောက်ကွယ်ကား.....
လူတို့၏ထုံးစံအတိုင်း အသုံးချခဲ့ကြသည်....
နိုင်ငံရေးမကြေနပ်သူများသည်
အုပ်ချုပ်သူမကောင်း၍
ဘာသာရေးသမားများက
ထိုလူ၏ သာသနာနှင့်ထိုနိုင်ငံ....
ထိုအရာများကိုအပြည့်အဝ
ပါးစပ်နှင့်တစ်လုံးပြောဆိုခဲ့ကြသည်...

