လူတွေကအရူးတွေပဲ...
ခပ်တည်တည်နှင့်ပြောနေသည်...။
လူကတော့ခေါင်းပေါ်မှာ
ကော်ဖီမစ်အထုတ်ကြီးကိုဆောင်းထားပြီးပြောနေသပေါ့..။
အော်...
အရူးတွေအရူးတွေ တဲ့...။
ပါးစပ်ပိတ်...။
တိတ်ငါစတိုင်နဲ့ငါရူးတာ...။
လူ့ယဉ်ကျေးမှုဆိုတာကြီးအားရိုက်ချိုးခွင့်ပြုပါ...။
ကလေးငယ်က လူကြီးကိုမှုန်ကုတ်ကုတ်နှင့်မေးလိုက်သည်...။
လူကြီးက ဟားဟားစကားတက်လိုက်တဲ့ကလေးလေး.......တဲ့...။
ဒီလိုကလေးငယ်စီကဒီစကား ကြားရတာကို
အတော်လေးအံ့အားသင့်ဖို့ကောင်းပါတယ်
ဒါပေမဲ့ လူတချို့တော့
ရယ်စရာလို့သဘောထားလိုက်တက်ကြတယ်...
ခပ်တည်တည်ပဲရပ်ကြည့်နေလိုက်ပါတယ်
အမြင်ကတ်လို့ပါခင်ဗျာ လူတွေကို
ဆေးမသောက်မိဘူးဗျ
နည်းနည်းရူးနေတယ်
အင်းးလေ
တစ်ခါတစ်လေလဲ
ရူးသင့်တယ်မလား
ဝှားမောလိုက်တာ....ရေခပ်တိုက်မဲ့သူတော့မရှိပါ...။
ယုံကြည်ချက်တွေကတစ်စုံတစ်ခုကို ပြီးဆုံးစေလိမ့်မယ်တဲ့..။
ခပ်တည်တည်ပဲရပ်ကြည့်လိုက်တယ်....။
တီ...........(တံခါးဘဲလ်တီးသံ)
ဝင်ခဲ့ပါ ဒုက္ခ.....
ဒုက္ခကပြန်မေးသဗျ မင်းငါမှန်းဘယ်လိုသိလဲတဲ့
သိသပေါ့ ငါ့အိမ်ကိုမင်းကလွဲပြီးဘယ်သူလာတက်လို့လဲ...။
အချိန်တွေကိုထည့်မပြောဘူးဆိုရင်...
အလင်းရောင်ဟာ ဟင်းလင်းပြင်တော်တော်များများကိုဖြတ်ကျော်ပြီး..
မှုန်ပြပြသာ..ခွက်ကလေးတွေစီကိုကြနေတယ်လို့ဆိုရမှာပေါ့..
ခွက်လေးတွေမှာတော့ နာမည်လေးတွေကိုစီထိုးထားကြတယ်...။
နေရာကတော့ခွက်ထုတ်လုပ်တဲ့အလုပ်ရုံအပြက်ကြီးတစ်ခုမှာပေါ့...။
ခွက်တွေထဲမှာသူများတွေတွက်ထူးချားတဲ့ခွက်လေးတစ်ခွက်ရှိတယ်...
အဲဒိခွက်လေးမှာ Issac (အိုက်စက်)လို့နာမည်ထိုးထားတယ်....။
ထိုခွက်ကလေးကို အလုပ်ရုံထဲနေထိုင်သောကြွက်ကလေးများအားလုံး
မုန်းတီးကြသည်... အဘယ့်ကြောင့်ဆိုသော်ပေါ့နော်...
ထိုခွက်လေးသည်တချမ်းကွဲနေသောကြောင့်လို့ပြောရမှာပဲ...။
ထို့ကြောင့်ကြွက်ကလေးများအားလုံးသည် ခွက်ကလေးမှလွဲ၍
တချားခွက်တွေထဲမှာသာ ည၀င်အိပ်ကြတယ်.။
Issac ကလဲ သူ့စီမှာကြွက်တွေလာမအိပ်တာကိုပဲဂုဏ်ယူနေတယ်...။
မိုးစက်များသည်အညှိုးကြီးကြီးနဲ့ကောင်းကင်ပေါ်ကနေသူ့
ကိုရက်စက်တယ်လို့သူထင်မိတယ်..။
သူအရမ်းလဲအေးနေပါပြီ..။
သူမူးမေ့သွားပါတော့မယ်...။
သူကတော့ နေ့သစ်တဲ့ကြွက်ဖြူလေးတစ်ကောင်ပေါ့..။
သူသေရတော့မယ်မယ်လို့သူထင်တယ်...။
သူ့အရမ်းအေးနေပြီလေ..။
သူ့ပြင်းပြတဲ့စိတ်ဓါတ်နဲ့သာ သူဆက်ပြေးနေတာ....။
သူနောက်ဆုံးအဆောက်အဦးအပြက်တစ်ခုထဲကိုရောက်သွားတယ်ပေါ့.။
သူရောက်သွားတဲ့နေရာကတော့...
ဝင်သွားတဲ့အချိန်မှာတော့ သူနဲ့မတူတဲ့
ကြွက်တွေကိုသူထူးထူးဆန်းဆန်းကြည့်နေမိတယ်..။
သူနဲ့မတူတဲ့အရောင်လေးဖြစ်နေတာကိုး..။
ကြွက်တွေကလည်းသူ့ကိုထူးထူးဆန်းဆန်းကြည့်နေပြီး
သူတို့ကသူတို့နဲ့မတူတာမျိုးရိုးနိမ့်လို့သတ်မှတ်ပြီး...
နေ့သစ်ကိုနေရာမပေးကြဘူး...။
နေ့သစ်လဲအရမ်းပင်ပန်းနေတာဖြစ်တဲ့အတွက် အနီးနားကို
ပတ်လည်ကြည့်လိုက်တော့...။
သူ့လိုအားလုံးရဲ့အပြင်ထွက်နေတဲ့ ခွက်လေးတစ်လုံး...
ဤခွက်ကား....
ခွက်လေးကကွဲနေပေမဲ့ သူ့ကိုကောင်းကောင်းတော့အိပ်စက်ခွင့်ပေးနိုင်မယ်လို့
သူထင်သောကြောင့်Issac ဆီသို့သူပြေးသွားခဲ့သည်...။
Issac ကလဲသူ့ကို ထူးထူးချားချားစိတ်ဝင်စားမိပေမယ့်
သူ့စီလာအိပ်တာကိုသဘောမတူချင်ဘူး...။
သူကိုတိုင်ကလဲမာနကြီးသူတစ်ယောက်...
သို့သော် သူသည် အရာဝတ္ထုများအားလုံးကို
မည်သို့မျှနှိမ့်ချ၍လည်းကောင်း
အထင်ကြီး၍လည်းကောင်း
ကြည့်မြင်တက်သူမဟုတ်...။
သူသည်..
သူတစ်ယောက်ထဲသာနေတက်သောသူ...။
ယခုအခါသူ့အားစကားတွေပြောသီချင်းဆိုတက်သော
သူ့ကိုကိုကြွက်ဘုရင်ကြီး၏သမီးတော်လို့ပြောတက်တဲ့
ချစ်စရာကောင်းသောကြွက်ဖြူမလေး နေ့သစ်။
စိတ်တွေရှုပ်ထွေးသွားခဲ့သည်.။
သူအိပ်လဲမပျော်တော့..။
ထိုညကသက်ပြင်းများသည် တဖွဲဖွဲကြနေတော့သည်...။
နေ့ရက်တွေကိုမုန်းသောIssac သည်
နေ့ရက်တွေ၏တိုက်စားချင်းကိုခံခဲ့ရ၏..
ယခုကြွက်ဖြူမလေးနှင့်သူ့ကိုအချိန်ကာလက
အတော်လေးရင်းနှီးစေခဲ့တယ်..
သံယောဇဉ်ပိုက်ကွန်များကြားက
Issac ရုန်းမထွက်နိုင်တော့...။
သူကိုတိုင်လဲ
ပိုက်ကွန်တွေကြားမှာပျော်ငွေ့နေခဲ့တာကိုး...။
ကြွက်ဖြူမလေးရေ....
ငါတို့အဆင်သင့်ဖြစ်ခဲ့ကြလား...။
ငါတော့ဘာမှမသိချင်တော့ဘူးကွာ...
ငါမင်းကိုချစ်တယ်...
ဒါမဲ့အချစ်ကိုငါဘယ်လို
ဘာသာပြန်ရမလဲမသိဘူး..။
တံခါးဖွင့်မပေးနိုင်ဘူးကွာ...
လောဘကြီးတယ်ပြောပြော
ငါမင်းကိုပိုင်ဆိုင်ရမယ်...။
မင်းနဲ့ငါဝေးမဲ့နေ့
အဲဒိမှာ ငါကြကွဲသွားခဲ့တယ်...။
ရာသီဥတုကအင်မတန်သာယာနေခဲ့ပြီ
သာယာနေခဲ့ပြီဆို Apirl ဆိုတဲ့ Issac မုန်းတဲ့
အချိန်ကာလကိုရောက်ခဲ့ပြီကိုး...
ရုတ်တရက်ကြွက်အခြွေအရံတွေနဲ့
ကြွက်ဖြူအကြီးကြီးတစ်ကောင်သူတို့
စက်ရုံအပြက်ကြီးထဲဝင်လာကြတယ်..
ထိုအရာသည်Issac အားပြက်စီးစေခဲ့သော
အကြောင်းအရာ?
ထို့နောက်...
ထိုကြွက်ဖြူကိုမြင်သောနေ့သစ်..
ထူးချားစွာ ခမည်းတော် ဆိုသောအသံနှင့်ပြေးသွားခဲ့သည်..
Issac ဘာမှမသိတော့...။
နေ့သစ်ထွက်ခွာသွားခဲ့ပြီ....
သူ့ဘ၀မှာတစ်စုံတစ်ခုကိုပေးစပ်လိုက်ရတယ်လို့သူဖြေသိမ့်ကြည့်သည်...
သူပေးဆပ်ခဲ့ရသည်မှာ သူ၏တစ်ခု တည်းသောပိုင်ဆိုင်မှု
နေ့သစ်...
ထိုနာမည်ကိုIssac ဖြတ်ပြစ်ချင်သည်...
Issac သည်တစ်စုံတစ်ခုကသူ့ကိုဖြစ်ညှစ်နေသည်ဟုခံစားမိသည်...
ခွမ်း.....
အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့သော ကြွေခွက်လေး...
နေ့သစ် သီဆိုပြသော
သီချင်းသံလေး....
လောကကြီးနဲ့အဆက်ပြတ်သွားခဲ့သည်..။
ထိုစက်ရုံထဲတွင် Issac မရှိတော့...
ဤကမ္ဘာတွင်Issac မရှိတော့...
ခံစားမှုအားလုံးပြီးဆုံးသွားခဲ့သည်...
သို့သော်Issac အတွက်
အချစ်ဟူသောအရာသည်...
အစိတ်စိတ်အမွှာအမွှာကွဲသွားစေခဲ့သော
တန်ပြန်သက်ရောက်မှုမရှိနိုင်သောအင်အားတစ်ခု...။
ခံစားမှုအားလုံပြီးဆုံးသွားပါပြီ....။
ကြွေခွက်ကွဲစလေးများပြန့်ကျဲလျက်....။
ကြွက်ဖြူမလေးရေ....
ငါတို့အဆင်သင့်ဖြစ်ခဲ့ကြလား...။
ငါတော့ဘာမှမသိချင်တော့ဘူးကွာ...
ငါမင်းကိုချစ်တယ်...
ဒါမဲ့အချစ်ကိုငါဘယ်လို
ဘာသာပြန်ရမလဲမသိဘူး..။
တံခါးဖွင့်မပေးနိုင်ဘူးကွာ...
လောဘကြီးတယ်ပြောပြော
ငါမင်းကိုပိုင်ဆိုင်ရမယ်...။
မင်းနဲ့ငါဝေးမဲ့နေ့
အဲဒိမှာ ငါကြကွဲသွားခဲ့တယ်...။
အချိန်ကာလတွေမပါခဲ့ဘူး...နေ့ရက်တွေကတော့တိုက်စားခဲ့တယ်...
ဇူးဇ်နတ်မင်းကြီးလဲမပါဘူး...ဇတ်လိုက်ကငါပေါ့........................။
လင်ကွန်းကိုလဲမေ့ထားတယ်....စက်မှုတော်လှန်ရေးပြီးခဲ့တာကြာပြီကိုး....။
ဆော့က္ခရေးတီးအဆိပ်သောက်တာ....ကျွန်တော်နှင့်ဘယ်လိုပတ်သက်လဲ....။
ကွန်ဖြူးရှပ်ဘာပြောပြောလဲနားမ၀င်ဘူး.....။
အိုင်စတိုင်းကြောင့်ဒုတိယကမ္ဘာစစ်ပြီးတာဟုတ်လား....မသိပါဘူးဗျာ...
အဲတုန်းကကျွန်တော်မှမရှိပဲ။
ကျွန်တော်မျက်စိထဲမြင်မိတာဟီရိုရှီးမားမြို့ပေါ်ကလူသေလောင်းတွေပဲ...။
ဟစ်တလာသေပြီဟုတ်လား....အာာကြာလှနေပြီကို....။
ထရိုင်ဟာ...ဂရိကိုစစ်ရှုံးခဲ့တာလား....ဟုတ်လောက်ဘူးထင်တယ်နော်...။
ဘရစ်ဆေးကိုအာခီလ်းလိစ်တကယ်ချစ်ခဲ့တာလား.....ဖြစ်နိုင်တယ်....။
Big Bang ကိုဘယ်သူမြင်ဘူးလဲဒါဆို.....ငါမြင်ဘူးတယ်လာမပြောနဲ့
အဲဒိတုန်းကလူဆိုတာတောင်ဘယ်စီနေမှန်းမသိသေးဘူး...။
အပိုလိုကလာကမ္ဘာပေါ်ဆင်းတယ်....မင်းမြင်လိုက်သေးလားကွ...။
အာခီမီးဒိစ်နဲ့ပါစကယ်သာမရှိခဲ့ရင်အတော်သက်သာမှာကွာ...ငါတို့ရူပဗေဒသင်တုန်းက..
နယူတန်ကလဲအတော်မွှေတာပဲ....။
ဗန်းဆင့်ရဲ့ပန်းချီကားတွေတော့ဘယ်ပါမလဲ...အခုတော့ဓျေးကြီးနေတာကိုး။
မာသာထရီဇာနဲ့ဟန်နရီဒူးနန့်တို့ကိုပုန်းခိုင်းထား......မဟာဂရုဏာရှင်တွေကို
အနိုင်ကြင့်နေတဲ့ခေတ်....အပြင်ထွက်ရင်အဖမ်းခံရမယ်အိမ်ထဲနေပါစေဦး...။
ရောက်တက်ရာရာအတွေးတွေ...ကိုတေဇာ့တော်ကီသုံးမယ်ဆိုရင်
ဂရောက်ဂရက်Sentenceတွေ...ခဏထားဦး..
ငါအခုအ၀တ်လျှော်နေတာ...စိတ်ညစ်လို့မဟုတ်ပါဘူးကွာ...
စားစရာဆန်ရှိပါသေးတယ်....
မလျော်ရင်ဝတ်စရာမရှိတော့လို့...။
ညတွေကမှောင်လာတာပဲရှိတယ်.
ဘာမှတော့ထူးချားမလားခဲ့ဘူး......။
၂၁ရာစုနဲ့အနေကြာလာတာနဲ့အမျှအံဝင်ခွင်ကြဖြစ်ဖို့နီးစပ်လာပေမဲ့..
၁၉ရာစုအယူအဆတွေနဲ့အတွေအခေါ်တွေဟာအတော်လေးပြောင်းပြစ်ဖို့
လိုလာပြီလို့ထင်မိသော်လဲ....အတော်လေးညံ့ဖြင်းတဲ့ပုံစံတွေနဲ့..
၂၁ရာစုထဲတိုးဝင်လာခဲ့ကြတယ်..။
အပိုလိုဟာလကမ္ဘာပေါ်တကယ်ဆင်းသက်ခဲ့လားဆိုတဲ့မေးခွန်းတွေ။
ဒါခြောမြို့မှာအဆိပ်ငွေ့နဲ့ဂျူးလူမျိုးတွေကိုသတ်ခဲ့တဲ့ဟစ်တလာရဲ့
အကျင့်စရိုက်တွေ.....။
Celine Dions ရဲ့My Heart will go on သီချင်းကိုနားထောင်ပြီး
သနားနေတဲ့သူတွေ...။
သူတို့ကိုသူတို့အသနားခံချင်တဲ့သူတွေ...။
ဒီလိုဒီလိုနဲ့ပဲ၂၁ရာစုကြီးကမှုန်မှိုင်းနေခဲ့တာကြာလှပေါ့....။
လင်ကွန်းက လမ်းလျှောက်နှေးတယ်။
ကျွန်တော့်အတွက်တော့ အရှေ့အနောက် လားရာဆိုတာမျိုးမရှိပါဘူး။
လမ်းလျှောက်ခြင်းကို ပျော်မွေ့နေသူတစ်ယောက်မျှသာပဲ။
ဖြေးဖြေး... နှေးနှေး... မြေပုံကားချပ်မရှိသော ခရီးဝေးတစ်ခုပေါ် လျှောက်နေသော...။
ရင့်မာခက်ထန်တဲ့စိတ်ကူးတွေဟာ
ငါ့ကိုမလွမ်းနိုင်အောင်တားဆီးထားခဲ့တယ်
ကြီးမားလွန်းတဲ့ငါ့နှလုံးသားတွေကို
ထားစရာနေရမရှိလို့ငါရိုက်ခွဲခဲ့ပါတယ်။
တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေတဲ့
ငါ့ညတွေကို
မင်းကနှုပ်ခမ်းပါးပါးတစ်စုံနဲ့ပိုင်စိုးထားခဲ့တယ်.။
ငါ့ကိုမင်းနဲ့ဝေးကွာသွားစေမဲ့
အကြောင်းအရာတွေကခိုင်မာနေခဲ့တယ်...
အသက်ရှုသံပြင်းပြင်းတွေနဲ့
ငါ့ညတွေကမှောင်မဲမနေပေမဲ့
အလင်းရောင်ဆိုလဲရှာမတွေ့မိဘူး...
ပြီးဆုံးသွားတဲ့ခံစားမှုတွေကို
နူးညံမှုတ၀က်ပါတဲ့ရမ္မက်တွေနဲ့ပြန်ဆက်ဖို့
ကြိုးစားခဲ့မိတယ်
အစိတ်စိတ်အမွှာမွှာကွဲခဲ့တယ်ပန်းအိုးကို
ပြန်ဆက်ဖို့ကြိုးစားခဲ့သလိုပဲ....
ငါကပင်လည်တစ်ခုလိုနေထိုင်ခဲ့သလို
မင်းကလဲကောင်းကင်တစ်ခုလိုစိုးမိုးခဲ့ပါတယ်...
ငါတို့နှစ်ယောက်ဟာတစ်နေရာမှာဆုံနေတယ်လို့ထင်ရပေမယ့်
ငါ့တို့နှစ်ယောက်ဟာဘယ်တော့မှမဆုံနိုင်ခဲ့ပါဘူး...
ကောင်မလေးရေ.....
ငါတစ်ခုခုကိုနားလည်ချင်ယောင်ဆောင်လိုက်ပါတယ်....
မင်းထွက်သွားပါတော့ငါ့ညတွေကို....ငါတခါးဖွင့်ထားခဲ့ပါတယ်....
ငါ့အတွက်ဘာမှပြန်မရခဲ့ဘူး….
ငါကမြေကြီးဆန်အောင်ပဲနေထိုင်ခဲ့တယ်
ကြည့်စမ်းငါလူပီသနေလိုက်တာ…
နောက်ဆုံးမှာတော့ငါ့ကိုငါပဲအိပ်မက်
တွေထဲကခေါ်ထုတ်ခဲ့ရတယ်…
ကောင်းကင်ကိုမော့မကြည့်ဖြစ်ပါ...
ခေါင်းငုံ့လမ်းလျောက်ချင်းသည်လဲမည်သူ့ကိုမှအရှုံးပေးနေချင်းမဟုတ်ပါ...
ကြယ်တာယာတွေစိုးမိုးနေချင်းကိုမခံချင်သလို...ကိုယ်တိုင်ကလဲSolar System
ပါဝင်ချင်တဲ့သူတစ်ယောက်မဟုတ်ပါ....
လမ်းဟောင်းတွေလဲမလိုက်ချင်ပါဘူး...လမ်းသစ်လဲမဖေါက်ပေးပါဘူး....
ကိုသွားချင်သလိုသွားမယ်လေ...။