အချိန်တွေကိုထည့်မပြောဘူးဆိုရင်...

အလင်းရောင်ဟာ ဟင်းလင်းပြင်တော်တော်များများကိုဖြတ်ကျော်ပြီး..

မှုန်ပြပြသာ..ခွက်ကလေးတွေစီကိုကြနေတယ်လို့ဆိုရမှာပေါ့..

ခွက်လေးတွေမှာတော့ နာမည်လေးတွေကိုစီထိုးထားကြတယ်...။

နေရာကတော့ခွက်ထုတ်လုပ်တဲ့အလုပ်ရုံအပြက်ကြီးတစ်ခုမှာပေါ့...။

ခွက်တွေထဲမှာသူများတွေတွက်ထူးချားတဲ့ခွက်လေးတစ်ခွက်ရှိတယ်...

အဲဒိခွက်လေးမှာ Issac (အိုက်စက်)လို့နာမည်ထိုးထားတယ်....။

ထိုခွက်ကလေးကို အလုပ်ရုံထဲနေထိုင်သောကြွက်ကလေးများအားလုံး

မုန်းတီးကြသည်... အဘယ့်ကြောင့်ဆိုသော်ပေါ့နော်...

ထိုခွက်လေးသည်တချမ်းကွဲနေသောကြောင့်လို့ပြောရမှာပဲ...။

ထို့ကြောင့်ကြွက်ကလေးများအားလုံးသည် ခွက်ကလေးမှလွဲ၍

တချားခွက်တွေထဲမှာသာ ည၀င်အိပ်ကြတယ်.။

Issac ကလဲ သူ့စီမှာကြွက်တွေလာမအိပ်တာကိုပဲဂုဏ်ယူနေတယ်...။

မိုးစက်များသည်အညှိုးကြီးကြီးနဲ့ကောင်းကင်ပေါ်ကနေသူ့

ကိုရက်စက်တယ်လို့သူထင်မိတယ်..။

သူအရမ်းလဲအေးနေပါပြီ..။

သူမူးမေ့သွားပါတော့မယ်...။

သူကတော့ နေ့သစ်တဲ့ကြွက်ဖြူလေးတစ်ကောင်ပေါ့..။

သူသေရတော့မယ်မယ်လို့သူထင်တယ်...။

သူ့အရမ်းအေးနေပြီလေ..။

သူ့ပြင်းပြတဲ့စိတ်ဓါတ်နဲ့သာ သူဆက်ပြေးနေတာ....။

သူနောက်ဆုံးအဆောက်အဦးအပြက်တစ်ခုထဲကိုရောက်သွားတယ်ပေါ့.။

သူရောက်သွားတဲ့နေရာကတော့...

ဝင်သွားတဲ့အချိန်မှာတော့ သူနဲ့မတူတဲ့

ကြွက်တွေကိုသူထူးထူးဆန်းဆန်းကြည့်နေမိတယ်..။

သူနဲ့မတူတဲ့အရောင်လေးဖြစ်နေတာကိုး..။

ကြွက်တွေကလည်းသူ့ကိုထူးထူးဆန်းဆန်းကြည့်နေပြီး

သူတို့ကသူတို့နဲ့မတူတာမျိုးရိုးနိမ့်လို့သတ်မှတ်ပြီး...

နေ့သစ်ကိုနေရာမပေးကြဘူး...။

နေ့သစ်လဲအရမ်းပင်ပန်းနေတာဖြစ်တဲ့အတွက် အနီးနားကို

ပတ်လည်ကြည့်လိုက်တော့...။

သူ့လိုအားလုံးရဲ့အပြင်ထွက်နေတဲ့ ခွက်လေးတစ်လုံး...

ဤခွက်ကား....

ခွက်လေးကကွဲနေပေမဲ့ သူ့ကိုကောင်းကောင်းတော့အိပ်စက်ခွင့်ပေးနိုင်မယ်လို့

သူထင်သောကြောင့်Issac ဆီသို့သူပြေးသွားခဲ့သည်...။

Issac ကလဲသူ့ကို ထူးထူးချားချားစိတ်ဝင်စားမိပေမယ့်

သူ့စီလာအိပ်တာကိုသဘောမတူချင်ဘူး...။

သူကိုတိုင်ကလဲမာနကြီးသူတစ်ယောက်...

သို့သော် သူသည် အရာဝတ္ထုများအားလုံးကို

မည်သို့မျှနှိမ့်ချ၍လည်းကောင်း

အထင်ကြီး၍လည်းကောင်း

ကြည့်မြင်တက်သူမဟုတ်...။

သူသည်..

သူတစ်ယောက်ထဲသာနေတက်သောသူ...။

ယခုအခါသူ့အားစကားတွေပြောသီချင်းဆိုတက်သော

သူ့ကိုကိုကြွက်ဘုရင်ကြီး၏သမီးတော်လို့ပြောတက်တဲ့

ချစ်စရာကောင်းသောကြွက်ဖြူမလေး နေ့သစ်။

စိတ်တွေရှုပ်ထွေးသွားခဲ့သည်.။

သူအိပ်လဲမပျော်တော့..။

ထိုညကသက်ပြင်းများသည် တဖွဲဖွဲကြနေတော့သည်...။

နေ့ရက်တွေကိုမုန်းသောIssac သည်

နေ့ရက်တွေ၏တိုက်စားချင်းကိုခံခဲ့ရ၏..

ယခုကြွက်ဖြူမလေးနှင့်သူ့ကိုအချိန်ကာလက

အတော်လေးရင်းနှီးစေခဲ့တယ်..

သံယောဇဉ်ပိုက်ကွန်များကြားက

Issac ရုန်းမထွက်နိုင်တော့...။

သူကိုတိုင်လဲ

ပိုက်ကွန်တွေကြားမှာပျော်ငွေ့နေခဲ့တာကိုး...။

ကြွက်ဖြူမလေးရေ....

ငါတို့အဆင်သင့်ဖြစ်ခဲ့ကြလား...။

ငါတော့ဘာမှမသိချင်တော့ဘူးကွာ...

ငါမင်းကိုချစ်တယ်...

ဒါမဲ့အချစ်ကိုငါဘယ်လို

ဘာသာပြန်ရမလဲမသိဘူး..။

တံခါးဖွင့်မပေးနိုင်ဘူးကွာ...

လောဘကြီးတယ်ပြောပြော

ငါမင်းကိုပိုင်ဆိုင်ရမယ်...။

မင်းနဲ့ငါဝေးမဲ့နေ့

အဲဒိမှာ ငါကြကွဲသွားခဲ့တယ်...။

ရာသီဥတုကအင်မတန်သာယာနေခဲ့ပြီ

သာယာနေခဲ့ပြီဆို Apirl ဆိုတဲ့ Issac မုန်းတဲ့

အချိန်ကာလကိုရောက်ခဲ့ပြီကိုး...

ရုတ်တရက်ကြွက်အခြွေအရံတွေနဲ့

ကြွက်ဖြူအကြီးကြီးတစ်ကောင်သူတို့

စက်ရုံအပြက်ကြီးထဲဝင်လာကြတယ်..

ထိုအရာသည်Issac အားပြက်စီးစေခဲ့သော

အကြောင်းအရာ?

ထို့နောက်...

ထိုကြွက်ဖြူကိုမြင်သောနေ့သစ်..

ထူးချားစွာ ခမည်းတော် ဆိုသောအသံနှင့်ပြေးသွားခဲ့သည်..

Issac ဘာမှမသိတော့...။

နေ့သစ်ထွက်ခွာသွားခဲ့ပြီ....

သူ့ဘ၀မှာတစ်စုံတစ်ခုကိုပေးစပ်လိုက်ရတယ်လို့သူဖြေသိမ့်ကြည့်သည်...

သူပေးဆပ်ခဲ့ရသည်မှာ သူ၏တစ်ခု တည်းသောပိုင်ဆိုင်မှု

နေ့သစ်...

ထိုနာမည်ကိုIssac ဖြတ်ပြစ်ချင်သည်...

Issac သည်တစ်စုံတစ်ခုကသူ့ကိုဖြစ်ညှစ်နေသည်ဟုခံစားမိသည်...

ခွမ်း.....

အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့သော ကြွေခွက်လေး...

နေ့သစ် သီဆိုပြသော

သီချင်းသံလေး....

လောကကြီးနဲ့အဆက်ပြတ်သွားခဲ့သည်..။

ထိုစက်ရုံထဲတွင် Issac မရှိတော့...

ဤကမ္ဘာတွင်Issac မရှိတော့...

ခံစားမှုအားလုံးပြီးဆုံးသွားခဲ့သည်...

သို့သော်Issac အတွက်

အချစ်ဟူသောအရာသည်...

အစိတ်စိတ်အမွှာအမွှာကွဲသွားစေခဲ့သော

တန်ပြန်သက်ရောက်မှုမရှိနိုင်သောအင်အားတစ်ခု...။

ခံစားမှုအားလုံပြီးဆုံးသွားပါပြီ....။

ကြွေခွက်ကွဲစလေးများပြန့်ကျဲလျက်....။



ကြွက်ဖြူမလေးရေ....

ငါတို့အဆင်သင့်ဖြစ်ခဲ့ကြလား...။

ငါတော့ဘာမှမသိချင်တော့ဘူးကွာ...

ငါမင်းကိုချစ်တယ်...

ဒါမဲ့အချစ်ကိုငါဘယ်လို

ဘာသာပြန်ရမလဲမသိဘူး..။

တံခါးဖွင့်မပေးနိုင်ဘူးကွာ...

လောဘကြီးတယ်ပြောပြော

ငါမင်းကိုပိုင်ဆိုင်ရမယ်...။

မင်းနဲ့ငါဝေးမဲ့နေ့

အဲဒိမှာ ငါကြကွဲသွားခဲ့တယ်...။

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.