အဲ့ဒိညနေက သူအတော်တော်ပေါ့ပါးနေခဲ့တာပေါ့ AD 2010 ကို သန်းခြောက်ထောင်လုံး အနည်းဆုံးတော့အသံတစ်ချို့နဲ့ ရင်ခုန်ခဲ့မဲ့ညနေခင်းတစ်ခုပေါ့။ အဲ့ဒိတုန်းက သူရယ်၊ပြည့်ဖြိုးအောင်ဆိုသူရယ်၊ရဲသူဆိုသူ ရယ်အပါအဝင် ကိုအေးမျိုး၊ကိုမင်းမင်းတို့အရက်သောက်ဖို့ တာဆူနေကြပြီ။တစ်ခါက ကိုမင်းမင်း မွေးနေ့တုန်းက အဲ့လိုလူစုလူဝေးနဲ့သောက်ဘူးတယ်။အသံတွေညံပြီး ဟာဘာပြောကောင်းမလဲပွဲတွေကြမ်း ဥသြတွေ ဆွဲတဲ့လူကဆွဲနဲ့။ ကိုမင်းမင်း ကတော့ မွေးနေ့မရောက်ခင်၃၆၄ ရက် အလိုကနေ မွေးနေ့ကျော်၃၆၄ ရက်အထိ အရက်ကို အကြောင်းပြချက်ပေးပြီးသောက်ပါတယ်။ သူ့မွေးနေ့တစ်ရက်ထဲကတော့ ဘာပြောကောင်းမလဲ လူတွေစုပြီးမူးကြတာပေါ့။ နောက်၁လလောက်အထိ ကိုမင်းHappy Birthday လိုက်နောက်ရင် မျက်နှာကြီးမဲ့ပြီးထွက်ပြေးလောက်တဲ့အထိ အဲ့လိုဒုက္ခပေးထားတာ။ ဒီလူတွေနဲ့သူနဲ့ရင်းနှီးသွားပုံကလဲ အဆန်းသား၊ ရန်ကုန်မှာတုန်းက လမ်းတွေ့ရင်တောင် ရယ်ပြရကောင်းမှန်းမသိအောင် လောက်ပဲ သိတဲ့လူတွေ၊ ကိုမင်းနဲ့ပြည့်ဖြိုးအောင်ဆိုသိတောင်မသိဘူး။အခုလိုခင်သွားတာက အန္တရာယ်တစ်ခုကို အတူလက်ဆွဲနှုတ်ဆက်ကာ ဘဝတစ်ခုစီအတွက် ခရီး အတူတူ ထွက်လာခဲ့ကြရာကနေခင်သွားကြတာ ခရီးရဲ့ကြမ်းတမ်းမှုတို့၊လူသားခြင်းစာနာခဲ့မှုတို့ကြောင့်သာ သူတို့ဒီလောက်ရင်းနှီးသွားတာ၊ အဖွဲ့ထဲမှာကလဲ သူ့ရူးသွမ်းမှုလေးတွေ သူ့ အကြင့်လေးတွေနဲ့ သူ ပြည့်ဖြိုးအောင်က တွေ့ကရာခြင်းကွင်းမှာ တွေ့ကရာလူနဲ့ခြင်းခတ်တက်တဲ့ကောင်၊ ခြင်းခတ်ပြီဆိုသူ့လေမုန်တိုင်းတိုက်တာလဲခံရသေးတယ်၊ ခြင်းခတ်တာတော်တော့လဲတော်ပါတယ်၊ရဲသူကြတော့ Gamer အားနေ Game ဆော့ဖို့ပဲကြံစည်နေတာ။သူကတော့ ကွန်ပြူတာတစ်လုံးနဲ့ အားနေဘာတွေလုပ်နေမှန်းမသိတဲ့ကောင်။သူတို့သုံးယောက်ကတော့ အသက်တူတွေသိပ်မကွာလို့လားတော့မသိဘူး၊ဝါသနာတွေတူကြတယ်၊ တောင်နှစ်လုံးလောက် အတက်အဆင်းလုပ်ပြီးမှ ရောက်တဲ့စာကြည့်တိုက်က စာအုပ်အကုန်ကို ဖတ်စရာမရှိတော့လောက်အောင်အတူငှားပြီးဖတ်ဘူးတဲ့ကောင်တွေ။ကိုမင်းကကြတော့ Instrument အိုးကွဲ၊ အနှုပညာမျိုးရိုးကွ ဗိုလ်ကလေးသားကွလို့ပြောပြီး လက်ဆောင်ရထားတဲ့ဂစ်တစ်လက်ကို တစ်နေကုန်ထိုင်တီး၊ဝါးဒုတ်နှစ်ချောင်းရှာDrumတီးတဲ့လူ၊သူ့ Drum Skill ကတော့ လူအတော်များများချီးမကြူးပဲမနေနိုင်လောက်အောင်ကို ကောင်းတာ။ကိုအေးမျိုးကကြတော့ဆံပင်ညှပ်ဆရာ၊အားနေ ဟိုနားတိဒီနားညှပ်ကိုသူသာမရှိရင် တစ်ဖွဲ့လုံးချီးဗူးဆံပင်ပုံစံနဲ့ဖြစ်နေကြမှာ။ အဲ့တစ်ဖွဲ့လုံးဟာ ရင်ခုန်စွာနဲ့နှစ်သစ်ကိုကြိုဆိုဖို့ ချက်ပြုတ်သူကပြုတ် တောင်တွေကျော်ပြီး အရက်ပုလင်းတွေသွားဝယ်တဲ့ကောင်ကသွားဝယ်၊အတော်အလုပ်ရှုပ်နေတဲ့December 31 ရက်။ပုလင်းသံတွေဗူးသံတွေနဲ့ ဘယ်သူမှမစခင် သူတို့လူအုပ်ကမူးနှင့်နေပြီ၊ အော်ဟစ်နေပြီး တစ်ယောက်နဲ့တစ်ဖတ်တွေနမ်း လမ်းဘေးထွက်သီချင်းဆိုနဲ့ အတော်သောင်းကြမ်းလိုက်ကြတယ်။ခိုက်ခိုက်တုန်အောင် အေးနေတဲ့ December သုံးဆယ့်တစ်ရက်ရဲ့ မြူတွေကြနေတဲ့ တောင်ပေါ်မှာ အင်္ကျီတွေ ချွတ်ပြီး Guitar တီးနေတက်တဲ့ လူတစ်စုပျော်ရွှင်နေခဲ့ပါတယ်။
AD2010 မှာတော့ သူတို့အခုလိုပျော်ရွှင်ဖွယ်အချိန်တွေ မရှိသလောက်ရှားပါးခဲ့ရတယ်။ပြည့်ဖြိုးအောင်က အရင်ဆုံးအကြောင်းပြချက်ခိုင်မာမာမပေးပဲ ဘုန်းကြီးဝတ်သွားတယ်၊ ဆက်ဆံရေးက တစ်မျိုးဖြစ်ခဲ့သွားတယ်။ ကိုမင်းမင်းကတော့ပုံမှန်ပါပဲ။ ဒီလိုနဲ့လက်ငါးချောင်းမပြည့်တဲ့ လအပိုင်းအခြားလေးထဲမှာ သူတို့ ကိုယ်စီ အရောင်မှိန်ခဲ့တဲ့ အိပ်မက်တွေကို ထုတ်သိမ်းပြီး အိမ်ပြန်ခဲ့ကြပါတယ်၊ အရင်ဆုံးပြန်သွားသူက ရဲသူ၊ နောက် သူ ၊နောက်ကိုမင်းမင်း၊ နောက်ပြည့်ဖြိုးအောင်၊ကိုအေးမျိုးကတော့ အစောထဲက ခပ်စိမ်းစိမ်းနေတက်သူပါ၊သူတစ်ယောက်ပဲ တခြားတစ်နေရာဆက်ထွက်မယ်ဆိုပြီးကျန်ရစ်နေခဲ့ပါတယ်။
ဒီအတိတ်လေးက ပုံမှန်ဆိုဒီလိုနဲ့အဆုံးသတ်သွားမှာပါ၊ထူးခြားမှုတစ်ခုက AD2011 ရဲ့ January မနက်ခင်းတစ်ခုမှာ မြူတွေဝေနေတဲ့တောင်ထိပ်မှာ လူတစ်ယောက်ရပ်နေခဲ့ပါတယ်။ပစ္စုပ္ပန်ထက် အတိတ်ပိုဆန်တဲ့ လူတစ်ယောက်ဟာ ပိန်းပိတ်အောင်မှောင်နေတဲ့ အနာဂါတ်တစ်ခုကိုကိုင်ပြီးတောင်ထိပ်မှာ ရှိနေခဲ့ပါတယ်။ အရင်လိုနွေးထွေးမှုမျိုးမရှိပဲ ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့တောင်ထိပ်မှာ အရင်တုန်းကလိုနွေးထွေးမှုမျိုး ကင်းမဲ့သွားတဲ့မြင်ကွင်းတွေနဲ့ထိုင်ကြည့်နေခဲ့ပါတယ်။သူဟာ မကြာမကြာဒီတောင်ထိပ်ကိုရောက်ခဲ့ပါတယ်။တစ်ခါတုန်းက ဖြစ်ရှိခဲ့တဲ့နွေးထွေးမှုမျိုးကို အသေအချာသိမ်ထားခဲ့တဲ့ လူတစ်ယောက်အဖြစ်သူရှိနေခဲ့ပါတယ်။ သူတို့နဲ့တစ်ခါက နေညိုတိမ်တောက်ချိန်တွေမှာ ဝါးလုံးတွေနဲ့အတူတူဆောက်ဘူးသောခုံတန်းရှည်ပေါ်အတူထိုင်တက်တဲ့ ညီအငယ်ဆုံးတစ်ယောက် သူတို့ကိုသတိရနေကြောင်း သူတို့သိကောင်းသိနေနိုင်ပါတယ်။
ကိုမင်းမင်း၊ရဲသူ၊ပြည့်ဖြိုးအောင်၊ကိုအေးမျိုး၊ တစ်ခါကသူငယ်ခြင်း၊ညီအကိုထက်ပိုခဲ့သော၊အကိုများသို့အမှတ်တရ။ -အောင်မြင့်မြတ်-
0 Comments:
Post a Comment