နောက်ဆုတ်စရာတစ်လမ်းမှမရှိဘူး။
ရယ်ပြပြီးပြန်ရွှေ့လို့ရတဲ့ လမ်းဘေးက
Cheesကစားပွဲမဟုတ်ခဲ့ဘူး…
ငါ့အမြစ်တွေနဲ့ ငါကိုငါရစ်ပတ်
လုံခြုံသွားတယ်…
ရေလောင်းပြီးမှ ရိတ်သိမ်းပါဆိုတာမျိုး
ကြိုးမိန့်ကျနေတဲ့ လူရဲ့နောက်ဆုံးဆန္ဒမျိုး
နောက်ထပ်နောက်ထပ်ရဲရဲကြီးသတ်သေပြစ်ရမဲ့ အတိတ်မျိုး
နောက်တစ်ခါ ပြန်စလို့ရရင်လဲ ဒါမျိုးဆိုတာရှိလာဦးမှာပဲ
အနိမ့်အမြင့်အတက်အကြတွေကို သံစဉ်လေးနဲ့ ထောက်ပံ့ပေးထားရအောင်
ရုပ်ရှင်လား….။
ငါဟာ … ပွင့်လွယ်၊ကြွေလွယ်၊မျှော်လင့်လွယ်ခဲ့ပါတယ်….။
ထူးထူးခြားခြားအသိလေးနဲ့ အရာရာခံစားခဲ့တဲ့ငါဟာလည်း
ဒုက္ခနဲ့တည့်တည့်ကနတ်သားပဲ။
နောက်ထပ်..
နောက်ထပ်..
နောက်ထပ်..
အဲ့ဒိနောက်ထပ်တွေက ရှိဦးမှာပဲ ငါရှိလဲရှိနေမှာပဲ၊ငါမရှိလဲရှိနေမှာပဲ၊
ဘာကို ခံစားချင်နေရတာလဲ၊ကလေးဆန်မှုအပေါ်
လိုက်ပါသွားတဲ့ကလေးဆန်မှုတွေ…..။
ငါငါ့ကိုငါ ကောက်တွေ့ရတုန်းက ရေစက်တွေနဲ့ရေချိုးခန်ထဲမှာ
ငါဟာဖြေသာအောင်ဖြေခဲ့ရတဲ့တရားတွေ
မေ့သွားစေတဲ့ ပျော်ဝင်ရည်တွေ ဖျော်ဖြေမှုတွေနဲ့နေထိုင်တာ
ခင်ဗျားတို့ရော သေသေချာချာမပျော်ခဲ့ဘူးမဟုတ်လား…။
ဘဝမှာက မတော်တဆသာယာလိုက်ဖို့ဆိုတာ အတော်မလွယ်တာ။
ငါဟာတရာခံရှာမတွေ့တဲ့ ပန်းချီကားတစ်ချပ်ဖြစ်ခဲ့တာ….
ဒီအသွေး၊ဒီအရုပ်တွေကို ဘယ်သူရေးဆွဲခဲ့လဲ……။
ဖြေစရာတောင်ရှာမတွေ့ခဲ့ရဘူး။
ညွှန်း ->မောင်သိန်းဇော်ရဲ့ ဒုက္ခနဲ့တည့်တည့်က နတ်သား။
0 Comments:
Post a Comment