အဲ့ဒိစာရွက်သေးသေးလေးတွေပေါ်မှာ
ငါမညီမညာရေးခဲ့သင့်တယ်။
ခလုပ်တိုက်မိတိုင်း တွေးမိတာ
အဲ့ဒိသွေးမတိတ်တဲ့ အတိတ်တွေပဲ
ငါဟာ မဝယ်ပေးဖြစ်ခဲ့တဲ့ Stich အရုပ်တွေကို
မတော်တဆတွေ့ရင်သတိရတက်လာတယ်
ငါဟာ ရုပ်ရှင်ဇာတ်ကားဟောင်းတချို့ကို
အကြောင်းမဲ့ပြန်ကြည့်တက်လာတယ်
တစ်ခါတစ်ခါ တစ်နာရီ80kmနီးပါးနဲ့
ငါ့စီရိုက်ခတ်နေတဲ့
မိုးရေစက်တွေနဲ့တူတူသတိရတက်တယ်။
မင်းသိလား ငါဟာ
သွေးထွက်သံယိုမှုများတဲ့ကဗျာဆရာတစ်ယောက်ပဲ
တစ်ခါတစ်ခါ ငါ့လူမဖတ်သင့်တဲ့ စာရွက်တချို့မှာ
မင်းအကြောင်းဖြူဖြူစင်စင်ထည့်ရေးမိတဲ့ အထိ
ငါသတိရတက်လာတယ်။
ပြီးဆုံးသွားမှုတွေကို မသိစိတ်ကတွန်းလှန်မှုတွေနဲ့
မျက်ခုံးပေါ်က Tatoo လေးတွေက ငါ့အလွမ်းပဲ….
ဘာဖြစ်ဖြစ်အတိတ်ဆိုတာနှစ်ဦးပိုင်တယ်…
တံပိုးမှုတ်သူတစ်ရာ ရဲ့ဂီတသံမှာ ငါ့ ဆင်ခြင်တုံတရားကြီးပါသွားတယ်
အရာရာဟာငါ့ထက်ကြယ်ဝန်းပါတယ်…
ငါပိတ်မိခဲ့တဲ့ခြောက်တွေအများကြီး…
ကစားပွဲတွေ ငါ့အနီကတ်တွေ ဒဏ်ရာတွေ ရယ်ရပါတယ်
ငါဟာရယ်ရပါတယ်….။
ပြီးသွားပြီဆိုတာကိုလက်ခံလိုက်ဖို့ ငါတို့
ကော်ဖီဆိုင်ကို ငါရောက်ဖြစ်တော့မှမဟုတ်ပါဘူး။