တကယ်ပါ....
သံယောဇဉ်ဆိုတဲ့ကြိုးမျိုး တကယ်ရှိမယ်လို့ ကိုယ့်ကိုကို လိမ်ညာခဲ့ကြတာ..(အချစ်၏အဓိပ္ဗါယ်ဖွင့်ဆိုချက် ၂ ကဗျာမှ)
အမှန်ကဒီဇာတ်လမ်းမျိုးကပြန်ပြောပြရင်မကောင်းတဲ့ဇာတ်လမ်းမျိုး...
ဇာတ်လမ်းတွေထဲက အကြောင်းအရာတွေက အမှန်တရားဖြစ်ပါ့မလားသူ သံသယရှိတယ်
ဖြစ်ရပ်မှန်ဆိုတာတွေကို တောင်သူမယုံကြည်တော့ဘူး... အသက်ရှူသံတွေကို သံသယရှိတယ်
ဘဝကို သံသယရှိတယ် ... ရိုးသားမှုကို သံသယရှိတယ် အဖြူရောင်ကိုသံသယ ရှိတယ် အရာရာကို သူ သံသယရှိနေတယ်....။ သူကိုယ်တိုင် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ဖြစ်နိုင်ချေ ရှိသော ဇာတ်လမ်းအဖြစ် ပြင်ဆင် တင်ဆက်လိုက်တာပါ...။ ဒီဇာတ်လမ်းက ဘယ်တုန်းကမှရှိခဲ့မှာမဟုတ်ပါဘူး... ရှိခဲ့ရင်တောင် ဘယ်နည်းနဲ့မှ ကမ္ဘာကျော်ဖို့မဖြစ်နိုင်တော့ပါဘူး....။ကမ္ဘာကျော်ဖို့ ဇာတ်နာဖို့လိုအပ်ပါသည်။ ကမ္ဘာကျော်ဖို့ မိမိကိုယ်ကိုယ်လိမ်လည်မှုအား အားပေးအားမြှောက်ပြုသော ဖြူစင်မှုများလိုအပ်ပါသည်...။ ကမ္ဘာ ကျော်ဖို့အတွက် ဘယ်တုန်းကမှမရှိခဲ့သော ရမ္မက်မဲ့သော ချစ်ချင်းမေတ္တာလိုအပ်ပါသည်...။ ဇာတ်ကောင်တွေက ပြီးပြည့်စုံဖို့လိုအပ်ပါသည်....။
ဇာတ်လမ်းအစမှာ အရင်ကအတိုင်းပဲ Jack ကဖဲနိုင်မယ် နောက်ပြီး သင်္ဘောကြီးစီးကြမယ်ပေါ့... အဲနောက်ပြီးတော့ Roseကလည်းထီးလေးဆောင်းပြီး အရင်တုန်းကအတိုင်းပဲ လှလှပပလေး ဆင်းလာမယ် ကားပေါ်ကနေပြီး.....။ အဲ့ဒိအထိ ခင်ဗျား လည်းအရင်က Titanic ပဲလို့ထင်မှာ တကယ်တော့ ကျွန်တော့်ဇာတ်လမ်းကဘယ်နည်းနဲ့မှကမ္ဘာကျော်မှာမဟုတ်ဘူး...။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်အမှန်အကန်အကြံအစည်တွေနဲ့Jackနဲ့Roseကိုပေးညားပြစ်လိုက်မှာ...။
Jack ကနေနစ်မသေဘူးပေါ့ သင်္ဘောကြီးနစ်တော့မဲ့အချိန် ကယ်ဆယ်ရေးတွေကရောက်လာတယ် ပြီးတော့ တမင်တကာခိုးထားပြီး မတော်တဆ ပါသွားတဲ့ မျက်နှာပေးမျိုးနဲ့Deep Ocean Heart ကြီးကိုရောင်းစား လိုက်ကြ တယ် အဲပြီးတော့ ကမ္ဘာကျော်သူဌေးကြီးတွေဖြစ်သွားကြတယ်ပေါ့ဗျာ အဲ ပြီးတော့ အဲ့တုန်းက Deep Ocean Heart ကိုပြန်ရှာတဲ့ ရတနာတူးတဲ့လူတွေလဲ ဘယ်တုန်းကမှ Titanicကိုပြန်ဖော်ဖို့ စိတ်ကူးမရှိတော့ဘူး...။ သူတို့လဲပြတိုက်တစ်ခုခုမှာဖြစ်ဖြစ် ဒါမှမဟုတ်ကမ္ဘာကျော် သူဌေးမကြီးတစ်ယောက် ရဲ့ပန်းချီကားထဲဖြစ်ဖြစ် သူတို့မြင်ဘူးကြမှာ နောက်ပြီး Roseရဲ့ ကိုယ်လုံးတီး ဓါတ်ပုံလဲ ဘယ်သူမှ မြင်ရတော့မှာမဟုတ်ဘူး... Leonardo Dicaprio ရယ် Kate Winslet ရယ်လဲဒီဇတ်ကားကိုရိုက်ဖြစ်ကြတော့မှာ မဟုတ်ဘူး နောက်ပြီး... Celine dion ဆိုတဲ့ ဟိုမမကြီးတစ်ယောက်လဲ ဒီသီချင်းဆိုဖြစ်တော့မှာမဟုတ်ဘူး...
နောက်ပြီး ကျွန်တော်တို့ရဲ့မှတ်ဥာဏ်ထဲမှာလဲ Titanic ဆို တာ Jack နဲ့Roseမတ်တပ်ရပ်ခဲ့တဲ့ သင်္ဘောကြီး အဖြစ်လဲ ရှိနေတော့မှာမဟုတ်ပါဘူး....။
တကယ်ပါပဲ ဒီလိုဇာတ်လမ်းမျိုးတွေက ဘယ်တော့မှရှိခဲ့မှာမဟုတ်ပါဘူး......။ကျွန်တော့်ဇာတ်လမ်းက ဘယ်တော့မှမရှိတော့မဲ့ဇာတ်လမ်းဆိုတာလဲယုံကြည်ပါတယ်။ ဒါပေမဲ့ဇာတ်လမ်းအဖြစ်ပဲမရှိမှာဆိုတာ ယုံကြည်ပါတယ်။ အလားတူဇာတ်လမ်းတွေ လက်တွေ့ဘဝမှာ ရှိနိုင်ဖြစ်နိုင်၊ ရှိနေဖြစ်နေ၊ ရှိခဲ့ ဖြစ်ခဲ့ နိုင်ပါတယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ်.... တကယ်တော့ ဇာတ်လမ်းက လက်တွေ့ဆန်လွန်းလို့ ဇာတ်လမ်းမမြောက်တော့တာ ။နောက်ပြီးတော့ ဖြုစင်တယ်ဆိုတဲ့ ကိစ္စမျိုး ပြီးပြည့်စုံတယ်ဆိုတဲ့ကိစ္စမျိုး ..
အချစ်ဆိုတဲ့ကိစ္စမျိုးကို ကျွန်တော်အပြည့်အဝသံသယရှိနေသူတစ်ယောက်အဖြစ် အသက်ရှင်နေခဲ့ပါတယ်...။