အိမ်မက် ကို ဆီကျန် ရေကျန် မက်ချင်သည် ။

ကျနော့် ကိုဇိကုပ်ပြီး နတ်ပြည် မပို့ကြပါနဲ့ ။ ကိုယ့်ဘာသာကို သွားမည် ။ ကျနော့်
ကို ဇိ လာကုပ်တာမျိုး ကျနော်မကြိုက်ပါ ။ မနာဘူး ဆိုရင်တောင် ယားတော့ယား
တတ်သည် ။ ထိုသို့ဖြင့် ဇတ်ကြီးက မျောသွားသည် ။ ဇတ်မျောကို လိုက်ဆယ်ရင်း
ပင်လယ်က မျောသွားသည် ။ ဘာမှမကျန်ခဲ့ ။

ညာတာပါတေး ကောင်မလေး တစ်ယောက်နှင့် ကျနော် ဝေးသွားသည် ။ ညကြီးမင်း
ကြီးမှာ သူ့ကိုသတိရ၏ ။ သူကတော့ မေ့နေပြီ ထင်ပါသည်။

"ဌာနေဌာန ကောသလဥာဏ်" ဆိုတာကို ကျနော်မသိပါ ။ သိလိုသူများ ဆရာလှသမိန် ၏
"ကြွယ်ဝခမ်းနား မြန်မာစကား" စာမျက်နှာ (၇၂) ကိုရှုပါ ။ ရွှံပေါ်ရှဥ့်ပြေး သော်လည်း ရှဥ့်မွှေး
ရွှံမလူးပါ ။ တိုတဲ့ လျှော်က တို၍ ရှည်တဲ့ လျှော်က ရှည်ပါဦးမည် ။ ဘာကိုပဲလုပ်လုပ်
ဌာန်ကရိုဏ်း ကျဖို့လိုပါသည် ။ ဘာမှ မလုပ်ဘဲ နှင့်လည်း ဌာန်ကရိုဏ်း ကျဖို့ လိုပါသည်။

တကူတက တူးဖော်သောက်ရတာ ၀ိုင်တစ်ခွက် ဖြစ်၏ ။ ခွက်နဲနဲ ပဲ့နေသည် ။ ဗိုက်ထဲသို့ တဟီးဟီး
တဟားဟား ၀င်သွားသည် ။ နံနက်ခင်း ကိုမတွေ့ရ ။ တပေါ့တပါး သွားသည်ဟု သိရသည် ။ ဧည့်ခံ
ပွဲကလည်း တဗျစ်ဗျစ် တောက်တောက် နှင့် ဆူညံနေသည် ။ မီးရှူးပွင့်တွေ တအုံနွေးနွေး တောက်ပနေ၏ ။
ဘယ်သူ့ကိုမှ တီတီတာတာ မပြောခဲ့ပါ ။ အိမ်ကို တလိမ့်ခေါက်ခွေး ပြန်လာခဲ့၏ ။

အနုပညာက ထိုင်ကားယား ထကားရား ဖြစ်နေသည်။

သူ့အပေါ် တတ်စီးမည့် သူများကို လိုလားပုံ မပေါ် ။ ရထားက ဒရောသောပါး ထွက်၏ ။
လူတစ်ယောက်က ရွှေမန်းမြို့မှ မမကေသီကို သတိရနေသည် ။ ဒယီးဒယိုင်ဖြင့်
တူးတူး ဟုအော်၏ ။

အနုပညာသည် ကျနော့် ဓါးမဦးချမြေ ဖြစ်၏ ။ ဆက်လက် ထွန်ယက် ရဦးမည် ။ တစ်ချို့က ကျနော့်ကို ဓမ္မန္တ္တရာယ် ဟု မြင်ကြသည် ။
ဓမ္မ္မာသောက အင်းဝရာဇာ အဖြစ် အလွန် ချစ်ကြ၏ ။ ကိစ္စမရှိပါ ။
ဓါတ်ကြီး လေးပါး ညှိဆေး ဆိုသည်မှာ ကျနော့် ကြီးဒေါ် ဖော်ရောင်း နေသော ဆေးဖြစ်ပါသည်။
သူခိုးကို ဓါးရိုး မကမ်းပါနှင့် ။ ကုန်ကုန် ပြောရလျှင် ဘယ်သူ့ကိုမှ ဓါးရိုးမကမ်း ပါနှင့် ။

မှုန်ပြာရီ ခေတ်ကြီးအတွင်း မှာ သဘာဝတရားက ကျွန်တော့်ကို ပါးသိုင်းကြိုး တပ်၏ ။
နဖူးရေ ဒူးရေ မကောင်းလှသော ညနေခင်းကြီး ဆီ သွားမည်။

ကျွန်တော့်မှာ ပဝေသဏီ ဆန်သော ပါးစပ်ပုပ်ကြီး ရှိပါသည်။ ပိုးစိုးပက်စက်တေ-့  မပြောတတ်ပါ။
သို့သော် ပုဆိုးတန်းတင် ပြောတတ်ပါသည် ။ အဆင်မပြေလှချေ ။

လူဖြစ်လူတာ ကိုက ဗရုပ်သုတ်ခနဲ့ပါ ။ ဗရွတ်ရွှတ်တ ဆီတွေ ဆမ်းထားတဲ့ ထမင်းကို ဆုတ်လိုက် ဆန်းလိုက်ဖြစ်
်နေတဲ့ ဗလောင်းဗလဲ လမင်းဆီက တောင်းစားပြီး ကြီးပြင်းခဲ့ရတာပ- ။ နောက်ဆုံးကျတော့ ..... ဗလာ။

မေမေရေ .... ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။

ယထာဘူတ မကျပါဘူး။ ဒါပေမယ့် စိတ်နာတယ်။ ဓာတ်ကြီးလေးပါး ခမျာမှာလည်း မကြာခဏ
ယောက်ယက် ခတ်ရတယ် ။ ယုံချင်မှ ယုံပါ ။ ယုံတမ်းစကား လို့ သဘောထားပါ ။ ကိုယ့်စိတ်ဆီ ကိုယ် သွားနိုင်ဖို့ အတွက်
ကျွန်တော့်ကို နည်းနည်းတော့ ဘုရားထိုင်၊ ထိုင်ခွင့် ပြုကြပါ ။

ကိုယ့်ကိုယ်ကို ရေလာမြောင်းပေး လုပ်နေရတာ .... ကြာပြီ ။ လျှမ်းလျှမ်းတောက- တယ်လို့ ဘယ်သူက ပြောသလဲ ။ အမှန်တော့ လူခြေတိတ် လွန်းတဲ့သူဆိုတာ သေချာပါတယ် ။

ဟတ်တက်ကွဲခွင့် ပြုပါ ။ 'အက်' နေရတာကို စိတ်ညစ်လွန်းလို့ ။ ဟက်တက်သာ ကွဲခွင့် ပြုကြပါ ။ ဘယ်လိုအခြေအနေ မှာမှ ဟောင်ဖွာဟောင်ဖွာ မလုပ်ခဲ့ပါဘူး ။ ဘယ်တုန်းကမှလည်း ဟန်ကျပန်ကျ မရှိခဲ့ပါဘူး ။ ဈေးသည် အေးကြွယ်နဲ့ သီချင်းအတူတူ ဆိုဖူးရုံလောက်ပါ ။ ဟိုတုန်းက ဟုန်းဟုန်းတောက် ချင်ခဲ့သမျှ ၊ ခုတော့လည်း ငြိမ်းချမ်းသင်ြး- ချင်ပြီ။

အထွေအထူးတော့ ပြောစရာ မရှိပါ။ အစကတည်းက 'အ' နေသော ဝတ္ထုပါ။ အခု ပြီးသွားပါပြီ။ အင်္ဂလိပ်လို (End) ဟုပြောလျှင်
ရနိုင်ပါသည်။ သို့သော် ကျီးကန်း ခလုတ်တိုက်သံ နှင့် တူနေ၍ မပြောတော့ပါ။ ဘာပဲပြောပြော ဝတ္ထုက ပြီးသွားပါပြီ။ ဝတ္ထုနှင့်အတူ အရာအားလုံးကိုလည်- ပြီးလိုက် စေချင်ပြီ ။ ဖတ်သူကိုရော ၊ မဖတ်သူကိုရော အထူးကျေးဇူး တင်ပါသည် ။ ။

(တာယာမင်းဝေ)

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.