ဘ၀အာမခံချက်ဆိုတာတွေကို ဖြိုချပြီး နေရာတစ်ခုမှာ လူဖြစ်ရချင်း၏တာဝန်ယူမှုများကို ထမ်းဆောင်ရင်း
တစ်နေ့နေ့ဆိုတာတွေကိုခဏမေ့ထားမိတယ်. . . . . . . . ။လူဆိုတဲ့ Comments တွေကို နားထောင်ရင်
အသက်ဆက်မဲ့မနက်ဖြန်တွေမှာ . . . ငါဖိနပ်မစီးတော့ဘူး. . . ဘ၀ဆိုတာပြသနာတော့မဟုတ်ဘူး
အိမ်မက် ကို ဆီကျန် ရေကျန် မက်ချင်သည် ။
ကျနော့် ကိုဇိကုပ်ပြီး နတ်ပြည် မပို့ကြပါနဲ့ ။ ကိုယ့်ဘာသာကို သွားမည် ။ ကျနော့်
ကို ဇိ လာကုပ်တာမျိုး ကျနော်မကြိုက်ပါ ။ မနာဘူး ဆိုရင်တောင် ယားတော့ယား
တတ်သည် ။ ထိုသို့ဖြင့် ဇတ်ကြီးက မျောသွားသည် ။ ဇတ်မျောကို လိုက်ဆယ်ရင်း
ပင်လယ်က မျောသွားသည် ။ ဘာမှမကျန်ခဲ့ ။
ညာတာပါတေး ကောင်မလေး တစ်ယောက်နှင့် ကျနော် ဝေးသွားသည် ။ ညကြီးမင်း
ကြီးမှာ သူ့ကိုသတိရ၏ ။ သူကတော့ မေ့နေပြီ ထင်ပါသည်။
"ဌာနေဌာန ကောသလဥာဏ်" ဆိုတာကို ကျနော်မသိပါ ။ သိလိုသူများ ဆရာလှသမိန် ၏
"ကြွယ်ဝခမ်းနား မြန်မာစကား" စာမျက်နှာ (၇၂) ကိုရှုပါ ။ ရွှံပေါ်ရှဥ့်ပြေး သော်လည်း ရှဥ့်မွှေး
ရွှံမလူးပါ ။ တိုတဲ့ လျှော်က တို၍ ရှည်တဲ့ လျှော်က ရှည်ပါဦးမည် ။ ဘာကိုပဲလုပ်လုပ်
ဌာန်ကရိုဏ်း ကျဖို့လိုပါသည် ။ ဘာမှ မလုပ်ဘဲ နှင့်လည်း ဌာန်ကရိုဏ်း ကျဖို့ လိုပါသည်။
တကူတက တူးဖော်သောက်ရတာ ၀ိုင်တစ်ခွက် ဖြစ်၏ ။ ခွက်နဲနဲ ပဲ့နေသည် ။ ဗိုက်ထဲသို့ တဟီးဟီး
တဟားဟား ၀င်သွားသည် ။ နံနက်ခင်း ကိုမတွေ့ရ ။ တပေါ့တပါး သွားသည်ဟု သိရသည် ။ ဧည့်ခံ
ပွဲကလည်း တဗျစ်ဗျစ် တောက်တောက် နှင့် ဆူညံနေသည် ။ မီးရှူးပွင့်တွေ တအုံနွေးနွေး တောက်ပနေ၏ ။
ဘယ်သူ့ကိုမှ တီတီတာတာ မပြောခဲ့ပါ ။ အိမ်ကို တလိမ့်ခေါက်ခွေး ပြန်လာခဲ့၏ ။
အနုပညာက ထိုင်ကားယား ထကားရား ဖြစ်နေသည်။
သူ့အပေါ် တတ်စီးမည့် သူများကို လိုလားပုံ မပေါ် ။ ရထားက ဒရောသောပါး ထွက်၏ ။
လူတစ်ယောက်က ရွှေမန်းမြို့မှ မမကေသီကို သတိရနေသည် ။ ဒယီးဒယိုင်ဖြင့်
တူးတူး ဟုအော်၏ ။
အနုပညာသည် ကျနော့် ဓါးမဦးချမြေ ဖြစ်၏ ။ ဆက်လက် ထွန်ယက် ရဦးမည် ။ တစ်ချို့က ကျနော့်ကို ဓမ္မန္တ္တရာယ် ဟု မြင်ကြသည် ။
ဓမ္မ္မာသောက အင်းဝရာဇာ အဖြစ် အလွန် ချစ်ကြ၏ ။ ကိစ္စမရှိပါ ။
ဓါတ်ကြီး လေးပါး ညှိဆေး ဆိုသည်မှာ ကျနော့် ကြီးဒေါ် ဖော်ရောင်း နေသော ဆေးဖြစ်ပါသည်။
သူခိုးကို ဓါးရိုး မကမ်းပါနှင့် ။ ကုန်ကုန် ပြောရလျှင် ဘယ်သူ့ကိုမှ ဓါးရိုးမကမ်း ပါနှင့် ။
မှုန်ပြာရီ ခေတ်ကြီးအတွင်း မှာ သဘာဝတရားက ကျွန်တော့်ကို ပါးသိုင်းကြိုး တပ်၏ ။
နဖူးရေ ဒူးရေ မကောင်းလှသော ညနေခင်းကြီး ဆီ သွားမည်။
ကျွန်တော့်မှာ ပဝေသဏီ ဆန်သော ပါးစပ်ပုပ်ကြီး ရှိပါသည်။ ပိုးစိုးပက်စက်တေ-့  မပြောတတ်ပါ။
သို့သော် ပုဆိုးတန်းတင် ပြောတတ်ပါသည် ။ အဆင်မပြေလှချေ ။
လူဖြစ်လူတာ ကိုက ဗရုပ်သုတ်ခနဲ့ပါ ။ ဗရွတ်ရွှတ်တ ဆီတွေ ဆမ်းထားတဲ့ ထမင်းကို ဆုတ်လိုက် ဆန်းလိုက်ဖြစ်
်နေတဲ့ ဗလောင်းဗလဲ လမင်းဆီက တောင်းစားပြီး ကြီးပြင်းခဲ့ရတာပ- ။ နောက်ဆုံးကျတော့ ..... ဗလာ။
မေမေရေ .... ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။
ယထာဘူတ မကျပါဘူး။ ဒါပေမယ့် စိတ်နာတယ်။ ဓာတ်ကြီးလေးပါး ခမျာမှာလည်း မကြာခဏ
ယောက်ယက် ခတ်ရတယ် ။ ယုံချင်မှ ယုံပါ ။ ယုံတမ်းစကား လို့ သဘောထားပါ ။ ကိုယ့်စိတ်ဆီ ကိုယ် သွားနိုင်ဖို့ အတွက်
ကျွန်တော့်ကို နည်းနည်းတော့ ဘုရားထိုင်၊ ထိုင်ခွင့် ပြုကြပါ ။
ကိုယ့်ကိုယ်ကို ရေလာမြောင်းပေး လုပ်နေရတာ .... ကြာပြီ ။ လျှမ်းလျှမ်းတောက- တယ်လို့ ဘယ်သူက ပြောသလဲ ။ အမှန်တော့ လူခြေတိတ် လွန်းတဲ့သူဆိုတာ သေချာပါတယ် ။
ဟတ်တက်ကွဲခွင့် ပြုပါ ။ 'အက်' နေရတာကို စိတ်ညစ်လွန်းလို့ ။ ဟက်တက်သာ ကွဲခွင့် ပြုကြပါ ။ ဘယ်လိုအခြေအနေ မှာမှ ဟောင်ဖွာဟောင်ဖွာ မလုပ်ခဲ့ပါဘူး ။ ဘယ်တုန်းကမှလည်း ဟန်ကျပန်ကျ မရှိခဲ့ပါဘူး ။ ဈေးသည် အေးကြွယ်နဲ့ သီချင်းအတူတူ ဆိုဖူးရုံလောက်ပါ ။ ဟိုတုန်းက ဟုန်းဟုန်းတောက် ချင်ခဲ့သမျှ ၊ ခုတော့လည်း ငြိမ်းချမ်းသင်ြး- ချင်ပြီ။
အထွေအထူးတော့ ပြောစရာ မရှိပါ။ အစကတည်းက 'အ' နေသော ဝတ္ထုပါ။ အခု ပြီးသွားပါပြီ။ အင်္ဂလိပ်လို (End) ဟုပြောလျှင်
ရနိုင်ပါသည်။ သို့သော် ကျီးကန်း ခလုတ်တိုက်သံ နှင့် တူနေ၍ မပြောတော့ပါ။ ဘာပဲပြောပြော ဝတ္ထုက ပြီးသွားပါပြီ။ ဝတ္ထုနှင့်အတူ အရာအားလုံးကိုလည်- ပြီးလိုက် စေချင်ပြီ ။ ဖတ်သူကိုရော ၊ မဖတ်သူကိုရော အထူးကျေးဇူး တင်ပါသည် ။ ။
(တာယာမင်းဝေ)
စကားလုံးလှလှလေးတွေနဲ့ သိပ်မညက်လှတဲ့ဂစ်တာသံတစ်ချို့နဲ့ ညတွေကိုဖြတ်သန်းဖြစ်တယ်
လပြည့်ညမှာဝရန်တာ ထွက်မမိဘူး ငယ်စဉ်ဘ၀တုန်းကလှလှပပလေးပြုံးဘူးတယ်. . .
မုန့်မစားရလို့ဂျီကြဘူးတယ်. . .အိမ်ကမသိအောင်ပီကေခိုးစားဖူးတယ်။
ဘ၀အာမခံချက်ဆိုတာတွေက တော်တော်များများကိုဆုံးရှုံးစေတက်တယ်. . . .
အမှန်တစ်ရားကိုဟောက်စားလုပ်ပြီး အဖြူရောင်တွေ ဆိုးထားကြတဲ့ လူတော်များများရော
ဘ၀ဆိုသည်ကိုပြန်လည်တွေးတောမိချင်းသည် ရုပ်ရှင်ဆန်ဆန်အတွေးတွေနဲ့ခပ်ပေါပေါရပ်ကြည့်နေရတဲ့
ဗီဒီယိုကားများကဲ့သို့သာ အဆိပ်တစ်ခွက်၊ကြည်ဆန်တစ်တောင့်ဖြင့် တန်ဖိုးဖြတ်ခဲ့သည်ကို လူတို့၏ ဥပဒေအတိုင်း
လူတို့ကအမှားဟုသတ်မှတ်ခဲ့ကြသည်. . . ။တွေးမိတာတစ်ခုက အမှန်တစ်ရားဆိုသည်ကိုရော ရိုသားသည်ဆိုကိုရော
အဖြူရောင်ဆိုသည်ကိုကော ကျွန်တော်တို့တီထွင်ခဲ့သောတန်းဖိုးထားမိသည့် ခပ်ပေါပေါအရာများသာ. . .
ဟာသကားများခေတ်စားလာပါသည်း လူတွေပြုံးလာတာနည်းလာချင်းလဲဖြစ်နိုင်ပါသည်. . .။ခပ်တည်တည်ရပ်ကြည့်တက်သော
ကျွန်တော့်ကို ရုပ်ရှင်ဇတ်ကားတစ်ချို့က ပြုံးစေပါသည်. . . . . . သရော်ပြုံးလဲဖြစ်နိုင်ပါသည် . . .
ထွက်ပေါက်တစ်ချို့မှာ တံတိုင်းများနှင့်ပိတ်ထားပါတယ် ဘ၀အာမံခံချက်ဆိုသည်များကကြိုးတုတ်လျှက်. .
ညနေချင်းတစ်ချို့မှာ အင်းယားကန်ဘောင်ကိုကျောပေးပြီး သူမ၏အိပ်မက်တစ်ချို့ကို ထိုင်ကြည့်မိသည်. . . ။
လေတိုက်နေတဲ့ညနေခင်းတစ်ခုမှာ သူမ ကျွန်တော့်အားပုန်းနေဘူးသည်. . .
နောက်ထပ်လေတိုက်တဲ့ညနေခင်းတစ်ခုမှာသူမ အိပ်မက်တွေပြောပြဘူးသည်. . . .
ကျွန်တော်နှင့်စိတ်ကောက်ဘူးသည်. . . . .။
မိုးတွေအုပ်နေတဲ့ ညနေခင်းတစ်ခုမှာ သူမနှင့်နောက်ဆုံးဆုံဖြစ်သည်. . . .။
ကမ္ဘာပေါ်တွင် ထိုင်းထိုင်းမှိုင်းမှိုင်းအသက်ရှင်ရချင်သည် အတော်ကောင်းသည့် အရသာဟုထင်မိသည်သို့ရာတွင်
လူအချို့သည်လူဖြစ်ရချင်း၏တာဝန်အရ များစွာသောဝေဖန်မှုများပေးတက်သည်. . .
ကောင်းကင်ကိုတော့မော့မကြည့်ဖြစ် မိမိကိုယ်ကိုယ် ဘ၀တွင် တံခါးခေါက်ပြီးလှည့်ထွက်သွားရသည်အရသာကို
သေသေချာချာခံစားမိသည်. . . လူဖြစ်ရချင်သည်း ကျွန်တော်၏အဓိကအားနည်းချက်ဖြစ်နိုင်ပါသည်. . . ။
ပျော်အောင်အိပ်ဖြစ်သည် . . . ထိုညက အိပ်မက်ထဲတွင် Kurt Cobainပါသည်။ ခိုင်ထူး သီချင်းတွေပါသည်။
The Ritz ကော်ဖီဆိုင်ပါသည်. . .။Google Talkပါသည် ။အတွင်ခံဘောင်းဘီအကြောင်းပါသည်
ထို့နောက် အတိတ်အနည်းငယ်ပါသည်အနာဂတ်ကိုတော့မတွေ့မိ. . . . . .။
လေတံခွန်တစ်ခုပါ. . . . . . . . . . . . . . . . . . . . . . ဒါပေမဲ့ "ကြိုးပြတ်နေပြီ" ။
နတ်ဆေး
၂၆ရက်၊၇လ၊၂၀၁၀ခုနှစ်
ည၈နာရီ။