(၁)
ကမ္ဘာပေါ်တွင်လူတို့သည်လည်းကောင်း . . . ။
ကျွန်ုပ်သည်လည်းကောင်း ယုံကြည်ခဲ့ဘူးသောအရာများသည် တစ်ခါတစ်ရံများမှာ
သာမန် နယ်ရုပ်တစ်ရုပ်၊ ကျည်ဆံတစ်တောင့် အဆိပ်တစ်ခွက်ဖြင့်၊
တန်ဖိုးဖြတ်သွားခဲ့ကြည်သည်ကို နားမလည်စွာငေးကြည့်နေမိသည်
မည်သို့နားမလည်ဘူးပြောနေခဲ့သည်ဖြစ်စေ.
ဘဝသည် ရှုံးနိမ့်ခဲ့ပါသည်
ရှုံးနိမ့်မှုဟုကိုယ့်ကိုကိုသတ်မှတ်ခဲ့၍သာ ရှုံးခဲ့ချင်ဖြစ်သည်. . . ။
ထိုအရှုံးသည် တသက်စာလှပခဲ့ပါသည်။
(၂)
ဆက်တိုက်သွားနေသောကျွန်တော့်လက်ပတ်နာရီ၏သော့သီး
ကိုဆွဲထုတ်၍ရပ်တန့်ထားခဲ့ဘူးသည်. . . ။
အချိန်ကို ပိုင်ဆိုင်ခဲ့သည့် ယုံမှားခဲ့မှုမျိုးဖြင့်
ကျွန်တော်တစ်ဦးသာနောက်ကြကျန်ခဲ့ရသည်. . . ။
အရာအရာဟာ မူလအရှိန်အဟုန်တိုင်း
ခုတ်မောင်းနေခဲ့သော ရထားကြီးတစ်စဉ်းသာဖြစ်လေသည်။
တစ်ခါက
လိုချင်ခဲ့ဘူးသောအရာများသည်လည်းကောင်း . . .
မျှော်လင့်ဘူးသောအချစ်များသည်လည်းကောင်း . . .
ရထားကြီး၏လမ်းတစ်လျှောက် ပျက်သုဉ်းခဲ့သည်သာ။
အချစ်ဆိုသည်မှာ . . . ကျွန်တော်၏ ကိုယ်ပိုင်စာမျက်နှာများတွင်
မည်သူမျှနားမလည်မပေးလိုက်နိုင်သော
အတိတ်၏ ခပ်ပြင်းပြင်ရိုက်ချက်ဟုပြောကာ ကျေကွဲပြစ်လိုက်ရုံသာရှိတော့သည်။
(၃)
အသံကုန်အော်သော်လဲ ပဲ့သင်သံသာပြန်ပေးတဲ့ ဘဝအကြောင်းတွေးမိတော့

အခန်းငယ်ငယ်လေးရဲ့ရယ်သံကိုခပ်သဲ့သဲ့ကြားမိပါရဲ့
ပုံပြင်တွေ၊ဒဏ္ဍာရီတွေ ဇာတ်လမ်းတွေ ရုပ်ရှင်တွေသည်
သူတို့၏မပြည့်စုံမှုများကို လျှို့ဝှက်ခဲ့နိုင်ပေသည်. . .။ထို့အရာများကို သိနားလည်ခြင်းဖြင် ဘဝကို စနစ်တကျဝမ်းနည်းပစ်လိုက်သည်။
ရပ်ကြည့်နေရင်းနှင့် အနီကတ်ထိခဲ့သည့်ကစားပွဲများကို
အပြစ်ဖို့စရာရှာမနေတော့ဘူး
Sisyphus အပြုံးမျိုးနဲ့ အချစ်ကိုမုန်းကြောင်း အကြိမ်ကြိမ် ရွတ်ဆို၊
ရွှေတောင်ပံမှာ ဒဏ်ရာတွေ က များလွန်းခဲ့တယ်။

0 Comments:
Post a Comment