ရင့်မာခက်ထန်တဲ့စိတ်ကူးတွေဟာ
ငါ့ကိုမလွမ်းနိုင်အောင်တားဆီးထားခဲ့တယ်
ကြီးမားလွန်းတဲ့ငါ့နှလုံးသားတွေကို
ထားစရာနေရမရှိလို့ငါရိုက်ခွဲခဲ့ပါတယ်။
တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေတဲ့
ငါ့ညတွေကို
မင်းကနှုပ်ခမ်းပါးပါးတစ်စုံနဲ့ပိုင်စိုးထားခဲ့တယ်.။
ငါ့ကိုမင်းနဲ့ဝေးကွာသွားစေမဲ့
အကြောင်းအရာတွေကခိုင်မာနေခဲ့တယ်...
အသက်ရှုသံပြင်းပြင်းတွေနဲ့
ငါ့ညတွေကမှောင်မဲမနေပေမဲ့
အလင်းရောင်ဆိုလဲရှာမတွေ့မိဘူး...
ပြီးဆုံးသွားတဲ့ခံစားမှုတွေကို
နူးညံမှုတ၀က်ပါတဲ့ရမ္မက်တွေနဲ့ပြန်ဆက်ဖို့
ကြိုးစားခဲ့မိတယ်
အစိတ်စိတ်အမွှာမွှာကွဲခဲ့တယ်ပန်းအိုးကို
ပြန်ဆက်ဖို့ကြိုးစားခဲ့သလိုပဲ....
ငါကပင်လည်တစ်ခုလိုနေထိုင်ခဲ့သလို
မင်းကလဲကောင်းကင်တစ်ခုလိုစိုးမိုးခဲ့ပါတယ်...
ငါတို့နှစ်ယောက်ဟာတစ်နေရာမှာဆုံနေတယ်လို့ထင်ရပေမယ့်
ငါ့တို့နှစ်ယောက်ဟာဘယ်တော့မှမဆုံနိုင်ခဲ့ပါဘူး...
ကောင်မလေးရေ.....
ငါတစ်ခုခုကိုနားလည်ချင်ယောင်ဆောင်လိုက်ပါတယ်....
မင်းထွက်သွားပါတော့ငါ့ညတွေကို....ငါတခါးဖွင့်ထားခဲ့ပါတယ်....
Posted by
AungMyintMyat
0 Comments:
Post a Comment