မိုးလင်းတာနဲ့ဘာတစ်ခုမှအဆင်သင့်ဖြစ်မနေခဲ့ပါလား……..
ငါရှူနေတဲ့အောက်ဆီဂျင်တော့အဆင်သင့်ဖြစ်နေလို့တော်ပါသေးတယ်လို့ဖြည့်တွေးပြီး
ငါ့ရဲ့မနက်ခင်းတစ်ခုကိုငါစတင်တံခါးခေါက်မိတယ်…။
လူဆိုတာ တစ်နေ့နေ့တစ်ချိန်ချိန်မှာတစ်ခုခုဖြစ်နေဖို့အတွက်လက်ရှိရှိသမျှကိုပေးဆပ်မဲ့သူတွေပါလား.။
ဂစ်တာတီးမဲ့အချိန်မှာ သီချင်းတွေဟာအဆင်သင့်ထွက်လာဖို့ကောင်းတယ်….။
မနက်ဖြန်မနက်တွေမှာအသက်ဆက်ရှူဖို့အားအင်တစ်ခုခုလိုအပ်နေတာအမှန်ပဲ….။
အော်လူတွေလူတွေ…
မလိမ်တက်ဘူးလို့အော်ပြီး လိမ်စရာမရှိသူ့ကိုသူလိမ်နေတဲ့သူနဲ့
လောဘမရှိပါဘူးဆိုတဲ့ပိုက်ဆံသမားတွေ
ကူညီပါမယ်ဆိုပြီးခေါင်းပုံဖြတ်မဲ့သူတွေ
အဲဒိလိုလူတွေဟာနောက်ပိုင်းကြတော့
ဗြောင်လိမ်ဗြောင်စားတွေဖြစ်သွား ဖြစ်သွားတော့ပဲ…
ပေးပါ့မယ်ပေးပါ့မယ်အော်ပြီး
ပေးဖိုးပြေးနေတဲ့သူတွေနဲ့….
တန်ဖိုးထားပါတယ်တန်ဖိုးထားပါဆိုပြီး
ဖြတ်စီးနေတဲ့သူတွေနဲ့…။
Gravitational Force ကိုနယူတန်ကရှာတွေခဲ့တယ်…
ကျွန်တော်လဲ Force တစ်ခုရှာတွေ့ထားတယ်ဗျ…
အဲဒိForce ကိုကျွန်တော်က The Greeditional Force
လို့နံမယ်ပေးထားတယ်ဗျ…။
ဒါပေမဲ့ဒီForce ကကိန်းသေမဟုတ်ဘူးဗျ…
လူအပေါ်မှာမူတည်တယ်ပေါ့….။
ဒါပေမဲ့ကျွန်တော်အာမခံနိုင်တာတစ်ခုကတော့
ပုထုဇဉ်ဖြစ်ပြီဆိုရင် ဒီForce ဘယ်တော့မှ Zero မဟုတ်ဖြစ်နိုင်ပါဘူး…။
ငါတို့ကပုထုဇဉ်တွေပဲပုထုဇဉ်တွေမလို့လောဘရှိတယ်လို့ပြောနေတဲ့သူတွေကို
ပုထုဇဉ်ဆိုတဲ့ဝေါဟာရကိုပါဠိလိုအရိယာလို့အဓိပ္ပါယ်ဖွင့်တယ်ဗျ….
အရိယာဆိုတာကတော့မြန်မာလိုအနက်ပြန်ဖွင့်ရင် မစင်ကြယ်မသန့်ရှင်းသောလို့အဓိပ္ပါယ်ပြန်ရတယ်…။
ဒါကြောင့်အဲဒိလူတွေကိုကျွန်တော်ပြောပြချင်တာတစ်ခုကတော့
ပုထုဇဉ်ပုထုဇဉ်အော်နေမဲ့အစား မသန့်ရှင်းတဲ့ကောင်တွေ မဆင်ကြယ်တဲ့ကောင်တွေလို့
အော်နေကြပါလားလို့…။
အော်လူလူလူလူ တယ်လဲခက်ပါလား..ကျွန်တော်လဲမသန့်ရှင်းတဲ့သူတစ်ယောက်ပဲ
မဖြူလဲမဖြူစင်ပါဘူး။ကျွန်တော့်မှာလဲ Greeditional force ရှိတယ်…
ကျွန်တော်လိုချင်နေတဲ့အရာတွေကတော့ လူတိုင်းရသင့်တဲ့အခွင့်အရေးတွေ
လူတိုင်းအတွက်အောင်မြင်မှုတွေ….အလိမ်အညာကင်းတဲ့လောကကြီးတစ်ခုရယ်
မင်းကလူတွေအပြင်ထွက်နေတယ်လို့ဝေဖန်သူများအတွက်အောက်ကစာလေးကို
ဆက်ရေးဖြစ်ပါတယ်…
လူဆိုတာ ကို ဋီကာကျော် မှာ ဘယ်လိုဖွင့်လဲဆိုရင်
အတ္ထံ အနတ္ထံ မနသီတိ မနုေဿာ ဆိုပြီးရေးထားတယ်
အကျိုးရှိတာကိုလည်း သိ မရှိတာကိုလည်း သိတာကို လူတဲ့
နောက်တစ်မျိုးထပ်ဖွင့်တယ်
ကုသလာကုသလံ မနသီတိ မနုေဿာတဲ့
ကု သိုလ် အကုသိုလ် ကိုသိတာလည်း လူတဲ့
လူဆိုတာကို အဲ့ဒီပေတံနဲ့ တိုင်းတာရမယ်
အဲ့တော့ လူဆိုတာကို သိပြိးလူ ဖြစ်လာရင်အဲ့ ဒီ ဟာတွေသိမှ လူ အစစ် လို့ခေါ်လို့ရမယ်…
လူတွေကတော့များကြီးပဲ
ဒါပေမယ့် ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တိုင်း လူပီသတယ်လို့မခေါ်နိုင်ဘူး ..............
ကျွန်တော်ကလူပါ…..သင်သာလူပီသအောင်ကြီကြိုးစားကြည့်ပါဦး…။

နတ်ဆေး
11, August, 2009(Tuesday)
2:44PM

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.