အပြင်မှာသဲကြီးမဲကြီးရွာနေတဲ့မိုးတွေကိုဘယ်လိုစာဖွဲ့ရမှန်းမသိပဲ
ကျွန်တော်ကွန်ပြူတာကိုဖွင့်လိုက်တယ်……။ ။
ကောင်းမြတ်ရဲ့မျောလွင့်နေတဲ့တိမ် သီချင်းနဲ့ပဲခံစားရမလား….။
ရဲလေးရဲ့မိုးသီချင်းနဲ့ ခံစားရမလား…။အာဇာနည်ရဲ့မိုးသီချင်းနဲခံ
ဖွင့်ရင်ကောင်းမလား…။ ။
ဘာသီချင်းနဲ့မှာကျွန်တော်ရွာနေတဲ့မိုးရေတွေကိုမခံစားလိုက်ပါဘူး..။
အခုရေးနေတဲ့postလေးနဲ့ပဲခံစားလိုက်ပါတယ်……………………..။ ။
“ငါဘယ်တော့မှလိမ်တက်ဘူး” မိန်းကလေးတစ်ယောက်ကအဲဒိစကားကို
အကြိမ်ကြိမ်ပြောခဲ့ပါတယ်…..။ ။အကြွင်းမဲ့ယုံကြည်ခဲ့ဘူးတယ်……။ ။
အခုဒီစာကိုရေးနေတဲ့အချိန်မှာတော့ကျွန်တော့ရင်ထဲဘာမှမရှိတော့ပါဘူး။
ထိုဘာမှမရှိတော့ချင်းသည်အပြစ်ကင်းစင်စွာကိုလှပနေပါတယ်…..။ ။
“I've never been perfect
But neither have you.”
ကျွန်တော်Likim Park ရဲ့နားထောင်နေဖြစ်နေတဲ့ Leave out all the rest
သီချင်းထဲကအကြိုက်ဆုံးစာသားလေးပါ။ ။အဲဒိကောင်မလေးကောင်မလေးကို
အဲဒိစာသားလေးပြောပြချင်ပါတယ်…။ ။
ငါဘယ်တော့မှတော့မပြည့်စုံဘူးကောင်မလေးရယ်….။
မင်းလဲမပြည့်စုံပါဘူး….။လူဆိုတာ ကို့အတွက်တော့အနည်းနဲ့အများတော့
လိမ်/ညာဘူးကြမှာပေါ့..။လိမ်တာနဲ့ညာတာဆိုတာအဓိပ္ပါယ်သူသလိုဖြစ်နေလို့
လူတွေက ရောချထားလိုက်ကြတာ..။ကျွန်တော်ကတော့လိမ်ချင်းနဲ့ညာချင်းကို
ကျွန်တော့်ကိုင်ပိုင်ခံစားချက်တစ်ခုရှိပါတယ်….။ကျွန်တော့်အတွက်ညာတယ်ဆိုတာ
လူတစ်ယောက်ကိုကိုမထိခိုက်မနစ်နာစေသောမုသားလို့ငါခံယူထားပြီး
လူတစ်ယောက်ကိုပျက်စီးစေလိုစိတ်နဲ့သုံးသောမုသားကိုတော့ကျွန်တော်ကလိမ်ချင်း
လို့သတ်မှတ်လိုက်ပါတယ်…။ ။ ဒါကတော့ကျွန်တော့ခံစားချက်ပါ တချားသူတွေနဲ့တူ
ချင်မှတူပါလိမ့်မယ်..။တူလဲတူနိုင်ပါတယ်…။ကျွန်တော်ရေးထားတဲ့post တွေကိုဖတ်မိတဲ့
သူတွေသိပါလိမ့်မယ်ကျွန်တော်ရေးတဲ့ စာ တွေဟာဦးတည်ချက်မဲ့သလိုဖြစ်နေပါလိမ့်မယ်
ဒါကိုကျွန်တော်ကစိတ်ကူးသက်သက်များ လို့နံမယ်တပ်လိုက်ရင်ကောင်းမလား?
ကျွန်တော်တို့ရပ်နေသောကမ္ဘာကြီးသည်၂၃ ဒီဂရီ စောင်းနေသည်ဆိုသော်လည်း ကျွန်တော်တို့ကတော့တည့်မတ်စွာရပ်တည်ရန်လိုအပ်သည်။
ဘာကြောင့်ဖြစ်ဖြစ်ကျွန်တော်တို့သည်ကိုယ့်ခံစားမှုကိုတော့ကိုလေးစားသင့်တယ်လို့
ကျွန်တော်ထင်တယ်…။စာရေးဆရာအကြည်တော်ရဲ့နေနတ်ကိုင်းဝတ္ထုပါကဗျာလေးတစ်
ပုဒ်နဲ့ကျွန်တော်ဒီpost လေးကိုအဆုံးသတ်လိုက်ပါရစေ။

အချိုမြိန်ဆုံးပျော်ရွှက်မှု
အရက်စက်ဆုံးသောကဗျာပါဒ
အချစ်ကိုအမုန်းနှင့်တုန့်ပြန်ခြင်း
မျက်၇ည်တို့ဖြင့်ဆေးကြောရုံနဲ့မသည့်မှုသား
အားလုံးကိုခါးစည်းခံရင်း
သေဆုံးခဲ့သောသစ်တစ်ပင်။
လောကထဲမျှော်လင့်ချက်ကင်းမဲ့စွာ
မကောင်းဆိုးဝါးတို့၏နက်မှောင်သောကျိန်စာ
သင့်ခဲ့..........။
ငရဲကဲ့သို့ပူလောင်သော
ကွေကွင်းရခြင်းက
နှလုံးသားမှအချစ်တို့ကိုလွှမ်းခြုံဖုံးလွှမ်း
ဖျောက်ဖျက်ပစ်ခဲ့ပြီ။
အို........သစ်ပင်
တမာန်တော်လိုဖြူစင်ခဲ့သောသင့်ခြေရင်းမှာ
ငါတို့၏မျက်ရေများနှင့်သွန်းလောင်းခွင့်ပြူပါ....။
အကြည်တော်


0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.